HOME

Thursday, June 14, 2012

ဆီးရီးယားနိုင်ငံ အကြမ်း ဖက်မှုတွင်အစိုးရ မပါဟု သမ္မတအာဆက် ငြင်းဆို..!

အစုလိုက်အပြုံလိုက် လူသတ်မှုတွင် ဆီးရီးယားအစိုးရ မပါဟု သမ္မတအာဆက် ငြင်းဆို


                                    ( သမ္မတ ဘာရှာအာဆက် (Bashar Assad )
ဆီးရီးယားနိုင်ငံတွင်အကြမ်းဖက်မှုကို၊ နိုင်ငံခြား သွေးထိုးလှုံ့ ဆော်သူများက သွေးထိုးလှုံဆော် ပေးခဲ့သည်
ဟူသော ၄င်း၏
အမှာ စကားကို ထပ်လောင်း ပြောဆိုရန် ငါးလအတွင်း ပထမဆုံး မိန့်ခွန်း ပြော၍ ဆီးရီးယား အစိုးရသည် ဟူလာ ကျေးရွာတွင် အစုလိုက်အပြုံလိုက် လူသတ်မှုကို လုပ် ဆောင်ခဲ့သည်ကို ငြင်းဆိုကြောင်း သမ္မတ ဘာရှာအာဆက် (Bashar Assad ) ကတနင်္ဂနွေနေ့က ထုတ် ဖော်ပြောဆိုသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်အရ မကြာမီက ရွေး ချယ် တင်မြှောက်ခဲ့သည့် ပါလီမန် ကို ပြောကြားရာတွင် ၄င်းတို့၏ရွေးကောက်ပွဲသည် ဆီးရီးယား နိုင်ငံတွင် ပြဿနာဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်၍ “တွန်းပို့”မှုတစ်ခုဖြစ်ကြောင်း၊ တိုင်း ပြည်က ရင်ဆိုင်နေရသောပြဿနာ များသည် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုမရှိခြင်းထက် ပို၍အကြမ်းဖက်မှု တွင် အမြစ်တွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အတိုက်အခံတို့နှင့် ဆွေးနွေးပွဲလုပ် ခြင်းကလည်းဖြစ်နိုင်ပါကြောင်းဖြင့်၊ ဥပဒေပြုသူများကို အာဆက်က ပြောခဲ့သည်။
မေလ ၂၅ ရက်နေ့က ဟူလာ ရွာတိုက်ခိုက်မှုတွင် ပြည်သူလူထု ၁၀၈ ဦးသေဆုံးခဲ့ပြီး ၄င်းအနက် ကလေးငယ် ၄၉ ဦး ပါဝင်သည်ဟု ဆိုသည်။ အများစုမှာ အနီးကပ် သေနတ်ပစ်ခံရခြင်း၊ ဓားနှင့်အထိုးခံ ရခြင်းတို့ဖြစ်သည်။ လုပ်ကြံသတ် ဖြတ်သူများမှာ အစိုးရကွပ်ကဲသည့် လက်နက်ကိုင် ပြည်သူ့စစ်တို့ဖြစ် ကြသည်ဟု အဆိုပါရွာသားများ က ဆိုသည်။
“ဒီအစုလိုက် အပြုံလိုက်လူ သတ်ပွဲဟာ မျက်မြင်သက်သေတွေရှိပါတယ်။ ဆီးရီးယားစစ်တပ်က ထောက်ပံ့ထားတဲ့ ပြည်သူ့စစ်တွေ ကသတ်သာပါ”ဟု ဟုမ်းဒေသရှိ ပြုပြင်ပြောင်းလဲရေးဝါဒီ ဆလင်း ကက်ဘာနီ(ှSalim Qabbani ) က ဆိုသည်။ မတ်လတွင် ဒမတ်ကတ်မြို့ က လက်ခံထားသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး စီမံကိန်းအချက် ၆ ချက်ကို အစိုးရက စတင် ပြဋ္ဌာန်း သင့်ကြောင်း၊ ပြီးခဲ့သည့် သီတင်း ပတ်က ဆီးရီးယားနိုင်ငံသို့အလည် အပတ်ရောက်ခဲ့သူ၊ ဆီးရီးယား နိုင်ငံဆိုင်ရာ၊ ကုလသမဂ္ဂနှင့် အာ ရပ်အဖွဲ့ချုပ် သံတမန်ဖြစ်သူ ကိုဖီ အာနန်က ဆိုသည်။ လူထုအုံကြွမှု စတင်စဉ်မှ စ၍ အနည်းဆုံး အရပ်သား ၁၀ဝ၀ဝ သေဆုံးခဲ့ကြကြောင်း၊ လုံခြုံရေး လုပ်ငန်းများလုပ်သူ ၂၆၀ဝ ကျော် သေဆုံးခဲ့သည်ဟု ဆီးရီးယား အစိုးရက ထုတ်ဖော်ကြောင်း ကုလ သမဂ္ဂ စာရင်းအင်းအရသိရသည်။

No comments:

Post a Comment