HOME

Sunday, July 27, 2014

ဂါဇာ ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းနှင့် အဖြေရှာရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်..!

ဂါဇာ ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းနှင့် အဖြေရှာရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်



ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခု အစ္စရေးဘက်က တယ်အာဗက်မြို့မှာ ရှိတဲ့ ရာဘင်ရင်ပြင်မှာ ဇူလိုင်လ ၂၆ ရက်နေ့ညက ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးလိုလားသူ ၃ ထောင်ဝန်းကျင် စုရုံးခဲ့ကြပါတယ်။



Gaza



ဆန္ဒပြပွဲနဲ့ တချိန်တည်းနီးပါးမှာပဲ စစ်သွေးကြွတွေက ဂါဇာဘက်ကနေ အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည်တွေကို နောက်တကျော့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်၊ ဇူလိုင်လ ၂၆ ရက်နေ့မနက် ၈ နာရီကစလို့ ၁၂ နာရီကြာ အပစ်ရပ်စဲရေး အချိန်ပြည့်သွားပြီးနောက် ၂ နာရီအတွင်းမှာပဲ အစ္စလာမ္မစ်ဟားမက်အုပ်စုက ပစ်ခတ်တာဖြစ်ပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်ကို ၄ နာရီ အချိန်တိုးဖို့ အစ္စရေးဘက်က ကမ်းလှမ်းခဲ့တာကို ဟားမက်အဖွဲ့က ပယ်ချခဲ့ပါတယ်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ လူတယောက် အမြောက်ဆံထိပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အပစ်ရပ်စဲရေး သဘောတူညီချက် အချိန်စေ့ပသွားပြီးနောက် ပထမဆုံး လူသေဆုံးမှုလည်း ဖြစ်ပါတယ်။
၁၉ ရက်ကြာ တိုက်ပွဲတွေအတွင်း ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ အစ္စရေးစစ်သား ၄၀ နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ပါတယ်။
အစ္စရေးလုံခြုံရေးဆိုင်ရာ ၀န်ကြီးအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့ညနေပိုင်းမှာပဲ ကျင်းပခဲ့ပြီး အနည်းဆုံး ၀န်ကြီးတယောက်က စစ်ဆင်ရေးတွေကို တိုးမြှင့်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဒီအတောအတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ခေါင်းဆောင်ပြီး နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အစ္စရေးနဲ့ပါလက်စတိုင်းတို့ ရေရည်ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဆက်ပြီး ကြိုးစားနေပါတယ်။

No comments:

Post a Comment