အမေရိကန်သမ္မတနှင့် ဆော်ဒီဘုရင်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွေ့ဆုံ
အမေရိကန်သမ္မတ အိုဘားမားဟာ မတ်လ ၂၈ ရက်နေ့က ဆော်ဒီဘုရင် အက်ဒူလာနဲ့ တွေ့ဆုံပြီး မပြေမလည်ဖြစ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ချောမွေ့စေဖို့ ကြိုးစားခဲ့ပါတယ်။ မြို့တော် ရီးယာက်မှာ တွေ့ဆုံခဲ့အပြီး အမေရိကန်အိမ်ဖြူတော်က နှစ်နိုင်ငံရဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ကြိုဆိုခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ဆီးရီးယားသမ္မတအာဆက်ကို ဖြုတ်ချရေးမှာ အနောက်နိုင်ငံတွေ က လက်တွန့်နေတာတဲ့ အီရန်နဲ့ နျူးကလီယားဆွေးနွေးရေး လုပ်နေတာတွေအပေါ် ဆော်ဒီအာရေးဘီးယားက စိတ်ပျက်နေတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ ဆော်ဒီဘုရင် အက်ဒူလာတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ – ရိုက်တာ)
ခရီးစဉ်ဟာ သမ္မတ အိုဘားမားရဲ့ သမ္မတသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်လည်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အမေရိကန်လုံခြုံရေးအရာရှိချုပ် ဆူဇင်ရိုက်စ်တို့လည်း သမ္မတခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။