HOME

Saturday, October 20, 2012

ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုအီရန်သမ္မတ ဝေဖန်ပြောကြား ...!

အီရန်သမ္မတမှ စီးပွားရေး ပိတ်ဆို့မှုများကို ဝေဖန်ပြောကြား

 
 

အီရန်နိုင်ငံအပေါ် ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ဥရောပနိုင်ငံတွေကိုပဲ ပိုမိုထိခိုက်စေမှာ ဖြစ်ကြောင်း
အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို အီရန်သမ္မတက ကူဝိတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပြီး အီရန်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့ လွန်ခဲ့တဲ့ ၃၃နှစ်လုံးလုံး စီးပွားရေးအရ ဆက်ဆံမှု မလုပ်ခဲ့တာကြောင့် အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေဟာ ဥရောပ နိုင်ငံတွေကိုသာ ထိခိုက်စေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။


ဒါ့အပြင် ဥရောပ နိုင်ငံတွေဟာ စီးပွားရေးအရပြိုလဲမယ့် အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတာကြောင့် အီရန်နိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်တာဟာ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီရန်နိုင်ငံအပေါ် နောက်ထပ် စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်တာဟာ အီရန်နိုင်ငံဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း စွပ်စွဲပြီး ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံကတော့ ၎င်းဟာ နျူကလီးယား လက်နက် မပျံ့ပွားရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားသလို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာကြောင့် နျူကလီးယာ နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ကြောင်း ချေပ ပြောဆိုထားပါတယ်။ အီရန်နိုင်ငံမှာ ကြီးမားတဲ့ ဈေးကွက် စီးပွားရှိနေတာကြောင့် အခုလုပ်ဆောင်နေတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံနိုင်ရည်ရှိ နေမှာဖြစ်တဲ့ အတွက် အနောက်နိုင်ငံတွေ အနေနဲ့ အခြေအနေ ကို ပြောင်းလဲဖို့ကလွဲပြီး ရွေးချယ်စရာ မရှိကြောင်းလည်း အီရန်သမ္မတက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment