HOME

Monday, December 10, 2012

အီရန်ရေငုပ်သင်္ဘော ကို စိမ်းပြာရောင် သုတ်လိမ်း ...!

သမုဒ္ဒရာ စစ်ဆင်ရေးတွင် ရန်သူကို လှည့်စားနိုင်ရန် အီရန်ရေငုပ်သင်္ဘော ကို စိမ်းပြာရောင် သုတ်လိမ်း
 
 
 
အီရန်နိုင်ငံသည် သမုဒ္ဒရာ စစ်ဆင်ရေး များတွင် ရန်သူကို လှည့်စားနိုင်ရန် အတွက်
၎င်း၏ ရေတပ်မှ ရေငုပ်သင်္ဘောများကို စိမ်းပြာရောင် ဆေးများ သုတ်လိမ်း ထားကြောင်း အီရန် ပြည်တွင်း သတင်း တစ်ရပ်တွင် ထုတ်လွှင့် ပြသ ခဲ့သည်။

အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်ပင် လယ်ကွေ့အတွင်းရှိ ဘန်ဒါအာဗက်ဆိပ် ကမ်းတွင် အီရန်၏စိမ်းပြာရောင်ဆီနာ ၇ ရေငုပ် သင်္ဘောကို နိုဝင်ဘာလ ၂၈ ရက် နေ့တွင် ဆိုက်ကပ်ပြသခဲ့သည်။
အီရန်နိုင် ငံသည် ၁၉၇၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ်မစ် တော်လှန်ရေး နောက်ပိုင်းတွင် မည်သည့် ပြည်ပနိုင်ငံများ၏ အကူအညီကို မယူဘဲ ကိုယ့်ခွန် ကိုယ်အား ဖြင့်သာ ရပ်တည်နိုင်ခဲ့ကြောင်း အီရန်ရေတပ်ဒုတိယ ဗိုလ်မှူးကြီးဟာဘီပိုလက်ဆာရာရီက ပြော ကြားသွားခဲ့သည်။
ဆီနာ 7 ရေငုပ်သင်္ဘော ဒုံးကျည် ကာကွယ်ရေး စနစ်များ တပ်ဆင်ထားပြီး အီရန် အစိုးရ၏ ကာကွယ်ရေး အတွက်များစွာ အထောက်အကူပြုကြောင်း သိရှိရသည်။

No comments:

Post a Comment