HOME

Wednesday, August 29, 2012

အစ္စရေးနိုင်ငံက အီရန်ကို တိုက်ခိုက်မယ်ဆိုရင် အမှားတစ်ခုကျူးလွန်တာပဲ။

အစ္စရေးတို့ အီရန်နှင့် စစ်ဖြစ်ပါက ရေရှည်ခံနိုင်ပါမည်လော


                                                           (စာရေးဆရာ Amos Oz)
 
 
အစ္စရေးနိုင်ငံ၌ ထင်ရှားကျော်ကြားသော စာရေးဆရာ Amos Oz က စစ်ပွဲဆိုသည်မှာ ပြည်တွင်းအင်အား မည်မျှထောက်ခံခြင်းက အခြေခံအလိုအပ် ဆုံးဖြစ်သည်ဟုဆိုသည်။ ''ဘယ်အပေါ်မှာ မူတည်သလဲဆိုတော့ အဲဒီစစ်ပွဲက လွဲပြီး တခြားရွေးစရာ မရှိတော့ဘူးလား။ ဒါမှမဟုတ် တမင်စစ်ပွဲကို ရွေးခဲ့တာ လားဆိုတာပဲ''
Oz က Reuters သတင်းဌာနကိုပြောရာ၌ -


''အစ္စရေးနိုင်ငံက အီရန်ကို တိုက်ခိုက်မယ်ဆိုရင် အမှားတစ်ခုကျူးလွန်တာပဲ။ ဘာကြောင့်လဲဆိုတော့ အီရန်ဆိုတာက တခြားနိုင်ငံနဲ့ မတူဘူး။ တကယ့် ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေတာ''
တဲအဲဗစ်မြို့ ပဋိပက္ခဖြေရှင်းရေး စီမံကိန်းမှ အကြီးအကဲ ဗိုလ်မှူးကြီးဟောင်း Moshe Tyomkin က ရေဒီယိုသတင်းနှင့် တွေ့ဆုံခန်းတွင် -
''ကျုပ်တို့က ဒုံးလက်နက်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေရှိပြီးသားပါ။ ဘယ်လိုဖြစ်မယ်ဆိုတာလည်း အသေအချာ သိပြီးဖြစ်ပါတယ်။ မြို့နေ ပြည်သူတွေကို အချိန်ပြည့် ထိတ်လန့်စရာတွေနဲ့ ပေါင်းစပ်ပြီးခြောက်လှန့်လို့မရနိုင်ပါဘူး''ဟုပြောသည်။
အစ္စရေးနိုင်ငံသမ္မတကြီးလည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်သူ Shimon Peres က ''စစ်ပွဲဆိုတာ အကျပ်အတည်း တစ်ခုပဲ။ ပြီးတော့ ကြေကွဲစရာဖြစ်လည်းဖြစ်တယ်။ စစ်ကိုရှောင်လွှဲလို့မရတော့ဘူးဆိုရင် ကိုယ့်မှာရှိသမျှ စွမ်းဆောင်နိုင်သမျှကို အသုံးချကြရမှာပဲ။ ငုတ်တုတ်သားကောင်တော့ အဖြစ်မခံနိုင်ဘူး''ဟု မှတ်ချက်ချသည်။
ကာကွယ်ရေးဝန်ကြီး Ehud Barak က အီရန်နှင့်စစ်ပွဲဖြစ်ပါက ပြည်သူ ၅ဝဝ ခန့် သေဆုံးမည်ဆို၍ အစ္စရေးပြည်သူ ၇.၈ သန်း နှင့် နှိုင်းယှဉ်လျှင် ရင်နာဖွယ်ဖြစ်သည်။ သို့သော် ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ လွတ်လပ်ရေးအတွက် ပြည်သူတစ်ရာခိုင်နှုန်း ဆုံးရှုံးရခြင်း၊ ၁၉၆၇၊ ၁၉၇၃ စစ်ပွဲနှင့် ပဋိပက္ခများတွင် ဆုံးရှုံးခဲ့ရမှုများနှင့် နှိုင်းယှဉ်ကြည့်ရမည်ဟုဆိုသည်။
Source : Renters. Dan Williams

No comments:

Post a Comment