HOME

Tuesday, August 28, 2012

အီရန်နိုင်ငံအား တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်.....!

အီရန်နိုင်ငံကို သမ္မတအိုဘားမား ဇွန် ၂ဝ၁၃ ခုနှစ်၌ တိုက်တော့မည်
 
                                                      (  Martin Dempsey  )    
 
 
အမေရိကန်နိုင်ငံ၏ ထိပ်တန်းပူးတွဲစစ်ဦးစီးများအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒင်းဆေး- Martin Dempsey က အီရန်ကို အမေရိကန်နိုင်ငံက တိုက်ခိုက်မှုဖြစ်မြောက်မည်၊ မဖြစ်မြောက်မည်မှာ မသေချာသော်လည်း အစီအစဉ်ရှိ နေသည်ဟုဆိုသည်။ အီရန်နိုင်ငံအား တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သည့် အချက်အလက်များစွာကလည်း ရှိနေသည်။

- Times of Isreal သတင်းစာ၏ အဆိုအရ-အစ္စရေးရုပ်သံ၏ ထုတ်ပြန်ကြေညာချက်တစ်ခု၌ အကယ်၍ အီရန်နိုင်ငံသည် သူ၏ ညူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ စွန့်လွှတ်ခြင်းမရှိပါက အမေရိကန်နိုင်ငံ အနေနှင့် စစ်ရေးအရ အရေးယူဆောင်ရွက်မည်ဟု သမ္မတအိုဘားမားက အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတာညာဟူ ကို ကတိပေးခဲ့သည်ဟု ဖော်ပြသည်။
- Haaretz အစ္စရေးနိုင်ငံ၏ သက်တမ်း ၉၈ နှစ်ရှိပြီဖြစ်သော သတင်းစာကြီး၌ ဖော်ပြထားသည်မှာ- ဗိုလ်ချုပ်ကြီး မာတင်ဒင်းဆေးက အီရန်နိုင်ငံ၏

