HOME

Saturday, May 26, 2012

ရုရှား, တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်..!

ရုရှားနိုင်ငံမှ တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့




ရုရှားနိုင်ငံဟာ တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည်ကို Arkhangelsk ဒေသမှ Plesetsk  အာကာသ စင်တာကနေ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒေသစံတော်ချိန်နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ ရှုရှားမဟာ ဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့က စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး စမ်းသပ်ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း
ရုရှားကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောခွင့်ရ ပုဂ်္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အဆိုပါ တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်အသစ်ကို စမ်းသပ်ပစ်ခတ်တာဟာ ရုရှားမဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့ရဲ့ စွမ်းရည်ကို တောင့်တင်းစေဖို့ ဖြစ်ပြီး အဲဒီဒုံးကျည်ဟာ ဒုံးခွင်းဒုံးစနစ်တွေကို ကျော်ဖြတ်နိုင်စွမ်း ရှိတယ်လို့ သိရပါ တယ်။ ဒါ့အပြင့် ရုရှားနိုင်ငံ နေတိုးတပ်ဖွဲ့က ဥရောပအရှေ့ပိုင်းရှိ ဒုံးခွင်းဒုံးစနစ် တစ်ခုကို စတင်အသက် သွင်းခဲ့ပြီး ရက်အနည်းငယ်အကြာမှာ အခုလိုတိုက်ချင်း ပစ်ပဲ့ထိန်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်တာ ဖြစ်ပါတယ်။ ရုရှားအစိုးရဟာ အမေရိကန် ဦးဆောင်တဲ့နေတိုး တပ်ဖွဲ့ဝင်နိုင်ငံတွေရဲ့ ဥရောပ ဒေသများအတွင်း ဒုံးခွင်းဒုံးစနစ်တွေ တပ်ဖြန့်ထားရှိမှုကို အပြင်းအထန် ကန့်ကွက်လျက်ရှိပြီး အဲဒီ ဒုံးခွင်းဒုံးစနစ်တွေဟာ ရုရှားနိုင်ငံအတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း အာမခံချက်ရရှိဖို့ လိုလားလျက်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment