HOME

Sunday, July 1, 2012

ဆီးရီးယား တိုက်လေယာဉ်မှူးတစ်ဦး ဂျော်ဒန်တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်း....!

ဆီးရီးယား တိုက်လေယာဉ်မှူးတစ်ဦး ဂျော်ဒန်တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်း

(အေအက်ဖ်ပီ) ၀င်းသော်တာ ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

ဂျော်ဒန်နိုင်ငံ စစ်လေယာဉ်ကွင်းသို့ ဆိုက်ရောက်လာသည့် ဆီးရီးယားလေတပ်မတော်မှ မစ်-၂၁ တိုက်လေယာဉ်နှင့် ဘက်ပြောင်းလာသည့်လေယာဉ်မှူး။
      (ဓာတ်ပုံ-အေအက်ဖ်ပီ)
ဒမတ်စကတ် - အပစ်အခတ်ရပ်စဲရန် ဧပြီလကတည်းက ပြောကြား ထားသော ဆီးရီးယားနိုင်ငံတွင် တိုက်ခိုက်မှုများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည်ဟု လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်စဉ် ဆီးရီးယား လေတပ်ဗိုလ်မှူးကြီးတစ်ဦးက ၎င်း၏
မစ်-၂၁ တိုက်လေယာဉ်ကို ဇွန်လ ၂၁ ရက်နေ့က ဂျော်ဒန်နိုင်ငံ၌ ဆင်းသက်ခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။
ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့၏ အခွင့် အာဏာအရှိဆုံး အဖွဲ့ခွဲများထဲက အဖွဲ့ တစ်ဖွဲ့မှ ပထမဆုံး ဘက်ပြောင်းလာသူတစ်ဦးဖြစ်သည့် အဆိုပါ တိုက်လေ ယာဉ်မှူးမှာ နယ်စပ်ကို အန္တရာယ်ကင်းစွာ ဖြတ်ကျော်နိုင်ရေး အတွက် ရေဒါတွင်မပေါ်စေရန် ရှောင်ကွင်း ပျံသန်းခဲ့သည်ဟုဆိုသည်။
ဆီးရီးယားနိုင်ငံတွင် ဇွန်လ ၂၁ ရက် နေ့က တိုက်ခိုက်မှုများဖြစ်ပွားရာ လူ ၁၆၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူ များက ပြောကြားခဲ့သည်။
ယင်းမှာ ၂၀၁၁ ခုနှစ်၊ မတ်လမှ စတင်ဖြစ်ပွား သော ဆူပူအုံကြွမှုများတွင် အဆိုးရွားဆုံး သွေးမြေကျသည့် နေ့များထဲမှ တစ်နေ့ ဖြစ်လာသည်။
"၀န်ကြီးများအဖွဲ့ကောင်စီက လေယာဉ်မှူး ဗိုလ်မှူးကြီး ဟာဆန် မာရီ အယ်လ်ဟာမိတ်ကို နိုင်ငံရေးခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဂျော်ဒန် ပြန်ကြားရေးဝန်ကြီး ဆာမီမာအေတား က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
လေယာဉ်မှာ ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဒါရာမြို့နှင့် ဆ၀ီဒါမြို့ကြားရှိ စစ်စခန်းတစ်ခုမှ အရှိန်ပြင်းစွာ ပျံတက် သွားပြီး ရေဒါ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်ရန်အတွက် အမြင့်ပေ အနိမ့်ပိုင်းမှ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံ ဆီးရီးယား အမျိုးသား ကောင်စီက ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်မှူးမှာ ဆီးရီးယား နိုင်ငံအရှေ့ပိုင်း ဒီယာအက်ဇောမြို့မှ ဖြစ်ပြီး ၎င်းနှင့် ၎င်း၏ မိသားစုမှာ သမ္မတ ဘာရှာအယ်လ် အာဆတ်၏ အစိုးရကို ဆန့်ကျင်သူများဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဂျော့ဂ်ျ ဆာဘရာ က ပြောကြားခဲ့သည်။
ဆီးရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက နိုင်ငံပိုင်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ခဲ့သော ကြေညာချက်တစ်စောင်တွင် ဟာမိတ်မှာ ၎င်း၏ စစ်ဘက်ဆိုင်ရာ ဂုဏ်ပုဒ်ကိုမှမထောက်ဘဲ နိုင်ငံကို သစ္စာဖောက်သွားသည့် တပ်ပြေးတစ်ဦးဖြစ်ပြီး ၎င်းကို စစ်တပ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

No comments:

Post a Comment