HOME

Saturday, October 20, 2012

အာရှ အဓိကအင်အားကြီး စစ်အသုံးစရိတ်တရုတ်ကဦးဆောင်နေ ..!

အာရှ စစ်အသုံးစရိတ်တိုးလာမှုတွင် တရုတ်ကဦးဆောင်နေ


ပေကျင်းမြို့၌ တရုတ်အမျိုသားနေ့ကျင်းပစဉ်ကာလအတွင်း ၎င်းတို့၏နောက်ဆုံးပေါ်ဒုံးကျည်ကို တရုတ်တပ်မတော်က လှည့်လည်ပြသစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီပေကျင်းမြို့၌ တရုတ်အမျိုသားနေ့ကျင်းပစဉ်ကာလအတွင်း ၎င်းတို့၏နောက်ဆုံးပေါ်ဒုံးကျည်ကို တရုတ်တပ်မတော်က လှည့်လည်ပြသစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ



ဝါရှင်တန် - ပြီးခဲ့သောဆယ်စုနှစ် အတွင်းက အာရှ အဓိကအင်အားကြီး နိုင်ငံများ၏ စစ်အသုံး
စရိတ်မှာ မကြုံစဖူး သိသိသာသာကြီး မြင့်တက်လာခဲ့ရာ ယင်းတွင် ၂၀၀၀ ပြည့်နှစ်ကစပြီး
ကာကွယ် ရေးအသုံးစရိတ် လေးဆတိုးလာသော တရုတ်နိုင်ငံမှာ ထိပ်ဆုံးကဦးဆောင်
လျက်ရှိကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ကထုတ်ပြန်သော လေ့လာမှု စစ်တမ်းတစ်
ခုအရ သိရသည်။

တရုတ်နိုင်ငံနှင့် အခြား အာရှနိုင်ငံ လေးနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် မှာ ဆယ်နှစ်
အတွင်း နှစ်ဆတိုးလာပြီး ဥရောပနိုင်ငံများ၏ ယခုနှစ် စစ်အသုံး စရိတ်များကို ကျော်တက်
သွားမည်ဟု ၀ါရှင်တန်အခြေစိုက် အကြံပေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် 'နည်းဗျူဟာနှင့် နိုင်ငံ
တကာလေ့လာရေး ဗဟိုဌာန' (CSIS) က ပြောကြားခဲ့သည်။

အာရှတွင် လက်နက်အပြိုင် တပ်ဆင် မှုမှာ အမေရိကန်ပြည်ထောင်စု၏ စစ်အသုံးစရိတ်
ကို ယခုထိ မမီနိုင်သေး သော်လည်း အမေရိကန်ပြည်ထောင်စု က အာရှ-ပစိဖိတ်ဒေသ
အား ၎င်း၏ မဟာဗျူဟာမြောက် ဦးစားပေးဒေသ အဖြစ် ပြောင်းလဲကျင့်သုံးမည့်အစီအ
စဉ် ကို ဆက်လက်ဆုပ်ကိုင်ထားဖွယ်ရှိသည်။

တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား နှင့် တရုတ် (တိုင်ပေ) တို့၏ ကာကွယ်ရေး အသုံးစ
ရိတ် စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် တွင် ဒေါ်လာ ၂၂၄ ဘီလျံ သို့ရောက်ရှိခဲ့ သည်။

ထိုပမာဏမှာ ယင်းငါးနိုင်ငံကပဲ ၂၀၀၀ ပြည့်နှစ်တွင် သုံးစွဲခဲ့သော စစ်အသုံး စရိတ်ပမာ
ဏ၏ နှစ်ဆနီးပါးနှင့် ညီမျှ နေသည်ဟု ဃှု ၏လေ့လာမှု စစ်တမ်း တွင်ဖော်ပြထားသည်။

အာရှ စစ်အသုံးစရိတ်မှာ ၂၀၁၂ ခုနှစ်အကုန်တွင် ဥရောပကို ကျော်တက် သွားမည်ဟု
ခန့်မှန်းရသောကြောင့် အမေရိကန်ပြည်ထောင်စုက အာရှ-ပစိဖိတ်ဒေသ၏ အနေအ
ထားကို ဆက် လက်ပြီး ပြန်လည်ထိန်းညှိပေးသွား ဖွယ်ရှိသည်ဟု ယင်းစစ်တမ်းတွင်
ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်မှာ ဂျပန်နိုင်ငံထက် ပိုမိုမြင့် တက်ခဲ့
ကာ အာရှတွင် အများဆုံးဖြစ်ခဲ့ပြီး ထိုနှစ်၏တိုးလာသော စစ်အသုံးစရိတ် မှာ ၁၃
ဒသမ ၄ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နှစ်လျှင် ဒေါ်လာ ဘီလျံ ၆၀၀ (ယူရို ၄၆၃ သန်း) ရှိသော အမေရိ ကန်ပြည်
ထောင်စု၏ စစ်အသုံးစရိတ် က တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်ကို သေးနုပ်သွား
စေသော်လည်း အားလုံး သော နိုင်ငံများအကြားတွင် တရုတ် နိုင်ငံ၏ လက်ရှိ
စစ်အသုံးစရိတ်မှာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအဆင့်တွင်ရှိနေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ်
ပေါ်ထွက်လာခြင်းကြောင့် ၎င်း၏ စစ်အသုံးစရိတ် ထိုးတက်လာခြင်းဖြစ် ကြောင်း
ကျွမ်းကျင်သူများကဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက စုစု ပေါင်းကာကွယ်ရေး အသုံးစရိတ်မှာ ၂၀၀၀
ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်အတွင်း ဒေါ်လာ ၂၂ ဒသမ ၅ ဘီလျံမှ ဒေါ်လာ ၈၉ ဒ
သမ ၉ ဘီလျံသို့ တိုးမြင့်လာ ခဲ့သည်ဟု တရုတ်အစိုးရ၏ တရားဝင် ကိန်းဂ
ဏန်းများကို အခြေခံပြီး အစီရင် ခံစာတွင် ဖော်ပြထားသည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment