HOME

Thursday, May 31, 2012

အဆင့်မြင့်သော ဂြိုဟ်တု အီရန် လွှတ်တင်မည် .....!

ပုံရိပ် ပြတ်သားမှု အဆင့်မြင့်သော ဂြိုဟ်တု အီရန် လွှတ်တင်မည်


အီရန် အရာရှိ တစ်ဦး၏ အပြောအရ ၎င်းတို့ အနေဖြင့် ကျောင်းသားသုံး အဆင့်မြင့် ပုံရိပ်ဖော် ဂြိုဟ်တု တစ်လုံးကို လွှတ်တင်ရန် စီစဉ်ထားကာ
ကမ္ဘာမြေကြီး၏ ပုံရိပ်များကို မှတ်တမ်း ယူနိုင်ရန် အတွက် ဖြစ်ကြောင်း ပြောသည်။ အီရန် အာကာသ အေဂျင်စီ အကြီးအကဲ Hamid Fazeli  မှ ပြောရာ၌ အဆိုပါ ဂြိုဟ် တုမှာ အီရန် နိုင်ငံ၏ Sharif  နည်းပညာ တက္ကသိုလ်၏ စီမံကိန်း တစ်ခုဖြစ်ပြီး လက်ရှိ အီရန် ပြက္ခဒိန် နှစ်အတွင်းတွင် လွှတ်တင်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။
အဆိုပါ ဂြိုဟ်တုတွင် အဆင့်မြင့်ပြီး တိကျသော ပစ္စည်းများကို သုံးစွဲထားကာ ၁၂.၅ မီတာ Resolution ကို လုပ်ဆောင် ပေးနိုင်ကြောင်းလည်း သိရပြီး ဓါတ်ပုံများ ရိုက်ယူရန် အတွက် အလွန်ပင် သင့်လျော်ကြောင်းလည်း သိရသည်။ ယခုလို ဂြိုဟ်တုကို ဆောက်လုပ်ရန် အတွက် ကျောင်းသားဟောင်းနှင့် ဆရာများ အပါအဝင် လူ ၁၀၀မှာ ကြိုးစားနေကြကာ အလေးချိန် ၅၀ ကီလိုဂရမ် ရှိမည်ဖြစ်ပြီး လေးဆယ် စင်တီမီတာ ပတ်လည်ရှိသည့် ဗဟုဂံပုံ အတွင်းတွင် ထည့်သွင်းနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အီရန် နိုင်ငံမှာ ကုလသမ္မဂ္ဂမှ အာကာသ ဟင်းလင်းပြင် ငြိမ်းချမ်းစွာ အသုံးပြုရေး အဖွဲ့တွင် စတင် ထူထောင်သူ ၂၄ နိုင်ငံ၌ ပါဝင်ပြီး ယင်းအဖွဲ့မှာ လွန်ခဲ့သည့်  ၁၉၅၉ ခုနှစ်က စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။  အီရန် နိုင်ငံမှာ အာသာသသို့ လူလိုက်ပါသည့် ခရီးစဉ်ကို လာမည့် ၂၀၁၉ တွင် လုပ်ဆောင်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

source : presstv.ir


No comments:

Post a Comment