HOME

Saturday, August 11, 2012

အာရပ်နိုင်ငံအများစုနှင့် တူရကီနိုင်ငံတို့က အာဆက်ကို ထွက်သွားရန် တောင်းဆို.....!

အစိုးရစစ်တပ်က မြို့ ကြီးများတွင် ထိုးစစ်ဆင် အာရပ်နိုင်ငံများက သမ္မတအာဆက်ကို ဆင်းစေလို
                                         (သမ္မတ ဘာရှား အယ်လ်အာဆက်)
ဆီးရီးယား နိုင်ငံ သမ္မတ ဘာရှား အယ်လ်အာဆက်၏ တပ်ဖွဲ့များသည် ၁၇ လကြာ အဓိကရုဏ်း ရလဒ်ကို ဆုံးဖြတ်နိုင်မည့် တိုက်ပွဲ တစ်ခု အဖြစ် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့တွင် ခြေကုပ်ယူထားသော သူပုန် တပ်ဖွဲ့ကိုနှိမ်နင်းရန် အမြောက်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် အပေါ်စီးပစ်ခတ်မှုများကို အသုံးပြု ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောဆိုခဲ့သည်။
ဆီးရီးယား အရေးတုံ့ဆိုင်းအောင် လုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်ကို ၄င်း၏ အပစ်အခတ်ရပ်စဲရေး အစီအမံနှင့်အတူ နုတ်ထွက်ခိုင်းခဲ့ပြီးနောက် သူပုန်များ မျှော်လင့် ထားသည့် အတိုင်း အယ်လက်ပိုမြို့နှင့် မြို့တော် ဒမတ်စကတ်တို့တွင် အပြင်းအထန်တိုက်ပွဲဆင်၍ သူပုန်တပ်ဖွဲ့များကို စနေနေ့တွင် ချေမှုန်းခဲ့သည်။

“ရဟတ်ယာဉ်တစ်စင်းရောက်လာတယ်။ ပြီးတော့ တစ်မိနစ်စီခြားပြီး ပေါက်ကွဲသံနှစ်သံကို ကျွန်တော်တို့ကြားလိုက်ရတာပါပဲ”ဟု ဆီးရီးယားနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဗဟိုချက်ဖြစ်သည့် အယ်လက်ပိုမြို့ရှိ ရိုက်တာသတင်းထောက်တစ်ဦးက ဆိုသည်။ ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် အယ်လက်ပိုမြို့ရှိ ဆာလာဟက်ဒင်ခရိုင်တွင် တိုက်ခိုက်ချေမှုန်းခဲ့သည်။ ゞင်းခရိုင်သည် လူဦးရေ ၂ ဒသမ ၅ သန်းနေထိုင်သည့် အယ်လက်ပိုမြို့ အဝင်ဖြစ်သည်။ လူပေါင်း ၁၈၀ဝ၀ ခန့် သေဆုံးခဲ့ဖူးသဖြင့် အဓိကရုဏ်းကြီးထွားခဲ့ဖူးသည့် မြို့ဖြစ်သည်။ အဆိုပါမြို့ရှိ အစိုးရတပ်ဖွဲ့များက“အပြင်းအထန်ထိုးစစ်ဆင်”မှုကြောင့် မိမိတို့၏ တိုက်ခိုက်ရေးသမားများကလည်း ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း ဒေသတွင်းသူပုန် တပ်မှူးတစ်ဦးက ဆိုသည်။
“သူတို့တွေဟာ သံချပ်ကာကားတွေ၊ လေယာဉ်တွေသုံးပြီး ကျွန်ုပ်တို့ကို သုံးလေးရက် ပစ်မယ်။ မြို့ကိုတိုက်ပြီးရင် သိမ်းမယ်ဆိုတဲ့ သူတို့အစီအစဉ်ကို ကျုပ်တို့သိပါတယ်”ဟု ဗိုလ်မှူးကြီး အက်ဘ်ဒဲလ်-ဂျက်ဘာ အယ်လ်-အိုကီဒီ က ထုတ်ဖော်ပြောဆိုခဲ့သည်။
ကိုဖီအာနန်နုတ်ထွက်သွားပြီးနောက်တွင် ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချရန်နှင့် ပြင်းထန်သော အရေးယူမှုကို သဘောတူလိုက်နာရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ ဝေဖန်ဆန်းစစ်ရန် ကုလသမဂ္ဂအထွေထွေညီလာခံက သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။
အနောက်သံတမန်များ တင်ပြခဲ့သည့် ဖြေရှင်းနည်းတစ်ရပ်တွင် ရုရှားနှင့် တရုတ်တို့ ထောက်ခံမှုရှိသော အာဆက်သည်အထီးကျန်ဖြစ်နေပြီဟုလည်း အလေးအနက်ထုတ်ဖော်ပြောဆိုခဲ့သည်။ ဆွန်နီမူဆလင်ပင်လယ်ကွေ့ အာရပ်နိုင်ငံအများစုနှင့် တူရကီနိုင်ငံတို့က အာဆက်ကို ထွက်သွားရန် တောင်းဆိုခဲ့ကြသည်ဟု ရိုက်တာသတင်းကဖော်ပြသည်။

No comments:

Post a Comment