HOME

Saturday, May 19, 2012

ပါလက်စတိုင်း အကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး...!

အစ္စရေးနှင့် သဘောတူပြီးနောက် ပါလက်စတိုင်း အကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံး

(အေအက်ဖ်ပီ) ၀င်းသော်တာ ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)

အကျဉ်းသားများအစာငတ်ခံတိုက်ပွဲပြီးဆုံးသွား၍ အောင်ပွဲခံနေသော ပါလက်စတိုင်းလူထု။ (ဓာတ်ပုံ-အေအက်ဖ်ပီ)
ဂျေရုဆလင် - အကျဉ်းထောင်တွင်း အခြေအနေများ တိုးတက် ကောင်းမွန် အောင် လုပ်ဆောင်ပေးရန် ကတိပေးထားသော သဘော တူညီချက်တစ်ရပ်ကို အစ္စရေးအာဏာပိုင်များနှင့် လက်မှတ်ရေး ထိုးပြီးနောက် အစ္စရေးအကျဉ်းထောင် များအတွင်း ရာနှင့်ချီသော ပါလက်စတိုင်း အကျဉ်းသားများ၏ ရက်သတ္တပတ် ပေါင်းများစွာ ကြာခဲ့သည့် အစာငတ်ခံ ဆန္ဒပြမှုမှာ မေလ ၁၄ ရက်နေ့က ပြီးဆုံး သွားပြီဖြစ်သည်ဟု အရာရှိများ၏ ပြောကြားချက်အရ သိရသည်။
အက်ရှ်ကီလွန် အကျဉ်းထောင်၌ အကျဉ်းထောင်အရာရှိများနှင့် အကျဉ်း သားခေါင်းဆောင်များ နာရီပေါင်း များစွာကြာအောင် ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်ပြီးနောက် "ဆန္ဒပြမှုကို အဆုံးသတ်စေဖို့ သဘော တူညီချက် တစ်ရပ်ကို အဖွဲ့ခွဲအားလုံးက လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်" ဟု ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ ရာမာလာ အရပ်၌ အခြေစိုက်သော 'ပါလက်စတိုင်း အကျဉ်းသားများအဖွဲ့အစည်း' ၏ ဥက္ကဋ္ဌ ကွာဒူရာဖာရက်စ်က အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။
အစ္စရေး အကျဉ်းထောင်များအတွင်း ရှိသော ပါလက်စတိုင်းအကျဉ်းသား ၄,၇၀၀ ၏ သုံးပုံတစ်ပုံခန့်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
၎င်းတို့ထဲတွင် ဘီလားလ်ဒိုင်ယာ့ဘ်နှင့် သာအားဟာ လားလာတို့နှစ်ဦးမှာ ၇၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
၎င်းတို့က အကျဉ်းထောင်များသို့ မိသားစုများ လာရောက်ကြည့်ရှုခွင့်နှင့် အကျဉ်းသားများ ပညာသင်ကြားခွင့် ရရေးတို့အား ပိတ်ပင် ထားမှုများကို လျှော့ပေါ့ပေးရန် တောင်းဆိုခဲ့ကြသည်။
ယင်းစနစ်တွင် အကျဉ်းသားတစ်ဦးကို ခြောက်လနှင့်အထက် ထပ်မံသက်တမ်း တိုး၍ အကျဉ်းချထားနိုင်သည်။
အကျဉ်းထောင်အတွင်း အခြေအနေ များ တိုးတက်ကောင်းမွန်လာစေရန် စွဲချက်မတင်ဘဲ ထိန်းသိမ်းခံထားရသော အကျဉ်းသား ခြောက်ဦးမှာ ရက်ပေါင်း ၅၃ ရက်နှင့် ၇၆ ရက်ကြာထိတိုင်အောင် ဆန္ဒပြခဲ့ကြပြီး အကျဉ်းသား ၁,၅၅၀ မှာ ရက်သတ္တ လေးပတ် ကျော်ကြာသည် အထိ အစာငတ်ခံဆန္ဒပြခဲ့ကြသည်။
အကျဉ်းသား ခေါင်းဆောင်များနှင့် လက်မှတ်ရေးထိုးခဲ့သော သဘောတူ စာချုပ်တွင် တစ်ဦးတည်း အကျဉ်းချခံ နေရသော အကျဉ်းသားများအား အခြားအကျဉ်းသားများနှင့် ပူးပေါင်းပြီး ပြန်လည်ထားရှိရန်နှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနှင့် ဂါဇာအကျဉ်း စခန်းတို့တွင် မိသားစုဝင်များ လာရောက် ထောင်ဝင်စာတွေ့နိုင်ခွင့် စသည့် သဘောတူညီချက်များ ပါဝင်သည်။
သံသယရှိသူအား စွဲချက်တင်ခြင်း၊ သို့မဟုတ် ရုံးတင်စစ်ဆေးခြင်းမပြုဘဲ အကန့်အသတ်မရှိ အကျဉ်းချထား နိုင်သောစနစ်ကို ပယ်ဖျက်ရန် ကတိ က၀တ်မပြုလုပ်ခဲ့ကြောင်းနှင့် လက်ရှိ အကျဉ်းချခံနေရသူများမှာ ၎င်းတို့ ပြစ်ဒဏ်အတိုင်း ဆက်လက် အကျဉ်းချခံ ရမည်ဖြစ်ကြောင်း အစ္စရေးအရာရှိ များက ပြောကြားခဲ့သည်။
သို့သော် စွဲချက်တင်ခြင်းမပြုဘဲ အကျဉ်းချထားသော အကျဉ်းသား ၃၀၀ ခန့်၏ အကျဉ်းကျခံနေရသော အချိန်ကို ထပ်တိုးခြင်း မပြုတော့ ဟူသော သဘောတူညီချက်များ ပါဝင်သည်ဟု ပါလက်စတိုင်း အကျဉ်းသားရေးရာများ ဆိုင်ရာ ၀န်ကြီး အစ္စဆာ ကွာရာကားက ပြောကြားခဲ့သည်။

No comments:

Post a Comment