HOME

Friday, July 13, 2012

ယာဆာအာရာဖတ် ပိုလိုနီ ယမ် အဆိပ်သင့်ခဲ့ကြောင်း သံသယ ဖြစ်ဖွယ်အချက်များ..!

ပါလက်စ္စတိုင်း ခေါင်းဆောင် သေဆုံးသော သတင်းများ အစ္စရေး ရေငုံ နှုတ်ပိတ်

                       
ပိုလိုနီ ယမ် အဆိပ်သင့်ခဲ့ကြောင်း သံသယ ဖြစ်ဖွယ်အချက်များ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မိသားစုဝင်များ၏ တောင်း ဆိုချက်အတိုင်း အာရာဖတ်၏ အလောင်းကို ပြန်ဖော်စစ်ဆေးရန် ပါ လက်စ္စတိုင်း အမျိုးသားအာဏာပိုင် အဖွဲ့(PNA) ကဗုဒ္ဓဟူးနေ့တွင် တရား ဝင်ခွင့်ပြုခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ အစ္စရေးအာဏာပိုင်များက ရေငုံနှုတ် ပိတ်နေဆဲဖြစ်သည်။
အာရာဖတ်မသေ ဆုံးမီ ဇနီးဆူဟာကို ပေးခဲ့သော ပိုင် ဆိုင်မှုပစ္စည်းများကို ဓာတ်ခွဲစစ်ဆေးခဲ့ ရာတွင် ပိုလိုနီယမ်ရေဒီယိုသတ္တြွိက အဆိပ်သင့်ခဲ့ကြောင်း AL- Jazeera သတင်းဌာနက ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ပိုလိုနီယမ် အဆိပ်သင့်ခဲ့ခြင်း ဟုတ်၊ မဟုတ် အာရာဖတ်၏အ လောင်းကို ပြန်ဖော်စစ်ဆေးရန် မိသား စုဝင်များက ဖိအားပေးတောင်းဆိုခဲ့ကြ ခြင်း ဖြစ်သည်။ ယခုချိန်ထိ တရားခံ လက်သည်တစ်စုံတစ်ယောက်ကိုမှ တိ ကျစွာရည်ညွှန်းပြောဆိုနိုင်ခြင်း မရှိ သေးသော်လည်း ပါလက်စ္စတိုင်း အများစုက အစ္စရေး၏လက်ချက်ဖြစ် မည်ဟု သံသယရှိနေကြချိန်တွင် အစ္စ ရေးအာဏာပိုင်များက တရားဝင်သတ် မှတ်ပြောကြားပေးရန် ရေငုံနှုတ်ပိတ် လျက်ရှိသည်။ “ကျွန်တော်တို့မှာ ပြောစရာမရှိပါဘူး။အာရာဖတ်ရဲ့ ဆေး မှတ်တမ်းတွေကိုလည်း အစ္စရေးက ပိတ်ပင်ခဲ့ခြင်း မရှိပါဘူး။ သူဘာ ကြောင့် သေသွားတာလဲ၊ ပါလက်စ္စ တိုင်းတွေ သိချင်ရင် အဲဒီဆရာဝန်တွေ ကိုပဲ သွားမေးရမှာဖြစ်ပါတယ်။ ကျွန် တော်တို့ကို လာမေးလို့မရပါဘူး” ဟု အစ္စရေးအရာရှိတစ်ဦးကပ ပြောကြား ခဲ့သည်။ အာရာဖတ်သည် အနောက် ဖက်ကမ်းခြေ ရုံးချုပ်တွင် အကြိမ်ကြိမ် ဆေးဝါးကုသမှု ခံယူခဲ့ပြီးနောက် ပြင် သစ်နိုင်ငံသို့ သွားရောက်ကုသခဲ့ရာ ၂၀ဝ၄ နိုဝင်ဘာ ၁၁ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment