အစ္စရေး လုံခြုံရေး အရှေ့ အလယ်ပိုင်း ဆွေးနွေးပွဲ အတွက် အရေးပါ
အစ္စရေးနိုင်ငံရဲ့ လုံခြုံမှုရေးဟာ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတွက်ရော အီရန်ရဲ့ နျူကလီယားပြဿနာ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုတွေ အတွက်ပါ အဓိကအရေးပါတဲ့ အချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry ကပြောကြားလိုက်ပါတယ်။ ဝန်ကြီး ကယ်ရီဟာ ကြာသပတေးနေ့ မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဂျေရူစလင်မြို့ မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်က နျူကလီယားလက်နက် ထုတ်လုပ်နိုင်ချေ လုံးဝရပ်ဆိုင်းသွားစေဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။