HOME

Monday, November 25, 2013

နျူကလီယားအရေးစာချုပ် အီရန်ခေါင်းဆောင်တွေ ကြိုဆို ...!

နျူကလီယားအရေးစာချုပ် အီရန်ခေါင်းဆောင်တွေ ကြိုဆို 


နိုင်ငံခြားရေးဝန်ကြီးများဖြစ်သော Wang Yi (တရုတ်)၊ John Kerry (အမေရိကန်)၊ Laurent Fabius (ပြင်သစ်)၊Sergei Lavrov (ရုရှား) Catherine Ashton (အီးယူနိုင်ငံခြားရေးရာ) နဲ့ Mohammad Javad Zarif (အီရန်) (ဝဲမှယာ)

by ဗွီအိုအေ (မြန်မာဌာန)

ရန် နျူကလီးယားအရေးနဲ့ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အထင်ကရ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အပေါ်မှာ အီရန်ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အီရန်ရဲ့ နျူကလီယား အနုမြူစွမ်းအင်ပိုင်ဆိုင်ခွင့်ကို အသိအမှတ် ပြုမှု၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ အဆုံးသတ်နိုင်မယ့် အစပျိုးလုပ်ဆောင်ချက်ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

Wednesday, November 20, 2013

အီရန်ပိတ်ဆို့မှုအသစ် အမေရိကန်ချမှတ်မည်မဟုတ်.....!

နျူကလီးယားအရေး ဆွေးနွေးစဉ် အီရန်ပိတ်ဆို့မှုအသစ် အမေရိကန်ချမှတ်မည်မဟုတ် 




by ဗွီအိုအေ (မြန်မာပိုင်း)

အီရန်နျူကလီးယားအစီအစဉ် အဆုံးသတ်ဖို့ နိုင်ငံတကာ ညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း အီရန်ပေါ် နောက်ထပ် စီးပွားရေး ဒဏ်ခတ်မှုတွေလုပ်ဖို့ Congress လွှတ်တော်မှာ မဲခွဲမှာ မဟုတ်ဘူးလို့ အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တယောက်က ပြော လိုက်ပါတယ်။

လက်ဘနွန် အီရန်သံရုံး ဗုံးခွဲတိုက်ခိုက်ခံရ ...!

လက်ဘနွန် အီရန်သံရုံး ဗုံးခွဲတိုက်ခိုက်ခံရ 




by ဗွီအိုအေ (မြန်မာပိုင်း)

လက်ဘနွန်နိုင်ငံက အီရန်သံရုံးနားမှာ ဒီနေ့ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့ပြီး လူပေါင်းအနည်းဆုံး ၂၃ ဦး သေဆုံးသွားရာမှာ အီရန်ယဉ်ကျေးမှုဆိုင်ရာ သံအရာရှိတစ်ဦးလည်း ပါသွားခဲ့ပါတယ်။

Monday, November 18, 2013

အီရန်နျူအစီအစဉ် မစွန့်လွှတ်ရင် ပြင်သစ် အရေးယူမှု ဆက်ထားမည် ...!

အီရန်နျူအစီအစဉ် မစွန့်လွှတ်ရင် ပြင်သစ် အရေးယူမှု ဆက်ထားမည် 


ပြင်သစ်သမ္မတ Francois Hollande (ဝဲ) အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့အား Ben Gurion လေဆိပ်တွင် တွေ့ရစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၃)

by ဗွီအိုအေ (မြန်မာဌာန)

 သံသယရှိနေကြတဲ့ နျူကလီယားလက်နက်အစီအစဉ်တွေကို အီရန်နိုင်ငံက စွန့်လွှတ်တယ်ဆိုတာသေချာတဲ့အချိန်ထိ ပြင်သစ်အစိုးရက အီရန်အပေါ် ပိတ်ဆို့မှုတွေနဲ့ ဖိအားတွေကို ဆက်ပြီးထိန်းထားမယ်လို့ ပြင်သစ်သမ္မတ Francois Hollande ကပြောဆိုလိုက်ပါတယ်။

Friday, November 15, 2013

ပါလက်စတိုင်းအဖွဲ့ စေ့စပ်ညှိနှိုင်းမှုက နှုတ်ထွက် ...!

