ဂါဇာ ကမ်းမြောင် ဒေသရှိ နယ်စပ်ဖြတ်ကျော် ဂိတ် ဖြစ်သည့် Erez တွင် ရာပေါင်းများစွာသော ပါလက်စတိုင်း ဆန္ဒပြသူများမှာ အဆိုပါ ဂိတ်ဘက်သို့
ရွေ့လျား လာနေသဖြင့် အစ္စရေး စစ်သည်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ မီဒီယာ သတင်းများ၏ အပြောကို ဇင်ဝှာ သတင်း ဌာနမှ ကိုးကား ဖော်ပြသည်။ ယခုလို ဖြစ်ရပ်အတွက် ပြည်သူများ ထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်ပြီး သတင်း ရရှိခြင်း မရှိသေးကြောင်းလည်း သိရကာ အစ္စရေး စစ်တပ်မှလည်း အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးကြောင်း xinhua သတင်းတွင် ရေးသားခဲ့သည်။
source: xinhuanews

No comments:
Post a Comment