HOME

Wednesday, August 1, 2012

အစ္စရေး၏ တောင်းဆိုမှုကို ဥရောပသမဂ္ဂ (အီးယူ)ကပယ်ချလိုက်သည်။

ဟစ်(စ်)ဘိုလာအား ကမ္ဘာ့အကြမ်းဖက် အဖွဲ့ စာရင်းထည့်ရန် အီးယူပယ်ချ




လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွ အဖွဲ့ကို ကမ္ဘာ့ အကြမ်းဖက် အဖွဲ့ အစည်းများ စာရင်းထဲ နာမည်ဆိုး စာရင်းထည့်သွင်းရန် အစ္စရေး၏ တောင်းဆိုမှုကို ဥရောပသမဂ္ဂ (အီးယူ) က အင်္ဂါနေ့တွင်ပယ်ချလိုက်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့အား ဥရောပအကြမ်း ဖက်သမားများ စာရင်းထဲ ထည့်သွင်း ရန် အချိန်ရောက်ပြီဟု နှစ်စဉ်ကျင်းပ နေကြ အီးယူ-အစ္စရေး အဖွဲ့အစည်း ကောင်စီ အစည်းအဝေးအပြီး သတင်း စာရှင်းလင်းပွဲ တစ်ရပ်တွင် အစ္စရေး ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အဗီဒါလီဘာမွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီအကြမ်းဖက်တိုက်ခိုက် မှုတွေရဲ့ နောက်ကွယ်မှာ ဟစ်ဇ်ဘိုလာ နဲ့ အီရန်တို့က ကြိုးကိုင်တာကို သက် သေအထောက်အထားတွေနဲ့တကွ ကျွန်တော်တို့ရရှိထားပါပြီ"ဟုအစ္စရေး ကမ္ဘာလှည့်ခရီးသည်(၅)ဦးနှင့် ဘူလ် ဂေးရီးယားယာဉ်မောင်း(၁)ဦးသေဆုံးခဲ့ သော ပြီးခဲ့သည့်သီတင်းပတ်က ဘူလ် ဂေးရီးယား၌ ဘတ်စ်ကားတစ်စီး ဗုံး ပေါက်ကွဲမှုကို ၄င်းကရည်ညွှန်း ပြော ကြားခဲ့သည်။သို့သော်ဟစ်ဇ်ဘိုလာအဖွဲ့ အား ကမ္ဘာအကြမ်းဖက်အဖွဲ့အစည်း စာရင်းထဲထည့်၍ အစ္စရေး၏ တောင်း ဆိုမှုကိုအီးယူဘက်က ပယ်ချခဲ့ခြင်းဖြစ် သည်။ ဟစ်ဇ်ဘိုလာကို အကြမ်းဖက် အဖွဲ့အစည်းစာရင်းထဲ ထည့်ဖို့အတွက် အီးယူရဲ့သဘောထားကို ဖော်ပြရမယ် ဆိုရင်ဒီဆုံးဖြတ်ချက်မူတို့က အီးယူ ကောင်စီများတစ်ခဲနက်ထောက်ခံချက် ရရှိဖို့လိုပါတယ်" ဟု အီးယူအလှည့် ကျ ဥက္ကဌဆိုက်ပရက်စ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး Erato kozakou Marcoullis က ပြောကြားခဲ့ပြီး ဟစ်ဇ်ဘိုလာမှာ နိုင်ငံရေးပါတီတစ်ခု၊လူမှုရေးဝန်ဆောင် မှုကွန်ရက်နှင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြင့်စုဖွဲ့ထားသော အဖွဲ့အစည်းတစ်ခု သာဖြစ်ကြောင်းသူမကရှင်းပြခဲ့သည်။

No comments:

Post a Comment