HOME

Saturday, August 24, 2013

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ....!

တင်းမာမှုများဖြစ်နေသည့်ကြားက အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထပ်မံကျင်းပလျက်ရှိ


အစ္စရေးအကျဉ်းထောင်တွင် ၂၁ နှစ်ကြာအကျဉ်းကျခံပြီးနောက် လွတ်မြောက်လာသည့် ပါလက်စတိုင်းတစ်ဦး မိခင်နှင့်ပြန်လည်ဆုံဆည်းစဉ်။ အေအက်ဖ်ပီ

- အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဩဂုတ် လ ၁၄ ရက်နေ့က
ဂျေရုဆလင်မြို့တွင် ထပ်မံကျင်းပခဲ့ရာ အစ္စရေးဘက်မှ တရားရေးဝန်ကြီး ဇစ်ပီလစ်ဗ်နီ၊ ဥပဒေ ရေး
ရာအကြံပေး ယစ်ဇ်ဟာ့ခ် မိုလ်ချိုနှင့် ပါလက်စတိုင်းဘက်မှ တွေ့ဆုံညှိနှိုင်း ရေးမှူး ဆေရာ့ဗ် အီရာ
ကတ်၊ ဖက်တာ ဗဟိုကော်မတီအဖွဲ့ဝင် မိုဟာမက် ရှတေရာတို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲမကျင်းပမီ ဩဂုတ်လ (၁၃) ရက်နေ့က ပါလက် စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေး
က ပြန်လွှတ်ပေးခဲ့သည်။ ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်
စတင်ရာ၌ အစ္စရေးက ဩဂုတ်လ ၁၁ ရက်နေ့တွင် အခြေချအိမ်ရာ ၁,၂၀၀ နီးပါး ထပ်ဆောက်ရန်
အတည်ပြုခဲ့ပြီး တစ်ဖက်တွင်လည်း ပါလက်စတိုင်း နှစ်ရှည်အကျဉ်းသား ၂၆ ဦးကို လွှတ်ပေးရန်
သဘောတူခဲ့ခြင်းက အစ္စရေးတို့အနေဖြင့် အခြေချအိမ်ရာ ဆောက် လုပ်မှုနှင့် အကျဉ်းသားလွှတ်
သည့် ကိစ္စအား ချိန်ဆလုပ်ဆောင်နေမှုကို မီးမောင်းထိုးပြနေသည်။
အစ္စရေး ဆောက်လုပ်ရေးဝန်ကြီး ယူရီအေရီယယ်လ်က တိုက်ခန်းပေါင်း ၁,၁၈၇ ခန်းဆောက်လုပ်
ရန် အတည်ပြုလိုက်ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့ က ကြေညာခဲ့သည်။ ယင်းတို့အထဲမှ ၈၀၀
ခန့်မှာ အရှေ့ဂျေရုဆလင်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ကျန်တိုက်ခန်း များမှာ ဂျော်ဒန်မြစ်အနောက်
ဘက်ကမ်း တွင် ဆောက်လုပ်မည်ဖြစ်သည်။ အမေရိကန်နိုင်ငံက ကမကထလုပ်ပေးသည့် ဆွေးနွေး
ပွဲများကို အကြောင်း ပြုပြီး အစ္စရေးတို့က အခြေချအိမ်ရာ များ ထပ်မံ ဆောက်လုပ်လာခြင်းကို ပါ
လက်စတိုင်းတို့က စိုးရိမ်ခဲ့သည်။
"အမေရိကန်နဲ့ နိုင်ငံတကာက ကြိုးစားထားတာတွေကို အစ္စရေးအစိုးရ က ပေါ်ပေါ်ထင်ထင် ဖျက်
ဆီးပစ်ဖို့ ကြိုးစားနေတာရှင်းပါတယ်။ အစ္စရေး က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကာအကွယ်
လုပ်ပြီး အိမ်ရာအသစ်တွေထပ်ပြီးတည်ဆောက်ဖို့ ဆက်လုပ် နေမှာပဲ" ဟု ပါလက်စတိုင်း ညှိနှိုင်း
