HOME

Saturday, December 8, 2012

နိုင်ငံတကာ၏ဖိအားများကြားမှ အစ္စရေး အိမ်ရာသစ်များ ဆက်လက်တည်ဆောက်

နိုင်ငံတကာ၏ဖိအားများကြားမှ အစ္စရေး အိမ်ရာသစ်များ ဆက်လက်တည်ဆောက်


ဂျေရုဆလင်မြို့အနီးတွင် တည်ဆောက်နေသော ဂျူးလူမျိုးများအတွက် အိမ်ရာသစ်များ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ဂျေရုဆလင်မြို့အနီးတွင် တည်ဆောက်နေသော ဂျူးလူမျိုးများအတွက် အိမ်ရာသစ်များ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဂျေရုဆလင် - အနာဂတ် ပါလက် စတိုင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာရေး အတွက် အလား
အလာရှိမှုအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခြင်းခံရ သော အစ္စရေးနိုင်ငံ၏ အိမ်ရာစီမံကိန်း
သည် နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်ရသည့်တိုင် ဒီဇင်ဘာလ ၄ ရက် နေ့အထိ မယိမ်း
မယိုင်ဘဲ ဆက်လက် တည်မြဲလျက်ရှိသည်။

ဂျေရုဆလင်မြို့အနီး အနောက်ဘက် ကမ်းခြေ၏ အတိမ်းအစောင်းမခံသော ဒေသ၌ အိမ်ခြေ
သစ် ၃,၀၀၀ တည် ဆောက်မည့် အစ္စရေး၏ အစီအစဉ်ကို ရပ်တန့်ရန် တောင်းဆိုမှုများအား
အစ္စရေးနိုင်ငံဘက်မှ မည်သို့မျှ အလေးထားသည့် အရိပ်အယောင်မတွေ့ရသေးကြောင်း
ဂျေရုဆလင်မြို့ရှိ ဥရောပ သမဂ္ဂ (အီးယူ) အဆင့်မြင့်အရာရှိတစ်ဦး က ပြောသည်။

"ကျွန်တော်တို့ဆီက တောင်းဆိုမှု တွေနဲ့ပတ်သက်ပြီး အခုထိတော့ အစ္စရေး နိုင်ငံဘက်ကနေ
ဘယ်လိုသတင်းနဲ့ အရိပ်အယောင်မှ ကျွန်တော်တို့ ပြန်မရ သေးပါဘူး။ တကယ်တမ်းကျတော့
မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်တဲ့ ဟာပဲကြားရတယ်။ အစ္စရေးက သူတို့ ရဲ့ မဟာဗျူဟာ
မြောက် အကျိုးအမြတ် တွေလို့ယူဆတဲ့ ကိစ္စရပ်တွေပေါ်မှာပဲ ဆောင်ရွက်သွားမယ်လို့ ဆိုလာ
တယ်။ ဒါ ကျွန်တော်တို့တောင်းဆိုနေတဲ့ဟာမှ မဟုတ်တာ" ဟု အစ္စရေးနိုင်ငံဆိုင်ရာ အီးယူ
သံအမတ်ကြီး အင်ဒရူးစတန် လေကပြောသည်။

သို့ရာတွင်အဖွဲ့ဝင် ၂၇ နိုင်ငံပါသည့် အီးယူ၏ ထိပ်တန်းသံတမန်များသည် ဆက်လက်ဆောင်
ရွက်ရမည့် ကိစ္စရပ် များကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆွေးနွေးခဲ့ကြမည်ဟု မျှော်လင့်ရ
သည့်တိုင် စီးပွားရေးပိတ်ဆို့မှုမျိုးဖြင့် အစ္စရေးနိုင်ငံအပေါ် အပြစ်ပေးသွားနိုင် ဖွယ်မရှိဟု
ဗြိတိန်နိုင်ငံက ဆိုခဲ့သည်။

အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ နယ်မြေတစ်ဝက်ကို ပိုင်းဖြတ်သွားဖွယ် ရှိသော ဂျေရုဆလင်
မြို့အနီးရှိ E-1 အိမ်ရာတည်ဆောက်ရေး အစီအစဉ် အပေါ် တရားဝင်ကန့်ကွက်သည့် နိုင်ငံ
များစာရင်းတွင် အီဂျစ်နှင့် ဩစတြေးလျ နိုင်ငံတို့လည်း ဒီဇင်ဘာလ ၄ ရက် နေ့တွင် ပါဝင်
လာကြပြီဖြစ်သည်။

E-1 သည် တိုက်ခိုက်သိမ်းယူထား သည့် အရှေ့ဂျေရုဆလင်၏ အရှေ့ဘက် စွန်းအကျဆုံးနှင့်
အနီးရှိ မာလေးအဒူမင် အိမ်ရာများအကြား လမ်းကြောင်းတစ်ခု ဖြစ်သည်။

သို့ရာတွင် သံတမန်ဖိအားများ လေးရက်ကြာအပြီး၌ပင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး
ကာလအတွင်းမှ အစ္စရေးသည် နောက်ပြန်ဆုတ်မည့် မည်သည့်အရိပ်အယောင်မျှ၊ပြမလာပေ။

"ဆုံးဖြတ်ပြီးသားကိစ္စကို ပြောင်းလဲ မှာမဟုတ်ပါဘူး" ဟု အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟု
၏ရုံးမှ သတင်း ရင်းမြစ်တစ်ခုက ဒီဇင်ဘာလ ၃ ရက်နေ့ တွင်ဆိုခဲ့သည်။

ယင်းနောက် နာရီ အနည်းငယ်ကြာပြီးနောက် အသိမ်း ပိုက်ခံ အရှေ့ဂျေရုဆလင်တွင် အခြား
သော အိမ်ခြေ ၁,၆၀၀ တည်ဆောက်ရေး စီမံကိန်းများကို ပြန်လည်စတင်မည် ဖြစ်ကြောင်း
အစ္စရေးကဆိုခဲ့သည်။

"ဂျေရုဆလင်မြို့တော်က အိမ်ခြေ သစ်တွေက ပါလက်စတိုင်း အာဏာပိုင် တွေရဲ့ အစ္စရေးနိုင်ငံ
အသိ အမှတ်ပြုရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းဆန် လိုက်တာထက် ငြိမ်းချမ်း ရေး
လုပ်ငန်းစဉ် တွေကို ပိုပြီးတော့ အန္တရာယ်ဖြစ်စေဦးမှာ လား" ဟု အစ္စရေးပြောရေးဆိုခွင့်ရှိသူ
ကဆိုသည်။

No comments:

Post a Comment