HOME

Tuesday, July 31, 2012

အစ္စရေးစစ်ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘန်နီဂန့်ဇ်သတိပေးပြောကြား.....!

အစ္စရေး စစ်ဦးစီးချုပ် သတိပေး


ဆီးရီးယား၏ ဓာတု လက်နက် တိုက်များကို တိုက်ခိုက် ဖျက်ဆီး ပါက ပိုမို ကြီးမား သောဒေသ တွင်း ပဋိပက္ခတစ်ရပ် စတင်ဖြစ်ပွား လာနိုင်ကြောင်း အစ္စရေးစစ်ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘန်နီဂန့်ဇ် က အင်္ဂါနေ့တွင်သတိပေးပြောကြား လိုက်သည်။"ကျွန်တော်တို့ စစ်တပ် က ထိခိုက်နစ်နာမှုတွေဖြစ်နိုင်တဲ့ တိုက်ခိုက်မှုတွေ လုပ်မှာမဟုတ်ပါ ဘူး။ ဒါပေမယ့် တိုက်ခိုက်မှု လုပ်ခဲ့ မယ်ဆိုရင် ကျွန်တော်တို့တစ်တွေ ပိုမို ကြီးမားတဲ့ ပဋိပက္ခနွံထဲ ရောက်သွား နိုင်ပါတယ်" ဟုဘန်နီဂန့်ဇ်က ပါလီ မန်နိုင်ငံခြားရေးရာနှင့် ကာကွယ် ရေးကော်မတီကို ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရသည် ဒေသတွင်း တွင် ကာကွယ်ရေးစွမ်းပကားများ တိုးမြှင့်နေပြီး ၄င်းတို့လက်ထဲတွင် အရှေ့အလယ်ပိုင်းဒေသ၏ အကြီးဆုံး အဖျက်လက်နက်တိုက်များ ပိုင်ဆိုင် ထားသည်။ သို့သော် ယင်းလက်နက် များကို မသုံးသေးချေ။ မည်သို့ဆိုစေ ယင်းအခြေအနေ ပြောင်းလဲလာနိုင် ကြောင်း ထိုအခါလိပ်ခဲတည်းလဲအခြေ အနေနှင့်ရင်ဆိုင်လာရမည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။
ဆီးရီးယား အစိုးရက ဓာတုလက်နက်များကို နယ် စပ်အနီးရှိ လေဆိပ်များသို့ ရွှေ့ပြောင်း နေပြီဟု ဆီးရီးယားသူပုန်အုပ်စု လွတ် လပ်မည့်ဆီးရီးယားတပ်မတော်(FSA) အင်္ဂါနေ့တွင်ကြေညာခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ဖိအားပေးလိုက် ခြင်းပင်ဖြစ်သည်။ ယင်းလက်နက် များကို နိုင်ငံတကာတပ်ဖွဲ့များက စစ် ရေးအရ ဝင်ရောက်စွက်ဖက်လာ လျှင် အသုံးပြုမည်ဖြစ်ကြောင်း အရပ်သားများအပေါ် ရည်ရွယ် တိုက်ခိုက်မည် မဟုတ်ကြောင်း ဆီး ရီးယားအရာရှိတစ်ဦးက တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။
သို့သော် ယင်းလက်နက်များဖြင့် အစ္စရေးကို ဦးတည်တိုက်ခိုက်နိုင်ကြောင်း(FSA) ကစိုးရိမ်လျက်ရှိသည်။ အမေရိကန် သမ္မတအိုဘားမားကလည်း ယင်း လက်နက်များအသုံးပြုပြီး ဝမ်းနည်း ဖွယ်အမှားတစ်ခု မကျူးလွန်မိစေ ရန် အာဆက်ကိုသတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆီးရီးယား၏ အခြေအနေအရပ်ရပ်ကို အစ္စရေးစစ် တပ်ကအနီးကပ်စောင့်ကြည့်နေပြီး နယ်စပ်တစ်လျှောက်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားကာ အမြင့်ဆုံးတပ် လှန့်မှုများလုပ်ခဲ့သည်။

No comments:

Post a Comment