HOME

Tuesday, December 11, 2012

အီဂျစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့ သမ္မတမော်စီ ကြေညာ ...!

အီဂျစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့ သမ္မတမော်စီ ကြေညာ
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့က အီဂျစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်းကို သမ္မတ မော်စီက အတည်ပြု ပြီးနောက် အဆိုပါ ဥပဒေ မူကြမ်းကို လာမည့် ဒီဇင်ဘာ ၁၅ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူမည်ဟု ဒီဇင်ဘာ ၁ ရက်နေ့က ကြေညာ လိုက်ကြောင်း သိရသည်။
အဆို ပါ ဥပဒေမူကြမ်းတွင် အခန်းပေါင်း ၂၃၀ ကျော်ပါဝင်ပြီး အစ္စလာမ်ဘာသာ၏ သွန်သင်ညွှန်ကြားမှုများကို အခြေခံ၍ ရေးဆွဲထားကြောင်းသိရသည်။ ထိုဥပဒေမူကြမ်း မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ တွင်ပြုလုပ်ခဲ့သည့် အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီ တော်လှန်ရေးကြီးက မွေးထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတမော်စီက ပြောသည်။
အီဂျစ်နိုင်ငံ၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေဟောင်းကို လွန်ခဲ့သောနှစ် ပေါင်း ၁၇၅ နှစ်ကျော်က ရေးဆွဲခဲ့ကြောင်း သိရသည်။ ယခုဖွဲ့စည်းပုံအခြေခံဥပဒေ သစ်တွင် အီဂျစ်နိုင်ငံသားတို့၏ လူ့အခွင့် အရေး၊ လွတ်လပ်မှုနှင့် လူသားတို့၏ဂုဏ်သိက္ခာကို အဓိကထား ကာကွယ်ပေးထား ကြောင်း သိရသည်။
မကြာမီပြုလုပ်မည့် အီဂျစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြည်သူလူထုမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခြင်းသည် အီဂျစ်နိုင်ငံ၏ဒီမိုကရေစီ လမ်းကြောင်းတွင် ခြေလှမ်းသစ်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု မော်စီက ပြောသည်။
သမ္မတမော်စီကို ဆန့်ကျင်သူများက နိုဝင် ဘာလ ၂၂ ရက်နေ့တွင် သမ္မတ မော်စီက လွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ကို အတည်ပြုခြင်း မပြုလုပ်ရသေးချိန် အထိ ၄င်း၏ဥပဒေသည် အကြွင်းမဲ့ဖြစ်ရ မည်ဟု ကြေညာလိုက်ရာတွင် ဆန္ဒပြမှု များ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော်လည်း ယခုကြေညာချက်ပြုလုပ်ပြီး၌ အီဂျစ်နိုင်ငံရှိ ဒီမိုကရေစီထောက်ခံသူ သောင်းပေါင်း များစွာတို့က သမ္မတမော်စီကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြို့တော် ကိုင်ရိုနှင့် အလက်ဇန္ဒီးယားမြို့တို့တွင် ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment