အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၅ ဦးသေဆုံး
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ မတ်လ ၂၈ ရက်နေ့က စစ်တပ်အကြီးအကဲဟောင်း အက်ဒယ် ဖက်တာ အယ်စီစီ သမ္မတအရွေးခံမှာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။သမ္မတဟောင်းမောစီကို ထောက်ခံသူတွေဟာ ကိုင်ရိုမြို့အပြင် အလက်ဇန်ဒယားမြို့နဲ့ တခြားမြို့ကြီးတွေမှာပါ လုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ ကိုင်ရိုမြို့ သေဆုံးသူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးသတင်းထောက်တဦးလည်း ပါဝင်ခဲ့ပါတယ်။