HOME

Sunday, July 6, 2014

ပါလက်စတိုင်း ဆယ်ကျော်သက်၏ ဈာပနအပြီး ...!

ပါလက်စတိုင်း ဆယ်ကျော်သက်၏ ဈာပနအပြီး အစ္စရေးရဲများ နှင့် ပါလက်စတိုင်းများအကြား ဖြစ်ခဲ့သော ပဋိပက္ခများ အခြားမြို့များသို့ပါ ပျံ့နှံ့

Written by  အေပီ



အစ္စရေး ရဲများနှင့် ပါလက်စတိုင်း ဆန္ဒပြသူများအကြား ဖြစ်ပွားသော ပဋိပက္ခမှာ ဂျေရုစလင်မှ နေ၍ အစ္စရေးမြောက်ပိုင်းရှိ အာရပ်မြို့များထံသို့ စနေနေ့က ပျံ့နှံ့သွားခဲ့သည်။ အစ္စရေး အစွန်းရောက်များက အာရပ်များအား ပြန်လည်လက်စားချေသည့် အနေဖြင့် သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်းများက ဆိုကြသော အာရပ်ဆယ်ကျော်သက်တစ်ဦး၏ ဈာပနနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများ ဖြစ်သည်။


6jlpla

ပဋိပက္ခမှာ သောကြာနေ့တွင် အရှေ့ဂျေရုစလင်၌ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၁၆ နှစ် အရွယ် မိုဟာမက်အဘူခါဒီယာ (Mohammed Abu Khdeir) ၏ ရုပ်အလောင်းအား မြေမြှပ်သင်္ဂြိုဟ်ရန် အတွက် ပါလက်စတိုင်း ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီးနောက် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက် ပဋိပက္ခများမှာ တနင်္ဂနွေနေ့ နံနက်တွင် အာရပ်မြို့များသို့ ပျံ့နှံ့သွားခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး လူဘာဆမ်မရီ (Luba Samri)က ဆိုသည်။
ဆန္ဒပြသူများသည် ဖြတ်သွားသော ကားများကို ခဲများဖြင့် ပေါက်ခဲ့ကြပြီး တာယာများကို မီးရှို့ခဲ့ကြသည်။ ထို့ပြင် ရဲများအား ခဲများ၊ လက်လုပ်ဗုံးများဖြင့် အကြမ်းဖက်ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြရာ ရဲများက မျက်ရည်ယိုဗုံးများ၊ အမြင်အာရုံနှင့် အကြားအာရုံများကို ခေတ္တထိခိုက်စေသော ဗုံးများ (stun grenade) ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြသည်။ လူအယောက် ၂ဝ အား ဖမ်းဆီးနိုင်ခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုသည်။
အစ္စရေး ဆယ်ကျော်သက်သုံးဦး ပျောက်ဆုံးအပြီး ၁၇ရက် အကြာတွင် အနောက်ဘက်ကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ကွင်းတစ်ခုတွင် ထိုအစ္စရေး လူငယ်သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ချိန်မှစ၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ထိုလူငယ်သုံးဦးအတွက် အစ္စရေး အစွန်းရောက်များက ပြန်လည်လက်စားချေသည့် အနေဖြင့် ပါလက်စတိုင်း ဆယ်ကျော်သက် မိုဟာမက်အဘူခါဒီယာအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါလက်စတိုင်းများက စွပ်စွဲထားကြသည်။

No comments:

Post a Comment