HOME

Monday, October 22, 2012

လေယာဉ်မပျံသန်းရေး တူရကီနှင့် ဆီးရီးယား အပြန်အလှန်ပိတ်ပင် ...!

နှစ်ဖက်ဝေဟင်အတွင်း လေယာဉ်မပျံသန်းရေး တူရကီနှင့် ဆီးရီးယား အပြန်အလှန်ပိတ်ပင်

အန်ကာရာလေဆိပ်သို့ ဆင်းသက်ခိုင်းခြင်းခံရသော ဆီးရီးယားခရီးသည်တင်လေယာဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီအန်ကာရာလေဆိပ်သို့ ဆင်းသက်ခိုင်းခြင်းခံရသော ဆီးရီးယားခရီးသည်တင်လေယာဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဒမတ်စကတ် - သူပုန်များလက်သို့ ကျဆင်းခဲ့သည့် မြောက်ပိုင်းဒေသများ ကို ပြန်လည်ရရှိ
ရန် ဆီးရီးယားအစိုးရ တပ်များက တန်ပြန်တိုက်စစ်ဆင်နွှဲနေစဉ်မှာပင် ဆီးရီးယားနိုင်ငံသည်
တူရကီ လေယာဉ်များအား ၎င်း၏ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းခွင့်ကို အောက်တိုဘာလ
၁၄ ရက်နေ့တွင် ပိတ်ပင်လိုက်သလိုပင် တူရကီနိုင်ငံကလည်း အလားတူပင် ဆီးရီးယားလေ
ယာဉ်များ ကို ယင်း၏ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းခွင့် ပိတ်ပင်လိုက်သည်။

တူရကီနိုင်ငံသည် ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ လက်နက်များကို ဆီးရီးယားသူပုန်များ
အား ပေးပို့ရာတွင် အကူ အညီပေးနေသည်ဟု ဆီးရီးယား အစိုးရက စွပ်စွဲထားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက် ဒါဗူတိုဂလူးကလည်း ဆီးရီးယား အရပ်သား လေယာဉ်
များအပါအ၀င် စစ်ဘက်ဆိုင်ရာ လေယာဉ်များကိုယင်း၏ ဝေဟင်အတွင်း မပျံသန်းရန် တူရ
ကီ နိုင်ငံက ပိတ်ပင်ထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့က လည်း မော်စကိုမြို့မှ ဒမတ်စကတ်သို့ ပျံသန်းလာသည့်
ဆီးရီးယားလေယာဉ် တစ်စင်းကို တူရကီလေတပ်က အန်ကာ ရာလေဆိပ်သို့ အတင်းဆင်း|
သက်စေ ခဲ့သည်။

နောက်ပိုင်းတွင် လေယာဉ်ကို ဆက်လက် ပျံသန်းခွင့်ပြုခဲ့သော်လည်း သံသယဖြစ်ဖွယ် ကုန်
စည်များကိုမူ တူရကီက ထိန်းသိမ်းထားခဲ့သည်။

ယင်းလေယာဉ်သည် ဆီးရီးယား စစ်တပ်၏ ဒုံးကျည်ကာကွယ်ရေးစနစ် များအတွက် အသုံး
ပြုသည့် ရေဒါအစိတ် အပိုင်းများပါဝင်သော သေတ္တာ ၁၂ လုံး ပါဝင်သော်လည်း မည်သည့်
စစ်လက်နက်မျှ ပါဝင်ခြင်းမရှိကြောင်း သတင်း ရင်းမြစ်တစ်ခုကို ကိုးကား၍ ရုရှား သတင်းစာ
တစ်စောင်က ဆိုသည်။

ကုန်စည်များသည် လေယာဉ်နှင့် လေယာဉ်အမှုထမ်းများအတွက် ထိခိုက်ဖွယ်မရှိသဖြင့် အ
ထူးခွင့်ပြုချက်စာရွက် စာတမ်း မည်သို့မျှလိုအပ်ခြင်းမရှိ ကြောင်းလည်း အဆိုပါ သတင်းရင်း
မြစ်ကဆိုသည်။

"ဒါက လက်နက်တစ်ခုမှမဟုတ်တာ။ တစ်ယောက်ယောက်က စက်ပိတ် ထားတဲ့ရေဒီယိုတစ်
လုံးကို လေယာဉ် ပေါ်ကိုယူလာတဲ့အခါမှာ လေယာဉ်နဲ့ ခရီးသည်တွေကို အန္တရာယ်ဖြစ်စေပါ့
မလားဗျာ။ ဒါကြောင့် ဘယ်နိုင်ငံတကာ ဥပဒေကိုမှ မချိုးဖောက်ခဲ့ပါဘူး" ဟု ၎င်းကပြောသည်။

တူရကီသည် ယင်း၏ တောင်ဘက်၌ ထိစပ်နေသည့် ဆီးရီးယားဘက်မှ လက်နက်ကြီးများ၏
ကျည်များကျခဲ့မှုကြောင့် အောက်တိုဘာလ ၃ ရက် နေ့က တူရကီငါးဦး သေဆုံးခဲ့ရခြင်း
အပေါ် အပြင်းအထန် တုံ့ပြန်လာခဲ့ခြင်း ဖြစ်သည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment