HOME

Saturday, August 18, 2012

ရှင်ဖော်ရှင်ဖက် သွေးသောက်မိတ်ဆွေ ....!

ဆီးရီးယားသည် အီရန်နိုင်ငံ၏ ရှင်ဖော်ရှင်ဖက် သွေးသောက်မိတ်ဆွေ နိုင်ငံဖြစ်သည်ဟု အီရန်နိုင်ငံ လုံခြုံရေးအကြီးအကဲက သမ္မတအာဆတ်အားပြော  
                                                           (သမ္မတ ၂-ဦး)




ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ ဆီးရီးယားပြည်သူများ၏ မြင်ကွင်းမှ ပျောက်ကွယ်နေသော သမ္မတအာဆတ်ကို သြဂုတ်လ ၇ ရက်နေ့ တွင် အီရန်နိုင်ငံမှ အရေးပေါ်ရောက်ရှိလာသော လုံခြုံရေးအကြီးအကဲအား လက်ခံတွေ့ဆုံသည့်သတင်းနှင့်အတူ သမ္မတအာဆက် ၏ဓာတ်ပုံကိုထုတ်ပြန်ပေးခဲ့သည်။



ယင်းသတင်းထုတ်ပြန်ချက်သည် ဆီးရီးယားနိုင်ငံဝန်ကြီးချုပ် ရီးယတ် ဟာဂျပ် Riad Hijab က ဆန့်ကျင်ဘက် အင်အားစုများ ဘက် ကူးပြောင်းသွား ပြီးနောက် ထွက်ပေါ်လာသည့်သတင်းဖြစ်သည်။
အီရန်လုံခြုံရေးအကြီးအကဲ ဆာဟိဂျလီလီ Saeed Jalili က ဆီးရီးယား နိုင်ငံသည် ရန်သူများကို ခုခံကာကွယ်ပေးနိုင်သည့်အဓိကဝန်ရိုးကိုပိုင်ဆိုင်ထားသည့်အခြေအနေ၌ရှိဟု အားပေးစကားပြောခဲ့သည်။
ဇူလိုင်လ ၂၂ ရက်က ဒါမတ်ကတ်မြို့၌ ဗုံးခွဲမှု၌ ဆီးရီးယားအစိုးရ ကာကွယ်ရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူလေးဦး သေဆုံး သွားခဲ့ပြီး ဟာဆတ်သည် သတင်းမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။
ဆီးရီးယားနိုင်ငံသည်အီရန်နိုင်ငံနှင့်အာရပ်အရှေ့အလယ်ပိုင်းဆက်သွယ်မှု၌အဓိကဆုံမှတ်တစ်ခုဖြစ်သည်။ ပမာအားဖြင့် အီရန်နှင့် လက်ဘ နွန်ရှိ ဟစ်ဘိုလာ၊ ဂါဇာကမ်းမြောင်ရှိ ဟားမားစ်အဖွဲ့များနှင့် ဆက်သွယ်ရန်ဖြစ် သည်ဟု ဘီဘီစီသံတမန် သတင်းထောက် ဂျန်နသန်မားကပ်ကပြောခဲ့သည်။

No comments:

Post a Comment