HOME

Saturday, July 12, 2014

အစ္စရေး၏ လေကြောင်းထိုးစစ် အရှိန်မြှင့်တင်လာမှုနှင့်အတူ ဂါဇာတွင် အသေအပျောက် များပြားလာ ...!

အစ္စရေး၏ လေကြောင်းထိုးစစ် အရှိန်မြှင့်တင်လာမှုနှင့်အတူ ဂါဇာတွင် အသေအပျောက် များပြားလာ





အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု အစီအစဉ်များကို အရှိန်မြှင့်တင်လာခြင်းနှင့်အတူ ဂါဇာတွင် အသေအပျောက် ပမာဏ တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရှိရသည်။

ဟားမားစ် စစ်သွေးကြွ ပြောက်ကျားတို့က ဂါဇာဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်နေပြီး အစ္စရေး လေတပ်ကလည်း ဂါဇာရှိ ပါလက်စတိုင်း စစ်ဘက်ရေးရာ ပစ်မှတ်များကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ အစ္စရေးသည် အရန်တပ်ဖွဲ့ဝင် (၂၀၀၀၀)ကိုလည်း ဂါဇာအနီး ရွှေ့ပြောင်းထားလိုက်ရာ မြေပြင်ထိုးစစ်တစ်ရပ် အစပြုမည့် အရိပ်လက္ခဏာများ တွေ့မြင်နေရသည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အစ္စရေးနှင့် ဟားမားစ်တို့ကြား လက်ရှိ ပဋိပက္ခများ ရပ်တန့်ရန် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူကို ဖုန်းဆက် တိုက်တွန်းခဲ့သည်။ ဂါဇာတွင် အရပ်သား အမြောက်အမြား သေကြေနေရသည့် အခြေအနေကြောင့် အပစ်အခတ် ရပ်စဲကြရန် နိုင်ငံတကာက တောင်းဆိုထားသော်လည်း အစ္စရေးရော၊ ဟားမားစ်ဘက်ကပါ အလျှော့ပေးမည့် အလားအလာ မရှိသေးချေ။
“အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ ဟားမားစ်တွေက သူတို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို လုံးဝ ဆက်မလုပ်နိုင်တော့တဲ့ထိ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေကို လိုအပ်သလို ချဲ့ထွင်သွားနိုင်ပါတယ်”ဟု အစ္စရေး၏ အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက် အကြံပေး ဘန်ရုဒ်စ်က ပြောကြားခဲ့သည်။
ဂါဇာ ကျန်းမာရေးဌာန ဝန်ထမ်းများက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း (၈၆)ဦးထက်မနည်း သေဆုံးပြီး (၅၇၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဇူလိုင်(၁၀)ရက် တစ်နေ့တည်းတွင်ပင် အနည်းဆုံး လူ(၂၅)ဦးခန့် သေဆုံးခဲ့သည်။ အစ္စရေး တောင်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ချိန်ရွယ်ကာ ဟားမားစ်တို့က ဒုံးကျည်ပေါင်း ရာနှင့်ချီ ပစ်ခတ်ခဲ့သော်လည်း အစ္စရေးစစ်သား နှစ်ဦး ဒဏ်ရာရသည်မှလွဲ၍ အသေအပျောက် မရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment