HOME

Saturday, July 14, 2012

အီရန်နိုင်ငံ၏ တာဝေးပစ်ဒုံး ကျည်သည် အစ္စရေးနိုင်ငံသို့ပစ်ခတ်နိုင်ကြောင်:.......!

အီရန်နိုင်ငံက ဒုံးကျည် အမျိုးမျိုးနှင့် မောင်းသူ မဲ့ ဗုံးကြဲ လေယာဉ် တို့ကို စမ်းသပ် ပစ်ခတ်
                                                      
အီရန်နိုင်ငံသည် ဇူလိုင်လ ၃ ရက် နေ့တွင် ဒုံးကျည်အမျိုးမျိုးနှင့် မောင်းသူမဲ့ ဗုံးကြဲလေယာဉ် များကို စစ်ရေးလေ့ကျင့်မှု တစ်ရပ်အတွင်း စမ်းသပ်ခဲ့ကြောင်း သိရ သည်။ သုံးရက် အကြာပြုလုပ်မည့် အီရန် နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှု ဒုတိယမြောက် နေ့တွင် ယင်းကဲ့သို့စမ်းသပ်ခဲ့ခြင်းဖြစ် သည်။

အီရန်နိုင်ငံ၏ တာတိုပစ်၊ တာလတ် ပစ်နှင့် တာဝေးပစ် ဒုံးကျည်အားလုံးတို့ သည် ရန်သူ့နေရာများအဖြစ် စိတ်ကူး သတ်မှတ်ထားသည့် အီရန်နိုင်ငံအလယ် ပိုင်းသဲကန္တာရအတွင်းရှိ ပစ်မှတ်များအား လုံးသို့ ကျရောက်ခဲ့ပြီး စမ်းသပ်မှုများ အောင်မြင်ခဲ့ကြောင်းသိရသည်။ အလယ် ပိုင်း သဲကန္တာရအတွင်းရှိ ပစ်မှတ် ၁၀ဝ ကျော်ကို ဒုံးကျည်များရောက်ရှိခဲ့သည်ဟု ဆိုသည်။ အီရန်နိုင်ငံ၏ အချို့သော ဒုံး ကျည်များသည် ကီလိုမီတာ ၂၀ဝ၀ အထိ ရောက်နိုင်ပြီး ကီလိုမီတာ ၃၀ဝ၊ ၅၀ဝ၊ ၈၀ဝ နှင့် ၁၃၀ဝ အကွာအဝေးသို့ ရောက် နိုင်သော ဒုံးကျည်များကိုလည်း စမ်းသပ်ခဲ့ ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည် အားလုံးတို့သည် ပြည်တွင်း၌ ထုတ်လုပ် သည့်ဒုံးကျည်များဖြစ်သည်ဟု ဆိုသည်။
၎င်းအပြင် အီရန်နိုင်ငံ၏ မောင်းသူမဲ့ဗုံးကြဲ လေယာဉ်များမှာလည်း ရန်သူစခန်းများ အဖြစ် စိတ်ကူးသတ်မှတ်ထားသည့် အီရန် နိုင်ငံ၏ လက်သဲကန္တာရ တောင်ပိုင်းနေရာ များသို့ အောင်မြင်စွာ ကျရောက်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ၏ တာဝေးပစ်ဒုံး ကျည်သည် အစ္စရေးနိုင်ငံသို့ ထိရောက်စွာ ပစ်ခတ်နိုင်သောကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင် တင်းမာမှုများကို ပို၍ အရှိန် မြှင့်ပေး လိုက်သကဲ့သို့ရှိကြောင်း သိရ သည်။

No comments:

Post a Comment