ပါလက်စတိုင်းအဖွဲ့ စေ့စပ်ညှိနှိုင်းမှုက နှုတ်ထွက် 


ပါလက်စတိုင်း အကြီးအကဲ စေ့စပ်ညှိနှိုင်းရေးမှူး Saeb Erekat က Reuters သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖြေကြားနေစဉ်။

by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ်-ပါလက်စတိုင်း ငြိမ်းချမ်းဆွေးနွေးပွဲတွေကနေ ပါလက်စတိုင်းညှိနှိုင်းရေးအဖွဲ့ နောက်ဆုတ် ထွက်ခွာသွားတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နောက်ထပ် ကြီးမားတဲ့ အခက်အခဲ ဖြစ်လာမယ့်ပုံ ရှိပါတယ်။

Saturday, November 9, 2013

ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ် အဆိပ်ကြောင့် သေဆုံးခဲ့ ...!

ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ် အဆိပ်ကြောင့် သေဆုံးခဲ့ 

ကွယ်လွန်သူ ပါလက်စတိုင်းခေါင်းဆောင်  Yasser Arafat




by ဗွီအိုအေ (မြန်မာပိုင်း)

လွန်ခဲ့တဲ့ ကိုးနှစ်ကျော်က ကွယ်လွန်သူ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat သေဆုံးမှုဟာ ရေဒီယိုသတ္တိကြွ polonium အဆိပ်ထိုးပြီး အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီလောက် အဆိပ်ပဏမမြင့်မားမှုဆိုတာ မတော်တဆဖြစ်စရာ မရှိဘူးလို့ ဆွစ်ဆလန်က မူခင်းသိပံ္ပစစ်ဆေးရေးမှူး
က အတည်ပြုပြောဆိုလိုက်ပါတယ်။ မစ္စတာ Arafat ရဲ့ ကြွင်းကျန်တဲ့ အလောင်း၊ ပဲရစ်ဆေးရုံမှာ သူမသေခင် ရက်တွေမှာ ဝတ်ဆင်ခဲ့တဲ့ သူ့အောက်ခံဝတ်အစားတွေနဲ့ သူနဲ့အတူရှိနေခဲ့တဲ့ ခရီးဆောင်အိတ်ကို ဓာတ်ခွဲခန်းမှူးက စစ်ဆေးကြည့်တဲ့အခါ ရေဒီယို သတ္တိကြွဓာတ်တွေဟာ ရှိသင့်တဲ့ ပဏမထက် များနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေး ကယ်ရီ ကြိုးပမ်း.....!

အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေး ကယ်ရီ ကြိုးပမ်း



ဂျေရုဆလင် - အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီသည် ငြိမ်းချမ်း ရေး
လုပ်ငန်းစဉ်ကို ပြိုလဲမည့်အရေးမှ ထိန်းသိမ်းရန် ကြိုးစားမည့် အစ္စရေးနှင့် ပါလက်စတိုင်း
ခေါင်းဆောင်များနျင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ကာလကြာ
မြင့်စွာ လိပ်ခဲတည်းလည်း ဖြစ်နေရသည့်သဘောတူညီမှုတစ်ခုကို ရရှိရေးအတွက် တိုက်တွန်း
ထားသည်။

Thursday, November 7, 2013

ပါလက်စတိုင်းခေါင်းဆောင်အဆိပ်ခတ်ခံရ....!

ပါလက်စတုိင်းေခါင်းေဆာင် အဆိပ်ခတ်ခံရြပီး ေသဆုံးခဲ့ဟု ဇနီးြဖစ်သူေြပာ


Photo by Reuters


Published on November 7, 2013 by ဒီဗွီဘီ   ·   No Comments

ပါလက်စတိုင်းေခါင်းေဆာင် ယာဆာအာရာဖတ်ဟာ ၂၀၀၄ ခုနှစ်မှာ ေရဒီယို သတ္တိြကွ ပိုလိုနီယမ် အဆိပ်ခပ်ခံရြပီး ေသဆံုးခဲ့တာလုိ့့ ဆွစ်ဇာလန်နိုင်ငံက ေသမှု ေသခင်း စစ်ေဆးချက်ေတွကို ကိုးကားြပီး အာရာဖတ်ရဲ့ ဇနီးသည် ဆူဟာက နို၀င်ဘာ ၆ ရက်က ထုတ်ေဖာ်ေြပာြကားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆောင်ရွက်မှု ၀န်ကြီး Kerry လက်လျှော့မည်မဟုတ် ...!

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆောင်ရွက်မှု ၀န်ကြီး Kerry လက်လျှော့မည်မဟုတ် 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

by ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ အစ္စရေးလ်နဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဖြစ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်တော့မှ အားလျှော့သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
 

အီရန်၏စိတ်ကူးယဉ်.......

Iran State TV Presents: Missiles on Tel Aviv, Dimona




As new round of talks on its nuclear program begin in Geneva, Iran airs threatening simulation
of attacks on Ben Gurion Airport, key sites.
Gil Ronen

Tuesday, November 5, 2013

အမေရိကန်-ဆော်ဒီ ဆက်ဆံရေးခိုင်မာ ...!

အမေရိကန်-ဆော်ဒီ ဆက်ဆံရေးခိုင်မာ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Saud al-Faisal, in  (နိုဝင်ဘာ ၄၊ ၂၀၁၃)



by ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့် ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။

အီဂျစ်သမ္မတဟောင်း မော်စီ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး ...!

အီဂျစ်သမ္မတဟောင်း မော်စီ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး 



ရာထူးကဖြုတ်ချခံထားရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးချိန်မှာ အမှုတွဲများနဲ့အတူ တွေ့ရစဉ်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)



by ဗွီအိုအေ (မြန်မာဌာန)

ရာထူးကနေ အဖယ်ရှားခံခဲ့ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi က တနင်္လာနေ့မှာ သူ့အမှုကိုစပြီး ရုံးတင်စစ်ဆေးတာကို ကန့်ကွက်လိုက်ပြီး သူဟာ အခုထိ အီဂျစ်နိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ရှိနေဆဲပဲလို့ ပြောကြားလိုက်ပါတယ်။

အီရန် ဘာသာရေး ခေါင်းဆောင် နျူကလီယား ညှိနှိုင်းပွဲ ထောက်ခံ ...!

အီရန် ဘာသာရေး ခေါင်းဆောင် နျူကလီယား ညှိနှိုင်းပွဲ ထောက်ခံ 


အီရန်သမ္မတ Hassan Rouhani





by ဗွီအိုအေ (မြန်မာဌာန)

အီရန် သမ္မတသစ် Hassan Rouhani အနေနဲ့ အီရန်နျူကလီယား အစီအစဉ်နဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်တဲ့ အပေါ်မှာ အီရန်နိုင်ငံရဲ့ နိုင်ငံအကြီးအကဲကနေ ထောက်ခံမှုပေးလိုက်ပါတယ်။

Sunday, November 3, 2013

အီဂျစ်မဟာမိတ်အဖြစ် အမေရိကန် ဆက်လက်ရပ်တည် ...!

အီဂျစ်မဟာမိတ်အဖြစ် အမေရိကန် ဆက်လက်ရပ်တည် 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry- အီဂျစ်ကြားဖြတ် အစိုးရသမ္မတ Adli Mansour နှင့် ကိုင်ရိုမြို့မှာ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၃)



by ဗွီအိုအေ (မြန်မာဌာန)

အီဂျစ်နိုင်ငံမှာ သမ္မတကို စစ်အာဏာသိမ်းဖြုတ်ချခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် က ပေးနေတဲ့ စစ်ရေးအထောက်အပံ့ တချို့ကို ရပ်ဆိုင်းထားပေမယ့် အမေရိကန် ပြည်ထောင်စုဟာ အီဂျစ်နိုင်ငံရဲ့ မိတ်ဆွေကောင်း လက်တွဲဖော်ကောင်းအဖြစ် ဆက်ရှိနေမှာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

Friday, November 1, 2013

ဓာတုလက်နက်ထုတ် ကိရိယာ ဆီးရီးယား ဖျက်ဆီး ...!

ဓာတုလက်နက်ထုတ် ကိရိယာ ဆီးရီးယား ဖျက်ဆီး 



ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်များစစ်ဆေးနေစဉ်။




by ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားနိုင်ငံဟာ ဓါတုလက်နက်လုပ်ရာမှာသုံးတဲ့ ပစ္စည်းကိရိယာ အားလုံးကို သတ်မှတ်ရက်အတိုင်းဖျက်သိမ်းနိုင်ခဲ့တယ်လို့  ဆီးရီးယား ဓါတုလက်နက် ဖျက်သိမ်းရေးအတွက် ကြီးကြပ်တဲ့ နိုင်ငံတကာအဖွဲ့  OPCW ကပြောကြား လိုက်ပါတယ်။ ဆီးရီးယား အစိုးရတင်ပြခဲ့တဲ့ လက်နက်စက်ရုံတွေက ဓါတုလက်နက် ထုတ်ရာမှာသုံးတဲ့ ကိရိယာအားလုံးဟာ အသုံးပြုလို့ မရတော့ကြောင်း စစ်ဆေးရေးအရာရှိတွေက အတည်ပြုပေးခဲ့တယ်လို့  OPCW က ကြာသပတေးနေ့မှာ ကြေညာပါတယ်။