HOME

Saturday, December 1, 2012

တရုတ်လေယာဉ်တင်သင်္ဘောပေါ် ပထမဆုံးလေယာဉ်ဆင်း ..!

တရုတ်လေယာဉ်တင်သင်္ဘောပေါ် ပထမဆုံးလေယာဉ်ဆင်း

 

လေယာဉ်တင်သင်္ဘောကြီးပေါ်သို့ တိုက်လေယာဉ်ဆင်းသက်လာစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)လေယာဉ်တင်သင်္ဘောကြီးပေါ်သို့ တိုက်လေယာဉ်ဆင်းသက်လာစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ပေကျင်း - နယ်မြေပိုင်နက် အငြင်း ပွားမှုများအကြား တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏
စစ်အင်အားကြီး ထွားလာရေး ကြိုးပမ်းမှုများအတွင်း တရုတ်နိုင်ငံသည် ယင်း၏ လေယာဉ်
တင် သင်္ဘောသစ်ကြီးပေါ်သို့ ဂျက်တိုက်လေ ယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် အောင်မြင်
စွာဆင်းသက်ခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံလုပ် ဂျေ-၁၅ တိုက်လေ ယာဉ်တစ်စင်းသည် ယခင် ဆိုဗီယက် လေယာဉ်တင်
သင်္ဘောတစ်စင်း ဖြစ်ခဲ့ သည့် လျောင်နင်းလေယာဉ်တင် သင်္ဘောပေါ်သို့ မကြာသေးမီက
လေ့ကျင့်မှုများအတွင်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး
ဌာနက နိုဝင်ဘာလ ၂၅ ရက် နေ့တွင်ပြောသည်။

စက်တင်ဘာလက စတင်တာဝန် ထမ်းဆောင်ခဲ့သည့် လျောင်နင်းသည် တရုတ်နိုင်ငံ၏
တိုးတက်လာသည့် စစ်အင်အားအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုလည်းဖြစ်သည်။

"ဒီလို အောင်မြင်စွာဆင်းသက်နိုင် တာဟာ လေယာဉ်တင်သင်္ဘောတစ်စင်း အတွက်
စစ်ဆင်ရေးတိုက်ပွဲ စွမ်းဆောင် ရည်ရဲ့ အမှတ်လက္ခဏာ တစ်ရပ်အဖြစ် ယူဆရမှာပါ။
ဒါဟာ တရုတ်လေယာဉ် တင်သင်္ဘောအတွက် အထင်ကရ အဖြစ်အပျက်တစ်ခုဖြစ်ပြီး
စစ်ဆင်ရေး အဆင်သင့်ဖြစ်မှုအတွက် ခြေတစ်လှမ်း ပိုနီးသွားပါပြီ" ဟု ရေတပ်ရေးရာ
သုတေသနသိပ္ပံရှိ ဒုတိယညွှန်ကြားရေး မှူး ကျန်းကျွန်ရှိက နိုင်ငံတော် ရုပ်မြင် သံကြား
ကို ပြောခဲ့သည်။

စမ်းသပ်မှုများနှင့် လေ့ကျင့်သင်ကြား ရေးတာဝန်ခံစစ်ဦးစီးချုပ် ရေတပ်ဗိုလ် ချုပ်ကြီး
ကျန်းယုန့်ယီက လေယာဉ် သည် အလွန်ကျဉ်းမြောင်းသည့်နေရာ လေးတစ်ခုတွင်
ဆင်းသက်ရသဖြင့် 'ဓားသွားတစ်ခုပေါ်တွင် ကခုန်ရသကဲ့ သို့' ဖြစ်ကြောင်း ပြောဆိုခဲ့
သည်။

"အစကတည်းက စမ်းသပ်ပျံသန်းမှု တွေကို ကျွန်တော်တို့ လုပ်ထားပြီးပါပြီ။ နောက်ဆုံး
တော့ လေယာဉ်တင် သင်္ဘော ပေါ်ကို ဆင်းသက်ဖို့အတွက် အရေး ပါတဲ့ ကျွမ်းကျင်မှု
စွမ်းရည်တွေကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်" ဟု ရေတပ်ဗိုလ်ချုပ်ကြီး ကျန်းယုန့်ယီ
က ရှင်းလင်းပြောကြားခဲ့သည်။

ယခင်က ဗာယတ်ဂ်ဟု အမည်တွင် သော လျောင်နင်းလေယာဉ်တင် သင်္ဘော တည်ဆောက်
ရေးကို လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ယခင် ဆိုဗီယက်ပြည် ထောင်စုက ဆောင်ရွက်ခဲ့သော်
လည်း ဆိုဗီယက်အုပ်စု ပြိုကွဲခြင်းနှင့်အတူ ယင်းတည်ဆောက်ရေးလည်း ရပ်ဆိုင်း ခဲ့ရသည်။

ယခုလအစောပိုင်းက ကွန်မြူနစ်ပါတီ ၏ အရေးပါသည့် ကွန်ဂရက်အစည်း အဝေးပွဲတစ်ခု
တွင်ရာထူးမှအနားယူ တော့မည့် သမ္မတဟူကျင်ထောင်က တိုးတက်ခေတ်မီသည့်
တပ်မတော်ကြီး အဖြစ်သို့ အရှိန်မြန်မြန်ဖြင့် ရှေ့သို့ တက်လှမ်းဆောင်ရွက်ရန်နှင့် ရေတပ်
အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာ စေရေးတို့အတွက် နိုင်ငံတော်ကို တိုက်တွန်းခဲ့သည်။

No comments:

Post a Comment