HOME

Saturday, August 3, 2013

ဆီးရီးယားအစိုးရတပ် မြောက်ပိုင်း သိမ်းယူရေး စစ်ရှိန်မြှင့်တိုက်ခိုက်......!

ဆီးရီးယားအစိုးရတပ် မြောက်ပိုင်း သိမ်းယူရေး စစ်ရှိန်မြှင့်တိုက်ခိုက်


ဓာတုလက်နက် သုံးစွဲသည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာစဉ်အတွင်း မှာပင် ဆီးရီးယားအစိုးရတပ်များသည် မြောက်ပိုင်းဒေသကို ပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်း
လျက်ခန်အယ်လ်အက်စ်ဆယ်လ်မြို့ပြင်ရှိ သူပုန်များ တပ်စွဲထားရာနေရာများကို ဇူ
လိုင်လ ၃၁ ရက်နေ့က တိုက်ခိုက်ခဲ့ကြကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ
ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်က အစိုးရ တပ်များကို အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီး လက်လွှတ်ခဲ့
ရသည့် အဆိုပါမြို့ကို ဇူလိုင်လ ၂၉ ရက်နေ့တွင် သူပုန်များက ပြန်လည်သိမ်းပိုက်ခဲ့သည်။
အစိုးရ တပ်သည် နှစ်ရက်ကြာ စစ်ပွဲအတွင်း စစ်သား ၁၅၀ ခန့်အသက်ဆုံးရှုံးခဲ့ရ သည်။ ယင်းစစ်
သားများအနက် စစ်သား ၅၀ မှာ သူပုန်များက မြို့ကို သိမ်းပိုက်ရာမှ ဖမ်းဆီးခြင်းခံခဲ့ရကာ ကွပ်မျက်
ခံခဲ့ကြရခြင်းဖြစ်သည်။
ဆီးရီးယားအစိုးရသည် အလက်ပိုဒေသ၏ အနောက်ပိုင်းနယ်မြေတစ်ဝက် တွင် နောက်ဆုံး လက်
လွှတ်ခဲ့ရသည့် အဆိုပါမြို့ကို ပြန်လည် သိမ်းပိုက် လိုလျက်ရှိသည်။ ယင်းမြို့မှာ မတ်လ ၁၉ ရက်
နေ့က လူ ၃၀ သေဆုံးခဲ့ရသော ဓာတု လက်နက်များဖြင့် တိုက်ခိုက်မှုတစ်ခုဟု အစိုးရနှင့် အတိုက်
အခံသူပုန် နှစ်ဖက်စလုံးက ပြောကြားခဲ့သည့် ဒေသတစ်ခု လည်းဖြစ်သည်။
ဆီးရီးယားအစိုးရက ဓာတုလက် နက်ဖြင့် တိုက်ခိုက်မှုသည် သူပုန်များ၏လက်ချက်ဖြစ်ကြောင်း
ပြောဆိုခဲ့ကာ ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ် သော ရုရှားနိုင်ငံကလည်း အထောက် အထား
ရှိကြောင်း အတည်ပြုခဲ့သည်။
အတိုက်အခံသူပုန်များက ယင်း တိုက်ခိုက်မှု၏နောက်ကွယ်တွင် သမ္မတ ဘတ်ရှား အယ်လ်အာ
ဆတ် ရှိနေပြီး အမေရိကန် ပြည်ထောင်စုကလည်း တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ သူပုန်များ တွင်
အထောက်အထားမျှမရှိဟု ဆိုပြန် သည်။
ဓာတုလက်နက်သုံးစွဲသည်ဆိုသော စွပ်စွဲချက်ပေါင်း ၁၃ ခုကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရန်စီမံ
ထားချက်အတွက် ဆီးရီးယားအစိုးရက ခန်အယ်လ်အက်စ်ဆယ်လ် မြို့ကိုသာ အဓိကထား၍
အတင်းဖိတိုက်ခိုက်လာခဲ့သည်။
(အေအက်ဖ်ပီ)

No comments:

Post a Comment