HOME

Wednesday, July 16, 2014

ဂါဇာတွင် ဟားမားစ်ခေါင်းဆောင်များ၏ နေအိမ်များကို အစ္စရေးတို့ ပစ်မှတ်ထား တိုက်ခိုက်..!


ဂါဇာတွင် ဟားမားစ်ခေါင်းဆောင်များ၏ နေအိမ်များကို အစ္စရေးတို့ ပစ်မှတ်ထား တိုက်ခိုက်

Written by  အေအက်ဖ်ပီ


ဟားမားစ် ထိပ်တန်း ခေါင်းဆောင်တစ်ဦး၏ နေအိမ်ကို ဇူလိုင်လ ၁၆ရက် အစောပိုင်းက အစ္စရေး စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြရာ ဂါဇာရှိ စစ်သွေးကြွများကို ဆန့်ကျင်တိုက်ခိုက်မှု ကိုးရက်ထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး၊ တိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်သွားမည့် လက္ခဏာလည်း မရှိသေးပေ။

16jl1


အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ မအောင်မမြင် ဖြစ်သွားခဲ့ရပြီးနောက် အစ္စရေးသည် အင်္ဂါနေ့ (ဇူလိုင် ၁၅ရက်)တွင် ပါလက်စတိုင်းဒေသအား လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ စုစုပေါင်း လူ ၁၉၇ ဦး သေဆုံးခဲ့ရသည်။

အပစ်အခတ်ရပ်စဲရေး အီဂျစ် အဆိုပြုချက်အား ဟားမားစ်များက ပယ်ချခဲ့ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေး စစ်တပ်အနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးများကို တိုးမြှင့်မည်ဟု အင်္ဂါနေ့က သတိပေးခဲ့သည်။
ဗုဒ္ဓဟူးနေ့၏ ပထမဦးဆုံး အပြင်းအထန်တိုက်ခိုက်မှုတွင် ဂါဇာ အနောက်ပိုင်းရှိ ဟားမားစ်ထိပ်တန်းခေါင်းဆောင် မာမွတ်အယ်လ်ဇာဟာ (Mahmud al-Zahar)၏ နေအိမ် လက်နက်ထိမှန် ပြိုပျက်သွားခဲ့ကြောင်း လုံခြုံရေး အရာရှိများက ဆိုကြသော်လည်း နေအိမ်တွင် နဂိုကတည်းက လူမရှိခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုခဲ့ကြသည်။ 
ဂါဇာမြို့ နှင့် ဂျက်ဘယ်လီယာ မြို့များတွင်လည်း အစ္စရေးက သီးခြား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး ဟားမားစ်အရာရှိ နောက်ထပ်သုံးဦး၏ နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အထိအခိုက် အသေအပျောက် သတင်းများကိုမူ မရရှိသေးပေ။
ဓာတ်ပုံ- Reuters

No comments:

Post a Comment