ညူအစီအစဉ်အားလုံးနှင့် ပတ်သက်၍ တိုက်ခိုက်ရန် အစီအစဉ်မှာ လုံးဝရပ်ဆိုင်းထားခြင်းမဟုတ်ဘဲ အစီအစဉ် ကို ခေတ္တဆိုင်းငံ့ထားခြင်းသာဖြစ်သည်ဟု ပြောသည်။
- The Daily Best သတင်းစာမှ ဆောင်းပါးရှင် Benny Morris က အီရန်နိုင်ငံကို အစ္စရေးတို့က စတင်တိုက်ခိုက်မှုကို အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီ ကြိုတင်၍ တားမြစ်ထားရမည်ဟုဆိုသည်။
သမ္မတအိုဘားမားသည် အစ္စရေးတို့ကို ကတိပေးထားခဲ့သည်မှာ သူသာပြန်လည်အရွေးခံရပါက ၂ဝ၁၃ ခု မတ်လ၌ အမေရိကန် ရေတပ်၊ ကြည်းတပ်၊ လေတပ်များ အားလုံးကို အမိန့်ပေးတော့မည်။ အီရန်နိုင်ငံကပြုလုပ်နေသော လက်နက်ဖြန့်ဖြူးရေး အဆောက်အအုံ၊ ရုံး၊ မြေပေါ်မြေအောက်အပါအဝင် အီရန်နိုင်ငံ၏ ညူလက်နက်စီမံကိန်းအားလုံးကို ဖျက်ဆီးပစ်မည်ဟု ဆိုခဲ့သော ကြောင့်ဖြစ်သည်။ ယင်းကတိသည် အာမခံချက်မရှိသော်လည်း အချိန်မရွေးပျက်သွားနိုင်သည်။ ဤသည်မှာ ထင်မြင်ချက် ဟုလည်း ဆိုနိုင်သည်။
သို့သော် အစ္စရေးနိုင်ငံသားအချို့ တို့က ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို စမ်းသပ်ဝတ်ဆင်ကြည့်နေသည်ကို သြဂုတ်လ ၁၂ ရက်နေ့ကတည်းက တဲအဲဗစ်မြို့၌တွေ့နေကြရသည်။
ဝန်ကြီးချုပ် နေတာညာဟူက လည်း အီရန်တို့၌ ညူဗုံးရှိနေပြီဖြစ်၍ အစ္စရေးတို့၏ လုံခြုံရေးကို ခြိမ်း ခြောက်ခံနေရသည်ဟု သတိပေးထားသည်။ ယင်းဖြစ်ရပ်များကို ကြည့် လျှင် အစ္စရေးတို့သည် မကြာလှသော အချိန်ကာလ၌ အီရန်ကို စစ်ဆင်နွှဲဖွယ် ရှိနေသည်။ အစ္စရေးအရပ်သားတပ်ဖွဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ မာတင်ဗီနိုင်း-Matan Vilnai သည် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး လည်း ဖြစ်သည်။ သူက Maaris ဆိုသည့် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အီရန်သာ စစ်တိုက်ရပါက တိုက်ခိုက်ရမည့် ကာလသည် တစ်လအထိရှည်ကြာသွားမည်။ စစ်မျက်နှာသည် တစ်နေရာတည်း၌မဟုတ်။ နေရာအနှံ့၌ ဖြစ်မည်။ အစ္စရေးမြို့အားလုံး ပျက်စီးမည်။ သေဆုံးသူ ၅ဝဝ ခန့်ရှိမည်ဟု ဆိုသည်။ ''ဒီစစ်ပွဲမှာ စိတ်ပူပန်စရာအကြောင်း ဘာမှမရှိဘူး။ အစ္စရေးတပ်ဖွဲ့ဝင်တွေ အဟာ အဆင်သင့်ဖြစ်နေတာ။ ဘယ်တုန်းနဲ့မှ မတူတဲ့အခြေအနေပဲ''ဟုပြောသည်။
ယင်းတွေ့ဆုံမေးမြန်းခန်းနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် အစ္စရေးမီဒီယာများ ကလည်း အစ္စရေးတပ်ဖွဲ့ဝင်များသည် အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ မတိုင်မီ အီရန်ကို တိုက်ခိုက်လိမ့်မည်ဟု ရေးခဲ့ကြ၏။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နီတာ - Leon Panetta က အစ္စရေးတို့ ယင်းသို့ဆုံးဖြတ်ချက်မျိုးချမည်ဟု သူ မယုံကြည်ဟု ဖြေရှင်းချက် ပေးသည်။
ဝန်ကြီး Vilnai ကမူ အစ္စရေးတို့က အီရန်နှင့် စစ်တိုက်မည်လားဟု သူ့ကိုမေးပါက ''ကျုပ်ကတော့ အဲဒီလို အချိန်ကုန်တဲ့ စကားရည်လုပွဲမျိုးမှာ ကျုပ်မပါဘူး။ အမေရိကန်ဆိုတာ ကျုပ်တို့ရဲ့ အရင်းနှီးဆုံး အကောင်းဆုံး မိတ်ဆွေပဲ။ အခုလိုကိစ္စမျိုးမှာလည်း အတူပူးပေါင်းဆောင်ရွက်ကြမှာပါပဲ'' ဟုဆိုသည်။
ကာကွယ်ရေးဝန်ကြီး အေးဟုဘားရတ်-Ehud Barak ဝန်ကြီး Vilnai ၏ စကားနှင့် တစ်ထပ်တည်းသော စကားအတိုင်း ပြောခဲ့သည်။
Vilnai က ''စစ်ဖြစ်တယ်ဆိုတာ နည်းနည်းတော့ အသက်ပေးရမှာပေါ့။ ဒီ့ထက်လည်းပိုချင်ပိုမယ်လေ။ ဒါပေမယ့် ဖြစ်လာမယ့်မြင်ကွင်းကို ကျုပ်တို့က တွေးပြီးပြင်ဆင်ထားပြီးပါပြီ။ ကျုပ်တို့ရဲ့ အကောင်းဆုံးကျွမ်းကျင်သူတွေနဲ့ လည်း တိုင်ပင်ပြီးပါပြီ။ ခန့်မှန်းခြေ ရက် ၃ဝ စစ်ပွဲဆိုပေမယ့် စစ်မျက်နှာက နေရာအနှံ့မှာဖြစ်မှာလေ။ အီရန် ကျောထောက်နောက်ခံပြုတဲ့ စစ်ဆိုတာ ပြောက်ကျားလက်ဘနွန်နဲ့ ပါကစ္စတန်စစ်သွေးကြွတွေကလည်း ဂါဇာကမ်း မြောင်ကနေ အစ္စရေးနိုင်ငံကို ဒုံးပျံတွေနဲ့ ပစ်ခတ်ကြမှာလေ''ဟုဆိုသည်။ါ
အစ္စရေးနိုင်ငံ၏ စီးပွားရေးအချက်အချာ တဲအဲဗစ်မြို့ကို ဒုံးပျံများ ကျမည်လားဆိုသည့်စကားကို Vilnai က ထည့်သွင်းမပြောပေ။ သို့သော် ၂ဝဝ၈ နှင့် ၂ဝဝ၉ ကာလက ဂါဇာကမ်းမြောင်သီတင်းသုံးပတ်စစ်ပွဲနှင့် ၂ဝဝ၆ ခုနှစ် ၃၄ ရက်ကြာ ဟစ်ဘိုလာတို့နှင့် စစ်ပွဲများ၌ တဲအဲပစ်မြို့သည် ဒုံးပျံထိမှန်ခံရခြင်းမရှိခဲ့ပေ။
Vilnai ၏ အရပ်သားတပ်ဖွဲ့ ကာကွယ်ရေးဝန်ကြီးနေရာ၌ ပြည်တွင်း ထောက်လှမ်းရေးအေဂျင်စီ ရှင်ဘတ် Shin Bet ၏ အကြီးအကဲ Avrahan Dichter ကို ခန့်ထားရန် ဝန်ကြီးချုပ်က အမိန့်ထုတ်ထားပြီးဖြစ်သည်။
ဤဆောင်းပါးကိုရေးသူ Benny Morris ဆိုသူမှာ အစ္စရေးနိုင်ငံ၊ Beer sheba ရှိ Ben Gurion တက္ကသိုလ်မှ သမိုင်းဘာသာ ပါမောက္ခဖြစ်သည်။
Source : Reuters, The Dialy Beast, by J.Helle, C.Balmer.

No comments:

Post a Comment