HOME

Saturday, May 26, 2012

ဆိုဗီယက် လောင်းရိပ်အောက်က ခေတ်သစ်ရုရှား ...

















၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်။ နေရာက    ပိုလန်နယ်စပ်အနီး တစ်ခုသော တောအုပ်ကြီးအတွင်းမှ တောလိုက်စဉ်မှာ ခေတ္တအပန်းဖြေ နားနေဖို့အတွက် ဆောက်လုပ်ထားတဲ့ တဲအိမ်ကလေး တစ်လုံး။ ဒီတဲအိမ် ကလေးထဲမှာ ပုန်းလျှိုးကွယ်လျှိုး ပြု လုပ်ခဲ့ကြတဲ့ စည်းဝေးပွဲကို တက် ရောက်လာခဲ့ကြသူတွေကတော့ Boris Yeltsim နဲ့ သူ့ရဲ့ အကြံပေး ပုဂ္ဂိုလ် Gennadi Burbulis အပါအဝင် ရုရှား၊ ယူကရိန်းနဲ့ ဘီလာရုစ်တို့မှ ခေါင်းဆောင်များ စုစုပေါင်းခြောက် ဦး။ ဆွေးနွေးကြတဲ့ ကိစ္စကတော့ ဆိုဗီယက်ယူနီယံ Soviet Union မှ ခွဲထွက်ကြရေးဖြစ်တယ်။ ဆွေးနွေးပွဲ အပြီးမှာ Belavezha Accords လို့ ထင်ရှားကျော်ကြားတဲ့ သဘောတူညီ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ကြတယ်။
ပြီးတော့ ကော့ညက် - Cognac အရက်ခွက်ကို ကိုယ်စီကိုင် မြှောက်ရင်း ဆိုဗီယက်ယူနီယံကြီး အတွက် ဆုမွန်ကောင်းတောင်းလိုက် ကြပါသေးတယ်။ တကယ်တော့ အဲဒီနေ့ရက်ဟာ ဆိုဗီယက်ယူနီယံကို ဖျက်သိမ်းလိုက်တဲ့ နေ့ရက်ပါပဲ။ သဘောတူညီချက်ကို လက် မှတ်ရေးထိုးအပြီးမှာ Boris Yeltsin က အမေရိကန် သမ္မတ George H.W Bush (၄၃ ဦးမြောက် အမေရိ ကန်သမ္မတ ဂျော့ဘုရှ်ရဲ့ ဖခင်) ဆီ ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ ပြီးတော့မှ ဆိုဗီယက်ယူနီယံရဲ့ သမ္မတ ဖြစ်တဲ့ Mikhail Gorbachev ဆီ အစီ ရင်ခံလိုက်တယ်။ အဲဒီနောက် ရက် သတ္တပတ် အနည်းငယ်အတွင်းမှာ ဆိုဗီယက်ယူနီယံ ဖျက်သိမ်းမှုကို တရားဝင် အတည်ပြုလိုက်ကြတယ်။ ဂေါ်ဘာချော့ဗ်က သူ့ရဲ့ အာဏာကို ဘောရစ်ယဲ့လ်ဆင်ဆီ လွှဲပြောင်းပေး အပ်လိုက်တယ်။ ဆိုဗီယက်ယူနီယံဟာ ဆိုင်း မဆင့် ဗုံမဆင့် ခေတ်သစ်ကြီး တစ် ခုထဲကို ချက်ချင်းရောက်သွားတော့ တယ်။ အမေရိကန် သမ္မတကြီးက ရုပ်သံမှတစ်ဆင့် ဒီမိုကရေစီနဲ့ လွတ် လပ်မှုအောင်ပွဲခံတဲ့နေ့ပဲ လို့ ကမ္ဘာကို ကြေညာလိုက်တယ်။ လူတကာကလဲ ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ ကြတယ်။ ဒါပေမယ့်ဒီမိုကရေစီနဲ့ လွတ် လပ်မှုအောင်ပွဲဟာ သိပ်ပြီး ကြာရှည် မခံလိုက်ဘူး။ အမေရိကန် နိုင်ငံမှ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး ပညာရှင်တွေရဲ့ အားပေးအားမြှောက် လုပ်မှုနဲ့ သွေးထိုးမှုကြောင့် ရုရှား ပြုပြင်ရေး လိုလားသူတွေက နိုင်ငံပိုင် အဆောက်အအုံတွေနဲ့ လုပ်ငန်းတွေ ကို