HOME

Thursday, December 13, 2012

အစ္စရေးက အရန်စစ်မှုထမ်းများကို တပ်လှန့်ထား..!

အစ္စရေးက အရန်စစ်မှုထမ်းများကို တပ်လှန့်ထား
အစ္စရေး ကာကွယ်ရေး ဝန်ကြီးဖြစ်သူ အီဟွတ်ဘာရတ် က နိုင်ငံ အတွင်းရှိ အရန် စစ်မှုထမ်း (၃၀၀၀၀) ကျော်ကို တပ်လှန့်မှု ပြုလုပ် ထားလိုက်ကြောင်း သိရှိရသည်။
ဂါဇာဒေသတွင် မြေပြင်ထိုးစစ် စတင်ရန် လိုအပ်မည့် အလားအလာများ ပေါ်ပေါက်လာသည့်နောက် ဘာရက်က အရံတပ်များကို စုစည်းထားရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် အစ္စရေးလေတပ်သည် ဂါဇာတွင် ညပိုင်း၌ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
အစ္စရေးစစ်တပ်၏ တရားဝင် Twitter စာမျက်နှာတွင် “တကယ့်အရေးယူမှု မတင်သေးပေမယ့် အစ္စရေးဟာ လိုအပ်တဲ့ စီမံမှုတွေ လုပ်ထားပါပြီ။ ကြာသပတေးနေ့မှာ သက်ဆိုင်ရာ ဒေသအသီးသီးက အရပ်သားတွေကို ဖယ်ရှားဖို့ ညွှန်ကြားထားပါတယ်” ဟု ဖော်ပြခဲ့သည်။
ဂါဇာတွင် ခိုအောင်းနေသည့် ပါလက်စတိုင်း စစ်သွေးကြများက အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် ရန်စတိုက်ခိုက်မှုများ ဆက်တိုက်ပေါ်ထွက်လာချိန်တွင် အစ္စရေးက တုန့်ပြန်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
စစ်သွေးကြွများက ဂါဇာမှ မြောက်ဘက် (၄၅) မိုင်မျှ အကွာရှိ တဲလ်အဗစ်ဗ်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ အီဂျစ်ဝန်ကြီးချုပ် ဟီရှမ်ကွန်ဒီလ်သည် ဂါဇာဒေသသို့ သွားရောက်ကာ ပြည်သူများကို ထောက်ခံမှုပြသရန် စီစဉ်နေကြောင်း သိရသည်။
အစ္စရေးလေတပ်သည် ဂါဇာရှိ စစ်ဘက်ပစ်မှတ်များကို ဗုံးကြဲနေဆဲဖြစ်ပြီး ဗုဒ္ဓဟူးနေ့က အစ္စလာမ်စစ်သွေးကြွ အဖွဲ့တစ်ခု၏ ခေါင်းဆောင်အာမက်ဂျဘာရီကို သုတ်သင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကြာသာပတေးနေ့ ညပိုင်းက ဟားမတ်စ်စစ်သွေးကြွတို့က မိမိတို့သည် ဂါဇာဒေသမှ ဒုံးကျည် (၃၅၀) ကို အစ္စရေးသို့ ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကမူ ပိုင်နက်ထဲ ဒုံးကျည်အရေအတွက် မည်မျှထိ ကျူးကျော်လာသည်ကို အတိအကျမပြောဆိုဘဲ မိမိတို့၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်က ဒုံးကျည်အစင်းရေ (၁၃၀) ကို တားဆီးပစ်ချနိုင်ခဲ့ကြောင်း ကြေညာသွားသည်။ မျက်မြင်များ၏ အဆိုအရ ဒုံးကျည်တစ်စင်းသည် လူသူအရောက်အပေါက် ကျဲပါးသော နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းမူ သိရှိရသည်။

No comments:

Post a Comment