သူ မိုဟာမက် ရှတေရာက ပြောကြားခဲ့ သည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ဖက် စလုံးက ဆိုးဆိုး
ရွားရွား မတုံ့ပြန်ကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းခဲ့သည်။
ပါလက်စတိုင်းတို့က ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် အစ္စရေးတို့ သိမ်းပိုက်ထားသည့်
နယ်မြေများ ဖြစ်သော အနောက်ဘက်ကမ်း၊ ဂါဇာ ကမ်းမြောင်ဒေသနှင့် အရှေ့ဂျေရုဆလင် တို့
တွင် နိုင်ငံတစ်နိုင်ငံ ထူထောင်လို သည်။ ၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးတို့က ၎င်းတို့သိမ်းပိုက်ထား
သည့် နယ်မြေများ တွင် အခြေချအိမ်ရာများ ဆောက်လုပ် လာရာ ယခုအခါ ဂျူးလူမျိုး ၅၆၀,၀၀၀
ခန့် နေထိုင်လျက်ရှိသည်။
လွန်ခဲ့သည့် ငါးနှစ်လုံးလုံး သံတမန် နည်းဖြင့် ဖြေရှင်းမှုများ ဆိုင်းငံ့နေခဲ့ခြင်း ၏ အဓိကအကြောင်း
ရင်းမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တရားမ၀င်ဟု သတ် မှတ်ထားသည့် ဂျူးအခြေချအိမ်ရာများ
ဆောက်လုပ်မှုများကြောင့် ဖြစ်သည်။ အစ္စရေးဘက်က အိမ်ရာဆောက်လုပ် မှုများ ရပ်တန့်မှသာ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုပြန်စမည်ဟု ပါလက် စတိုင်းသမ္မတ မာမွတ်အက်ဘတ်စ်က ယခင်
က အခိုင်အမာ ပြောကြားခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ယာဟုကလည်း ထိုကိစ္စကို
ငြင်းပယ် ခဲ့သည်။
နောက်ဆုံးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ စေ့စပ်မှုဖြင့် အက်ဘတ်စ်က ဆွေး
နွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။ အတုံ့အလှယ်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၁၀၄ ဦး
ကို အစ္စရေး ဘက်က လွှတ်ပေးရန် သဘောတူညီမှု ရရှိခဲ့သည်။ သို့သော်လည်း နှစ်ဖက်ငြိမ်းချမ်း
ရေး ဆွေးနွေးမှုများအတွင်း တိုးတက်မှုပေါ်မူတည်၍ အစ္စရေးဘက် က အကျဉ်းသားများကို လေး
ဆင့်ခွဲ၍ လွှတ်ပေးမည်ဖြစ်ပြီး ပထမဆုံးအဆင့် အဖြစ် အကျဉ်းသား ၂၆ ဦးကို ဩဂုတ် လ ၁၃ ရက်
နေ့က လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အကျဉ်းသား အများစုမှာ အနှစ် ၂၀ ကျော်ကြာ အကျဉ်းကျခံပြီး သူများဖြစ်သည်။ ၎င်းတို့ထဲမှ ၁၄
ဦးကို ဂါဇာ ကမ်းမြောင်ဒေသသို့ လွှဲပြောင်းပေး မည်ဖြစ်ကာ အခြား ၁၂ ဦးကို အနောက် ဘက်ကမ်း
သို့ လွှဲအပ်မည်ဖြစ်သည်။ အကျဉ်းသားအများအပြားမှာ အစ္စရေး ကိုတိုက်ခိုက်ခဲ့မှုဖြင့် ပြစ်ဒဏ်ကျခံ
နေရခြင်းဖြစ်သည်။

No comments:

Post a Comment