ဈေးပေါပေါနဲ့ ထုခွဲရောင်းချပစ် ခဲ့ကြတယ်။ ရုရှားအလုပ်သမား သန်း နဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်သွားကြ တယ်။ စီးပွားရေး ကမောက်ကမ ဖြစ် သွားတယ်။ ကုန်ဈေးနှုန်းတွေ ခေါင် ခိုက်အောင် မြင့်တက်လာပြီး ငွေ ဖောင်းပွမှု အကြီးအကျယ် ဖြစ်လာ တယ်။ တိုင်းသူပြည်သားတွေရဲ့ စု ဆောင်းငွေ- Savings တွေ တန်ဖိုး မရှိသလောက်ဖြစ်သွားတယ်။ အပြည် ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့ International Monetary Fund- IMF ရဲ့ အဆိုအရ ရုရှားရဲ့ စုစုပေါင်းပြည် တွင်းထွက်ကုန်- Gross Domestic Product GDP ဟာ ၁၉၉၁ ခုနှစ်မှာ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ၁၉၉၂ ခုနှစ်မှာ ၁၉ ရာခိုင်နှုန်းအထိ ကျဆင်း သွားခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်မှာ ၁၂ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။ ရုရှားရဲ့ စီးပွား ရေးကျဆင်းမှုဟာ တကယ်တော့ အထိန်းအကွပ်မရှိဘဲ ဒလဟော ကျ ဆင်းသွားခြင်း ဖြစ်တယ်။ စီးပွားရေး ချုံးချုံးကျသွားတော့ နိုင်ငံရေးနယ်ပယ်ကိုလဲ ဂယက်ရိုက် လာတယ်။ ၁၉၉၃ ခုနှစ်မှာ လွတ်လပ် တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ပါလီမန် Duma မှာ ကွန်မြူနစ်တွေ ၊ အမျိုးသားရေးဝါဒီတွေ အမြောက် အမြား ပါဝင်လာခဲ့ကြပြီး ယဲ့လ်ဆင် ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကာ စစ် ကြေညာလာခဲ့ကြတော့တယ်။ သူ့ရဲ့ မူဝါဒတွေကို နောက်ပြန်ဆုတ်ဖို့ တောင်းဆိုကြတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေး စနစ်ကို နောက်ပြန်ဆုတ်လို့ မရတော့ ဘူး။ ဒီတော့ ယဲ့လ်ဆင်ကို ပါလီ မန်မှာ စွဲချက်တင် ဖြုတ်ချဖို့ Impeachment လုပ်ဖို့ ကြိုးပမ်းလာ ကြတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ ကြဘူး။ ပစ်တာ ခတ်တာတွေတောင် ဖြစ်ခဲ့ကြသေးတယ်။ ရုရှားပြည်သူ အတော်များများ ဒီမိုကရေစီ အပေါ် အယုံအကြည်နည်းသွားကြတယ်။ ဆိုဗီယက်လွန်ခေတ်ရဲ့ အစော ပိုင်းနှစ်တွေမှာတော့ လွတ်လပ်မှုရဲ့ အရသာကို မြည်းခွင့်တော့ ရလိုက်ကြ ပါသေးတယ်။ လွတ်လွတ်လပ်လပ် ဘယ်နေရာသွားသွား၊သွားလို့ရတယ်။ ဖတ်ချင်တဲ့ စာအုပ်ဖတ်လို့ရတယ်။ ဘယ်သူ့ကို ဆန္ဒမဲပေးမလဲ ပေးလို့ရ တယ်။ ဒါပေမယ့် ရုရှားပြည်သူတွေ က မင်းမဲ့စရိုက်ဆန်လာမှုကို ထိန်း သိမ်းဟန့်တားခြင်း မပြုနိုင်ခဲ့ကြဘူး။ ဒီမိုကရေစီ အကူးအပြောင်း ကာလ ၁၉၉ဝ နှစ်များဟာ ရုရှား အတွက် နာကြည်းမှုတွေနဲ့ ပြည့်နှက် နေခဲ့တယ်။ ပိုဆိုးတာက အနောက် နိုင်ငံတွေက အရေးတကြီး လိုအပ် နေချိန်မှာ ရုရှားကို စွန့်ပစ်ထားခဲ့တယ် လို့ ရုရှားက ခံစားသွားခဲ့တယ်။ အမေရိကန် ဦးဆောင်တဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ မအောင် မမြင်ဖြစ်လာတော့ အမေရိကန်အပေါ် သံသယမျက်စိနဲ့ ကြည့်လာကြတယ်။ ရုရှားနိုင်ငံ ပြိုပျက်သွားအောင်များ အမေရိကန်တို့က လုပ်ဆောင်နေသ လားဆိုပြီးတော့ပေါ့။ အချို့ကလဲ အမေရိကန်နိုင်ငံဟာ ရုရှားနိုင်ငံထက် ရေနံ အလျှံအပယ်ပြေါ<ွကယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသက ခွဲထွက် နိုင်ငံတွေအပေါ် ပိုပြီးစိတ်ဝင်စား တယ်လို့ ယူဆကြတယ်။ အဲဒီ ၁၉၉ဝ နှစ်များကာလကို ဖော်ညွှန်းတဲ့ Bardak ဆိုတဲ့ ရုရှား ဘာသာစကားလုံးတစ်လုံး ရုရှားမှာ ခေတ်စားခဲ့ပါသေးတယ်။ အဓိပ္ပာယ် ကသပွတ်အူလိုက်ခြင်းပါတဲ့။ နိုင်ငံ ရေးနယ်ပယ်မှာလဲ သပွတ်အူလိုက်၊ စီးပွားရေးနယ်ပယ်မှာလဲ သပွတ်အူ လိုက်နဲ့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားတဲ့ ဆယ်စုနှစ် တစ်ခုပါပဲ။ ၁၉၉၈ ခုနှစ် မှာ ဆိုရင် ရုရှားနိုင်ငံဟာ နိုင်ငံခြားြေ<ွကးမြီတွေပြန်မဆပ်နိုင်လို့ ဒေဝါလီ တောင် ခံလိုက်ရသေးတယ်။ ပူတင်ခေတ် ရုရှားသမ္မတ ယဲ့လ်ဆင် မကျန်း မမာဖြစ်လာတော့ ဗလာဒီမြာပူတင် Vladimir Putin ကို အာဏာလွှဲ ပြောင်းပေးခဲ့တယ်။ ဒီတော့ ပူတင် ဟာ ၁၉၉၉ ခုနှစ်မှာ ခေတ္တယာယီ သမ္မတ ဖြစ်လာခဲ့တယ်။ ရွေးကောက် ပွဲမှာ အနိုင်ရပြီး နောက် ၂ဝဝဝ ပြည့် နှစ်မှာ တင်းပြည့်ကျပ်ပြည့် ရုရှား သမ္မတဖြစ်လာပါတော့တယ်။ အဲဒီတုန်းက သမ္မတ ပူတင်ဟာ အသက် ၅ဝ အရွယ်လောက်ပဲ ရှိဦး မယ်။ ဆိုဗီယက် ထောက်လှမ်းရေး အဖွဲ့ KGB ဝန်ထမ်းတစ်ဦးဖြစ်ခဲ့တဲ့ အပြင် သူကိုယ်တိုင်ကလဲ ဂျူဒိုတို့၊ ကရာတေးတို့လို ကိုယ်ခံပညာ လေ့လာ လိုက်စားသူဆိုတော့ ပူတင် ဟာ သွက်သွက်လက်လက် ရှိတယ်။ ဆိုဗီယက်ယူနီယံ ပြိုလဲသွားပြီးနောက် ပြိုပျက်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အဆောက်အအုံကို ပူတင်က ပြန် လည်တည်ဆောက်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ၂ဝဝ၄ ခုနှစ် ရွေး ကောက်ပွဲမှာလဲ ပူတင်ပဲ အနိုင်ရပြီး ဒုတိယအကြိမ် သမ္မတဖြစ်လာခဲ့ တယ်။ ရုရှားစီးပွားရေးက ဆက် လက်ရှင်သန်တိုးတက်လာတော့ ပူတင်ကို လူကြိုက်များလာတယ်။ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတရာထူးမှာ ဆက်တိုက် သုံးကြိမ်တာဝန်ထမ်းဆောင်တာကို တားမြစ်ထားတဲ့အတွက် ပူတင်ဟာ သမ္မတ ရာထူးမှ ဆင်းပေးခဲ့ပြီး Dmitri Medvedev ကိုသမ္မတ တင် ကာ သူကတော့ ဝန်ကြီးချုပ်နေရာ မှာတာဝန်ယူလုပ်ကိုင်ခဲ့တယ်။ ပူတင်ရဲ့ခေတ်ဟာ သူ အရင်က ကြုံတွေ့ခဲ့ရတဲ့ ခေတ်နဲ့ အင်မတန် ကွာခြားတယ်။ သူ့ရဲ့ ဂုဏ်သတင်း ကျော်ကြားမှုဟာ အချက်နှစ်ချက် အပေါ်မှာ မူတည်တယ်။ တစ်ချက် ကတော့ စီးပွားရေးတိုးတက်လာ တယ်။ Bric လို့ခေါ်ကြတဲ့ ဘရာ ဇီး Brazil, ရုရှား Russia, အိန္ဒိယ India, တရုတ် China ထွန်းသစ်စ နိုင်ငံတွေထဲမှာ တစ်နိုင်ငံအဖြစ် ပါ ဝင်လာနိုင်ခဲ့တယ်။ သူ့ရဲ့သမ္မတ သက်တမ်းနှစ်ကြိမ် ကာလအတွင်းမှာ ရုရှားအလုပ် သမားတွေရဲ့လုပ်ခ Wages ဟာ ရှစ် ဆနီးပါး မြင့်တက်သွားတယ်။ တိုင်း ပြည်စီးပွားရေးလဲ နှစ်ဆတိုးတက် သွားတယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲ သွားပြီးနောက် ဗရုတ်ဗရက်ဖြစ်ခဲ့ရတဲ့ စီးပွားရေးအခြေအနေနဲ့ နှိုင်းယှဉ်ရင် သိပ်ပြီးခြားနားသွားတာကို တွေ့ မြင်ရနိုင်တယ်။ အဲဒီအချိန်တုန်းက အလုပ်သမားတွေ အမြောက်အမြား အလုပ်ပြုတ်သွားကြတဲ့အပြင် အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်တွေနဲ့ အစိုး ရ ဝန်ထမ်းတွေ လုပ်ခလစာ မှန်မှန် မရကြရှာဘူး။ သိပ္ပံပညာရှင်ကြီးတွေ တောင် ငတ်တစ်လှည့် ပြတ်တစ်လှည့် နဲ့ ဖြစ်သလို နေထိုင်ကြရတဲ့ အချိန်။ ပူတင် သမ္မတဖြစ်လာပြီးနောက် ပိုင်းမှာ အရင်က မပေးဖြစ်ခဲ့တဲ့ လုပ်ခ လစာနဲ့ ပင်စင်အြေ<ွကးတွေ ကို တစ်ပြားမကျန် ပြန်ပေးခဲ့တယ်။ အလုပ်သမားတွေနဲ့ အစိုးရဝန်ထမ်း တွေ ပူတင်ကို ကျေးဇူးတင်မဆုံးဖြစ် ခဲ့ကြရတယ်။ ပူတင်ရဲ့ ဂုဏ်သတင်း ကျော်ကြားသွားစေတဲ့ နောက်အချက် တစ်ချက်ကတော့ Chechnya စစ်ပွဲကို အောင်အောင်မြင်မြင် ပြီးဆုံး စေခဲ့တဲ့အချက်ဖြစ်တယ်။ ဒီစစ်ပွဲနဲ့ပတ် သက်ပြီး ပြည်ပမှာ အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောဆိုနေကြပေမယ့် ရုရှားတွေ ရဲ့အမြင်မှာ ရုရှားဟာ နိုင်ငံတစ်နိုင်ငံ အဖြစ် မားမားမတ်မတ် ရပ်တည်လာ နိုင်ပြီဆိုတာကို ဖော်ညွှန်းခဲ့တဲ့ စစ်ပွဲ ဖြစ်တယ်။ ရုရှားအနေနဲ့ ကံကောင်းတဲ့ အချက်တစ်ချက် ရှိသေးတယ်။ ဒါ ကတော့ ရေနံဈေးနှုန်းပြန်လည်မြင့် တက်လာခြင်းနဲ့ သတ္တုကုန်ကြမ်း ဈေးနှုန်းတွေ ကမ္ဘာ့ဈေးကွက်တွေမှာ ထောင်တက်လာခြင်းဖြစ်တယ်။ ရုရှား နိုင်ငံဟာ သယံဇာတြ<ွကယ်ဝချမ်း သာတဲ့နိုင်ငံဖြစ်တယ်။ အချို့ရဲ့ အမြင်မှာ ရုရှားစီးပွားရေး ရှင်သန် တိုးတက်လာတာဟာ ပူတင်ရဲ့ စီး ပွားရေးမူဝါဒတွေ ကောင်းမွန်လို့ မဟုတ်ဘဲ ဈေးကောင်းရနေတဲ့ ရေနံ သဘာဝဓာတ်ငွေ့နဲ့ သတ္တုကုန်ကြမ်း တွေကို ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ ရောင်းချနိုင်တဲ့အတွက် ဖြစ်တယ်လို့ ထောက်ပြကြတယ်။ ဒါကလဲ မဟုတ်ဘူးလို့ ပြောလို့ တော့မရဘူး။ ရုရှားရဲ့ နိုင်ငံခြားတင် ပို့ရောင်းချလို့ရတဲ့ ဝင်ငွေထဲမှာ ရေနံ သဘာဝဓာတ်ငွေ့နဲ့ သတ္တုကုန်ကြမ်း တင်ပို့ရောင်းချလို့ရတဲ့ ဝင်ငွေက ၈ဝ ရာခိုင်နှုန်းလောက်ပါဝင်နေတယ်။ ရုရှားနိုင်ငံမှာ အရေးပါဆုံးစီးပွားရေး လုပ်ငန်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ ဖြစ်တယ်။ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Rosneft နဲ့ နိုင်ငံက လက်ဝါးကြီး အုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ ကြီး Gazprom တို့ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်ကြတယ်။ ဆိုဗီယက်ခေတ်က ရုရှားနိုင်ငံ မှာ အမိန့်ပေးစေခိုင်းတဲ့ စီးပွားရေး စနစ်- Command-economy ကျင့် သုံးတယ်။ အခုတော့ နိုင်ငံတော် အရင်းရှင်ဝါဒ- State-Capitalism ကျင့်သုံးတယ်။ ၁၉၉၈ ခုနှစ်က ကြွေးမြီတွေပြန်မဆပ်နိုင်လို့ ဒေဝါလီခံ ခဲ့ရပြီးတဲ့နောက်ပိုင်းကာလမှာ အစိုးရ ဟာ စီးပွားရေးနယ်ပယ်မှာ ချုပ်ကိုင် မှုတွေ လုပ်လာခဲ့တယ်။ အစိုးရပိုင် ကုမ္ပဏီတွေကို ပြိုင်ဆိုင်မှုမှ အကာ အကွယ်ပေးထားတယ်။ မော်စကို Stock Exchange မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာထက်ဝက်လောက်ကို အစိုးရ ကပိုင်ဆိုင်တယ်။၂ဝဝ၉ ခုနှစ် အမေရိ ကန်နိုင်ငံက စတင်ခဲ့တဲ့ မဟာစီးပွား ရေးကျဆင်းမှုကြီး- Great Recession မတိုင်မီက ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ကာလအတွင်းမှာ ရုရှားနိုင်ငံဟာ တစ်နှစ် ၇ ရာခိုင်နှုန်း နဲ့တိုးတက်ခဲ့တယ်။ ၂ဝဝ၉ ခုနှစ်မှာ ပြည်သူ့ကဏ္ဍမှာ တာဝန်ထမ်းဆောင် နေကြတဲ့ ဝန်ထမ်းပေါင်း ၈၆၈ဝဝဝ ကျော်ရှိတယ်။ ပူတင် လက်ထက်မှာ ၈ဝ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ် တယ်။ ရုရှားစီးပွားရေးဟာ ၂ဝဝ၉ ခုနှစ် နောက်ပိုင်းမှာ ပျမ်းမျှတိုးတက်မှုနှုန်းနဲ့ ၃ ရာခိုင်နှုန်းလောက်ပဲရှိနိုင်တော့မယ် လို့ ခန့်မှန်းကြတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်မှာ ရေနံသဘာဝဓာတ် ငွေ့နဲ့ သတ္တုကုန်ကြမ်းဈေးနှုန်းတွေ မြင့်တက်နေသလို ရုရှားစီးပွားရေးဟာ ရှင်သန်နေမှာပဲလို့ အချို့ကထောက်ပြ ကြတယ်။ တကယ်လို့ ရေနံဈေးနှုန်း အမေရိကန်ဒေါ်လာ ၇ဝ အောက် ရောက်သွားခဲ့ရင်တော့ ရုရှားစီးပွားရေး