HOME

Saturday, July 21, 2012

ဟော်မုဇ်ရေလက်ကြား၌မောင်းသူမဲ့ရေငုပ်သင်္ဘော အမေရိကန်ချထား...!

ပင်လယ်ကွေ့တွင် မောင်းသူမဲ့ရေငုပ်သင်္ဘော အမေရိကန်ချထား

(အေအက်ဖ်ပီ)ဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

ဟော်မုဇ်ရေလက်ကြားတွင် လှုပ်ရှားနေသည့် အီရန်တော်လှန်ရေး အစောင့်တပ်မှ အမြန်ရေယာဉ်တစ်စင်း။
                             (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဝါရှင်တန် - ဟော်မုဇ်ရေလက်ကြား၌ အီရန်နိုင်ငံ၏ ရေမြှုပ်မိုင်းများ ချထား၍ ပိတ်ဆို့ခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန်သည် မောင်းသူမဲ့ ရေငုပ် သင်္ဘောငယ်များကို ပင်လယ်ကွေ့ အတွင်းချ ထားပြီးဖြစ်ကြောင်း အရာရှိ များက ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောသည်။

ပါရှားပင်လယ်ကွေ့နှင့် အာရေဗျ ပင်လယ်အတွင်း ဆီးဖောက်စ်ဟု အမည်ရသည့် မောင်းသူမဲ့ မိုင်းရှင်း ရေငုပ်သင်္ဘောကို ချထားပြီး ဖြစ်သည်ဟု ရေတပ်အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။
ကင်မရာတစ်လုံးနှင့် အသံလှိုင်း အာရုံခံကိရိယာ တပ်ဆင်ထားသည့် ရေငုပ် သင်္ဘောသည် အရှည်လေးပေခန့် ရှိပြီး သင်္ဘောတစ်စင်းမှ ကေဘယ်လ်ကြိုး တစ်ချောင်းဖြင့် ထိန်းချုပ်ထားသည်။ ရေငုပ်သင်္ဘောငယ်သည် ပေ ၃,၂၀၀ ခန့်အထိ အာရုံခံ သွားလာနိုင်ကာ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို သယ် ဆောင်၍ မိုင်းများကို ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ဂျာမန် ထုတ်လုပ်ရေးပညာရှင် အက်တလတ်စ် အီလက်ထရိုနစ်က ပြောသည်။
"ဆီးဖောက်စ် ကိရိယာတွေကို ပါရှား ပင်လယ်ကွေ့မှာရှိတဲ့ မိုင်းရှင်း သင်္ဘော တွေကနေ လွှတ်ပြီးထိန်းချုပ်မှာပါ" ဟု အဆိုပါ ရေတပ်အရာရှိကဆိုသည်။
အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူက လီးယားအစီအစဉ်ကို ရပ်ဆိုင်းရန် ယင်း နိုင်ငံ၏ လောင်စာဆီတင်ပို့မှုများအား အနောက်နိုင်ငံ အစိုးရများက ဆက်လက် ပိတ်ဆို့ထားပါက ကမ္ဘာ့ လောင်စာဆီ ရောင်းဝယ်ရေး၏ ငါးပုံ တစ်ပုံခန့် ဖြတ်သန်းသွားလာရာ ဟော်မုဇ် ရေလက် ကြားကို ပိတ်ဆို့သွားမည်ဟု ယခုနှစ် အစောပိုင်းက အီရန်နိုင်ငံ၏ ခြိမ်းခြောက် မှုများ ပြင်းထန်လာခဲ့သည်။
"ဘယ်လိုအခြေအနေမျိုးမှာမဆို စစ်ဦးစီးချုပ်တွေမှာ အစီအစဉ်တွေရှိ ရမှာဖြစ်တဲ့အတွက် ဟော်မုဇ်ရေလက် ကြားကို ပိတ်ပစ်ဖို့ ကျွန်တော်တို့မှာအစီ အစဉ်တွေရှိပါတယ်" ဟု အီရန်စစ် တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟတ်ဆန် ဖာရောက်ဇာဘာဒီက ဇူလိုင်လ ၆ ရက် နေ့ နှောင်းပိုင်းတွင် ပြောသည်။
"ဒါပေမယ့် နိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်သ၍ အီရန်ဟာ ရေလက် ကြားကို ပိတ်ဦးမှာမဟုတ်သေးပါဘူး" ဟု လောင်စာဘဏ္ဍာငွေ ရရှိမှုကိုရည်ညွှန်း လျက် ဖာရောက်ဇာဘာဒီကဆိုသည်။
သို့ရာတွင် ယင်းသို့ ပိတ်ဆို့ရေး အတွက် နိုင်ငံတော်အမျိုးသားလုံခြုံရေး ကောင်စီနှင့် ခေါင်းဆောင်ကြီး အယာ တိုလာခါမေနီ၏ ဆုံးဖြတ်ချက်ရမှ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။
ဇူလိုင်လ ၁ ရက်နေ့က စတင်အကျိုး သက်ရောက်ခဲ့သည့် ဥရောပသမဂ္ဂ၏ အီရန် လောင်စာတင်ပို့မှုအပေါ် ပိတ်ပင် တားဆီးမှုကို ဆန့်ကျင်သောအားဖြင့် ဥရောပသို့ဦးတည်သော လောင်စာတင် သင်္ဘောများကို ရေကြောင်းပိတ်ဆို့ရန် တောင်းဆိုသည့် ဥပဒေ မူကြမ်းအား အီရန် ပါလီမန်၏ ဥပဒေပြုအရာရှိ သုံးပုံနှစ်ပုံကျော်က ယခုသီတင်းပတ် အတွင်း ထောက်ခံလိုက်သဖြင့် ပြဿနာ များမှာ ပိုမိုအရှိန်ရလာခဲ့သည်။
ယင်းအခြေအနေများကြောင့် အမေ ရိကန်ကလည်း ဒေသတွင်း၌ ယင်း၏ တည်ရှိနေမှုကို ပိုမိုနေရာယူလာကာ ဒေသတွင်း၌ တည်ရှိပြီးဖြစ်သော မိုင်းရှင်း သင်္ဘောများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဇွန်လအစောပိုင်းက မိုင်းရှင်း သင်္ဘော လေးစင်း ထပ်မံစေလွှတ် ခဲ့သည်။ အမေ ရိကန် ရေတပ်တွင် အမ်အိပ်ခ်ျ-၅၃ ရဟတ် ယာဉ်များနှင့် ရေပေါ်စခန်းအဖြစ်သို့ ပြောင်းလဲနိုင်သော ကုန်းနှင့်ရေပါ သွားလာနိုင်သည့် စစ်သင်္ဘောတစ်စင်းလည်း ရှိကာ ဘာရိန်းနိုင်ငံတွင် အခြေစိုက် ထားသည်။

No comments:

Post a Comment