- 22 October 2012 |
- By Pyi Myanmar
အစ္စရေးနိုင်ငံ၏ ကွန်ပျူတာ ကွန်ရက်ထဲသို့ နေ့စဉ် ဝင်ရောက် မွှေနှောက် ကာ နှောင့်ယှက်နေသော ကွန်ပျူတာ ဟက်ကာများမှာ အီရန် လူမျိုး များ ဖြစ် သည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုမှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဆိုက်ဘာကွန်ရက်ထဲကို တိုက်ခိုက်ခံရတာတွေ ပိုပိုများလာတယ်။ကျွန်တော့်တို့ အစိုးရပိုင် ကွန်ပျူတာတွေကို ဖျက်ဆီးဖို့ ကြိုးစား တဲ့ဖြစ်ရပ်တွေ နေ့တိုင်း ရှိနေတယ်” ဟု နေတန်ယာဟုက အစ္စရေးအစိုးရအဖွဲ့ဝင် သီတင်းပတ် အစည်းအဝေး၌ ပြောကြားခဲ့သည်။