အထိနာနိုင်တယ်လို့ တွက်ချက်ထား ကြတယ်။ လောလောလတ်လတ် ပြဿနာ စောစောက ပြောခဲ့သလို ဖွဲ့စည်း ပုံအရ သမ္မတသက်တမ်း သုံးကြိမ် ဆက်တိုက် လုပ်ခွင့်မရှိတဲ့အတွက် ပူတင်ဟာ ၂ဝဝ၈ ခုနှစ်မှာ သမ္မတ ရာထူးမှ ဆင်းပေးခဲ့ပြီး Dmitri Medvedev ကို သမ္မတတင်ပေးခဲ့ တယ်။ သူကိုယ်တိုင်ကျတော့ ဝန် ကြီးချုပ်နေရာမှာ နေခဲ့တယ်။ ပူတင် ဟာ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က သူသမ္မတပြန်လုပ်ဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ တယ်။ နိုဝင်ဘာလအတွင်း ကျင်းပခဲ့ တဲ့ ပူတင်ရဲ့ United Russia Party ညီလာခံက သူ့ကို သမ္မတရာထူး အတွက် ထောက်ခံခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ရုရှားပြည် သူတွေအကြား ဝေဖန်ပြောဆိုသံတွေ နဲ့ မကျေမနပ် ပြောဆိုကြမှုတွေ တစ်စတစ်စ ထွက်ပေါ်လာတော့ တယ်။ ဟိုတစ်စု ဒီတစ်စု၊ ဟိုနေရာ ဒီနေရာ ဆန္ဒပြမှုတွေကလဲ ကွက်တိ ကွက်ကျားတွေ့မြင်လာကြရတယ်။ ဒီ ဇင်ဘာလ ၄ ရက်နေ့မှာ ရုရှားပါလီ မန်ရွေးကောက်ပွဲကျင်းပတယ်။ ရွေး ကောက်ပွဲရလဒ်ကို ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ပူတင်ရဲ့ ပါတီက မဲ လိမ်မှုတွေလုပ်ခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာတယ်။ မော်စကို မြို့လယ်က ရင်ပြင်ကို ဆန္ဒပြသမား ထောင်ပေါင်းမြောက် မြားစွာ ရောက်လာကြပြီး ရွေး ကောက်ပွဲသစ်ပြန်လုပ်ပေး 'ပူတင် အလိုမရှိ'ဆိုပြီး ဟစ်အော်ြေ<ွကးကြော် ခဲ့ကြတယ်။ ထူးခြားတာတစ်ခုက တော့ ဆန္ဒပြပွဲကို အစိုးရချုပ်ကိုင်ထား တဲ့ NTV ရုပ်သံက အစအဆုံး Live ပြသခဲ့တာပါပဲ။ အနောက်နိုင်ငံ မီဒီ ယာတွေကတောင် ရုရှားမှာ ဘာတွေ များ အပြောင်းအလဲဖြစ်ကုန်ပြီလဲလို့ ယုန်ထင်ကြောင်ထင် ဖြစ်သွားကြ သေးတယ်။ ဒါပေမယ့် ဘာမှတော့ အပြောင်း အလဲတွေဖြစ်မယ်မထင်ပါဘူး။ ရွေး ကောက်ပွဲမှာ United Russia ပါတီ က အမတ် ၂၃၈ နေရာ အနိုင်ရခဲ့ တယ်။ ကွန်မြူနစ်ပါတီက အမတ် ၉၂ နေရာရတယ်။ ပြီးတော့ Just Russia ပါတီက ၆၄ နေရာ ရရှိခဲ့ပြီး Liberal Democratic Party ဖြစ်တဲ့ အမျိုးသားရေးပါတီက အမတ် ၅၆ နေရာ အနိုင်ရရှိခဲ့တယ်။ တကယ် တော့ ပူတင်ရဲ့ United Russia ပါတီ ဟာ လက်ရှိပါလီမန်မှာ အမတ်နေရာ ၃၁၅ နေရာရှိနေရာမှ လျော့ကျသွား ခြင်းဖြစ်တယ်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲ သစ် ပြန်လည်ကျင်းပပေးဖို့ တောင်း ဆိုနေကြပေမယ့် ဒီလိုဖြစ်လာဖို့ အလားအလာ မရှိပါဘူး။ ပြီးတော့ လာမယ့် ၂ဝ၁၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ရုရှားသမ္မတရွေးကောက်ပွဲ ရှိနေတယ်။ အဲဒီ ရွေးကောက်ပွဲမှာလဲ ပူတင်ပဲအနိုင်ရပြီး ပူတင်ဟာ တတိယအကြိမ် နောက်ထပ် ခြောက် နှစ် ရုရှားသမ္မတ ဖြစ်လာဦးမှာ။ ဝေဖန်ကြသူ အချို့က ပူတင် ဟာ ဆိုဗီယက်ခေတ်ဟောင်းဆီ ပြန် သွားချင်တဲ့ ပုဂ္ဂိုလ်လို့ စွပ်စွဲပြောဆို ကြတယ်။ ဒါပေမယ့် ပျောက်ပျက် သွားတဲ့ ဆိုဗီယက်ယူနီယံအတွက် ဝမ်းနည်းကြေကွဲမှုမဖြစ်သူဟာ အသည်းနှလုံးမရှိသူဖြစ်တယ်။ ဆိုဗီ ယက်ခေတ်ကို လိုချင်တောင့်တနေသူ ကတော့ ဦးနှောက်မရှိသူဖြစ်တယ်'' လို့ ပူတင်ကိုယ်တိုင်က မှတ်ချက်ချ ခဲ့တယ်။ ပူတင်ဟာ ရုရှားနိုင်ငံ ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် မကြာ ခဏ ဆိုဗီယက်ခေတ်ကို အမွှန်းတင် ချီးကျူးတတ်သူဖြစ်တယ်။ စတာ လင်ကွယ်လွန်ပြီးနောက် သူ့နေရာကို ဆက်ခံခဲ့တဲ့ နီကီတာ ခရူးရှက်ဗ် Nikita Khrushchev က ၁၉၅၆ ခုနှစ် မှာ စတာလင်ကို အပုပ်ချခဲ့တဲ့အတွက် ကျဆင်းသွားခဲ့တဲ့ စတာလင်ရဲ့ သိက္ခာ ကို ပြန်လည်အဖတ်ဆယ်တဲ့အနေနဲ့ စတာလင်ရဲ့သမိုင်းကို ပြန်လည်ရေး သားစေခဲ့တယ်။ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ကြီး မြတ်မှုကို ဖော်ထုတ်လာတယ်။ ဒုတိယကမ္ဘာစစ်မှာ ရုရှားနိုင်ငံရဲ့ အောင်မြင်မှုတွေ။ ပထမဆုံး လူသား တစ်ဦးကို အာကာသသို့လွှတ်တင် နိုင်ခဲ့တဲ့ ရုရှားရဲ့စွမ်းဆောင်မှုတွေကို ဖော်ကျူးတယ်။ ဒါပေမယ့် ပူတင်ရဲ့ အမြင်မှာ ပြည်သူတွေဟာ ဝါဒစနစ် တွေကို ငြီးငွေ့နေကြပြီလို့ မြင်တယ်။ ဒါကြောင့် ပူတင်ဟာ ဝါဒစနစ်ကို ရှေ့တန်းမတင်ဘူး။ ဝါဒစနစ်အတွက် ဖိအားမပေးဘူး။ ပူတင်က ပြည်သူတွေရဲ့ ဝင်ငွေ တိုးတက်လာရမယ်၊ ဆိုဗီယက်ခေတ် ကလို တိုင်းပြည်တည်ငြိမ်အေးချမ်း ရမယ်လို့ ကတိပေးထားတယ်။ ပေး တဲ့ကတိအတိုင်းလဲလုပ်ဆောင်တယ်။ စတိုးဆိုင်တွေမှာ ကုန်ပစ္စည်းတွေ အပြည့် ဖြည့်တင်းပေးထားတယ်။ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ် လပ် ခရီးသွားနိုင်တယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO သောင်းဂဏန်းနဲ့ ချီပြီး ခွင့်ပြုထား တယ်။ ဒါကြောင့် ပူတင်ဟာ အာဏာ ရှင်တစ်ဦးဖြစ်ပေမယ့် ရုရှားပြည်သူ တွေက သူ့ကို ဒီမိုကရက်တစ်ဦးလို့ ပဲထင်မြင်ယူဆကြတယ်။ မင်းရွှေမောင် Ref: 1. International herald Tribune, Dec-12-2011. 2. Nathan Thornburgh "Russia's New Guard"Time, Dec-12-2011. 3. Putin's Russia : The Economist, Dec-10-2011. မင်းရွှေမောင်

No comments:

Post a Comment