HOME

Friday, August 10, 2012

ဆီးရီးယား ငြိမ်းချမ်းရေးသံတမန် ရာထူးမှနုတ်ထွက်......။

ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးသံ ကိုဖီအန်နန် ရာထူးမှနုတ်ထွက်

(အေအက်ဖ်ပီ) ၀င်းသော်တာ ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

ဆီးရီးယား ငြိမ်းချမ်းရေးသံတမန် တာဝန်မှ နုတ်ထွက်သွားသည့် ကိုဖီ အန်နန်။
ဓာတ်ပုံ - အေအက်ဖ်ပီ
အလက်ပို - ကိုဖီအန်နန်က ၎င်း၏ ဧပြီ ငြိမ်းချမ်းရေးအစီအစဉ်မှာ အဓိက အင်အားကြီးနိုင်ငံများ၏ ကူညီထောက် ပံ့မှုကိုမရရှိခဲ့ဟုဆိုကာ ဆီးရီးယားနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ-အာရပ်အဖွဲ့ချုပ်၏ သံတမန်အဖြစ် တာဝန်ထမ်းဆောင် နေခြင်းမှ နုတ်ထွက်လိုက်သည်။
အတိုက်အခံတပ်ဖွဲ့များကို နှိမ်နင်းရန် ဆီးရီးယားစစ်တပ်က အလက်ပိုမြို့ တော်တစ်ဝိုက်တွင် တင့်ကားများနှင့် တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို တပ်ဖြန့်ချထားခဲ့သည်။ ၁၇ လကြာမြင့် သည့် ပဋိပက္ခအတွင်း စစ်တပ်မှ အကြမ်းဖက်နှိမ်နင်းမှုများ ယခုကဲ့သို့ ပိုမိုတိုးမြင့်လာခြင်းကို ကိုဖီအန်နန်က စိတ်ထိခိုက်ခဲ့ရသည်ဟု ဆိုသည်။
ဆီးရီးယားနိုင်ငံတွင် သွေးထွက်သံယို မှုများ အဆုံးသတ်သွားရန် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခြင်းကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီက တားဆီး ပိတ်ပင်ခဲ့သည်ဟု ကိုဖီအန်နန်က စွပ်စွဲကာ ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့သည်။
ဧပြီလ ၁၂ ရက်နေ့မှစ၍ အပြန် အလှန်အပစ်အခတ်ရပ်စဲရေး ပါရှိသည့် အချက်ခြောက်ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင် အထည်ဖော်ရန် ၎င်း၏ကြိုးပမ်းမှုကို ဘာမဟုတ်သည့် ကိစ္စနှင့် အငြင်းပွားနေခြင်းကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ကိုဖီ အန်နန်က ပြောကြားခဲ့သည်။
၎င်း၏ နုတ်ထွက်သွားမှုကြောင့် အဓိက အင်အားကြီး နိုင်ငံများအကြားတွင် လည်း အပြန်အလှန် စွပ်စွဲမှုများ ပေါ်ပေါက်လာခဲ့သည်။ "ရရှိရမယ့် အကူအညီအထောက် အပံ့တွေအားလုံးကို ကျွန်တော်မရခဲ့ ပါဘူး" ဟု နယူးယော့ခ်မြို့ရှိ ကုလ သမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ကိုဖီအန်နန် နုတ်ထွက်သွားကြောင်း ကြေညာပြီး နောက် ဩဂုတ်လ ၂ ရက်နေ့တွင် ဂျနီဗာမြို့၌ အလောတကြီး စီစဉ်ခဲ့ ရသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အန်နန်က ပြောကြားခဲ့သည်။
"ခင်ဗျားတို့သိရမှာက သံတမန် တစ်ယောက်အနေနဲ့ ကျွန်တော်က ဒီကိစ္စမှာ ကာယကံရှင်တွေထက်၊ လုံခြုံရေးကောင်စီထက်၊ ဒါမှမဟုတ် နိုင်ငံတကာအသိုင်းအ၀ိုင်းထက် ပိုပြီး ငြိမ်းချမ်းရေးကို လိုချင်နေလို့မရပါဘူး။
"လုံခြုံရေးကောင်စီအတွင်းမှာ စည်းလုံးညီညွတ်မှုမရှိတာနဲ့ ဆီးရီးယား မှာ အကြမ်းဖက်နှိမ်နင်းမှုတွေ ပိုတိုး လာတာက ကျွန်တော့ အခန်းကဏ္ဍကို လုံးလုံးပြောင်းလဲပစ်လိုက်တာပါပဲ" ဟု ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်၏သံတမန် ကိုဖီအန်နန်က ပြောကြားခဲ့ သည်။

No comments:

Post a Comment