HOME

Friday, October 19, 2012

မစ္စတာမော်စီအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြားတိုက်ခိုက်မှု ဖြစ်ပွား ...!

အီဂျစ်တွင် သမ္မတ အပေါ် ထောက်ခံသူများ နှင့် ဆန့်ကျင်သူများ တိုက်ခိုက်မှု ဖြစ်ပွား
အီဂျစ်နိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက သမ္မတ မိုဟာ မက်မော်စီ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာပြီး နောက်ပိုင်း ကိုင်ရိုမြို့၌ အဆိုးရွားဆုံး ရင်ဆိုင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မစ္စတာမော်စီအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြား တာရာရင်ပြင်တွင် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ၏ အစိုးရ ရှေ့နေချုပ်အား မစ္စတာ မော်စီက ဖယ်ရှားရန် ကြိုးပမ်းခဲ့ပြီးနောက် အီဂျစ် တရားသူကြီးများ၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး တင်းမာမှုများ မြင့်တက်လာသည်။ ယမန်နှစ် လူထုအုံကြွမှုအတွင်း ကန့်ကွက် ဆန္ဒပြသူများအား တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံရသူ ၂၄ ဦးအား တရားသေ လွှတ်ခဲ့ခြင်း ရှိခဲ့ပြီးနောက် မစ္စတာမော်စီက နိုင်ငံ၏ ဖမ်းဆီးရေး အရာရှိချုပ်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်နှင့် တစ်ဖက် လူထုချီတက်ပွဲများ အပြိုင် ပြုလုပ်နေစဉ် သမ္မတအား ထောက်ခံသူများက သမ္မတအား ဝေဖန် ပြောကြားသည့် အဖွဲ့၏ စင်မြင့်တစ်ခုအား ဝင်ရောက်စီးနင်းရာမှ တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။
ကန့်ကွက် ဆန္ဒပြသူများသည် တစ်ဖက်နှင့်တစ်ဖက် ကျောက်ခဲများ၊ ပုလင်းများ၊ မီးရှို့ထားသော ရေနံဆီ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုများ အတွင်း ထိခိုက် ဒဏ်ရာရရှိသူ ၁၁၀ ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်သံက ကြေညာခဲ့သည်။

No comments:

Post a Comment