HOME

Wednesday, June 13, 2012

အီရန်နှုကလိယ စွမ်းအင်သုံး ရေငုပ် သင်္ဘော တည်ဆောက်ရန်ရှိ.....!

နှုကလိယ စွမ်းအင်သုံး ရေငုပ်သင်္ဘောများ မကြာတော့မည့် အချိန်တွင် အီရန် တည်ဆောက်မည်


                 
အီရန် ဒုတိယ ရေတပ် အကြီးအကဲ ဖြစ်သူ၏ အပြောအရ အစ္စလမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် နိုင်ငံ၏ ပထမဆုံး နှုကလိယ စွမ်းအင်သုံး
ရေငုပ် သင်္ဘောကို တည်ဆောက်ရန် အတွက် အရေးပါသည့် ပထမ အဆင့်ကို စတင်လိုက်ပြီ ဖြစ်သည်ဟု ထုတ်ပြန် ပြောကြားလိုက်သည်။
အင်္ဂါနေ့က Fars သတင်း အေဂျင်စီနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ရေတပ် စစ်ဗိုလ်ချုပ် Abbas Zamini မှ ပြောရာ၌ အီရန် ရေတပ်၏ နှုကလိယ လောင်စာသုံး ရေငုပ် သင်္ဘောများကို တည်ဆောက်ရန် အရေးမှာ မိမိတို့ အနေဖြင့် ငြိမ်ချမ်းစွာ အသုံးချနိုင်သည့် နှုကလိယ နည်းပညာကို အသုံးချနိုင်သည်နှင့် အညီ နှုကလိယ စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို တည်ဆောက်ခွင့် ရှိသင့်ကြောင်းကိုလည်း ပြောကြား သွားခဲ့သည်။ ထို့အပြင် တန်ချိန် ၁၈၇၅၀ လေးသည့် ရေငုပ်သင်္ဘောကို ဆောက်လုပ်ရန် အတွက် နာရီ ၁၂ သန်း ကြာမြင့်နိုင်ကာ လက်နက် ကိရိယာပေါင်း ၁ သန်း လိုအပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment