HOME

Thursday, December 20, 2012

အီဂျစ်အခြေခံဥပဒေ မဲခွဲဆုံးဖြတ်မူ ပထမအကျော့ အစ္စလာမ်မစ်များ အသာစီးရ ..!

အီဂျစ်အခြေခံဥပဒေ မဲခွဲဆုံးဖြတ်မူ ပထမအကျော့ အစ္စလာမ်မစ်များ အသာစီးရ
အီဂျစ် သမ္မတ မိုဟာမက် မော်စီ နှင့် အစ္စလာမ်မစ် မဟာမိတ် များက ထောက်ခံသည့်
အငြင်းပွားဖွယ် ရာ အခြေခံဥပဒေ ပထမ အကျော့ ဆန္ဒခံယူပွဲတွင် ယင်းအခြေခံဥပ ဒေကို အီဂျစ်နိုင်ငံသား အများစု က အတည်ပြုပေးလိုက်သည်ဟု တရားဝင် မဟုတ်သေးသော ရလဒ်များကို ကိုးကား၍ အစ္စ လာမ်မစ်များနှင့် အတိုက်အခံ အုပ်စုတစ်စုက ပြောသည်။

ဆန္ဒခံယူပွဲများအား ကိုင်ရို အပါအဝင် ခရိုင်ဒေသကြီး ဆယ်ခု တွင် ဒီဇင်ဘာ ၁၅ ရက်က ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီ တွင် သဘောထားခံယူပွဲ မကျင်းပ ဖြစ်ရေးနှင့် နောက်ပိုင်းတွင် အခြေ ခံဥပဒေ မူကြမ်းအား ပယ်ချရေး အတွက် အတိုက်အခံညွှန့်ပေါင်း အဖွဲ့က နောက်သတ္တပေါင်းများ စွာ လူထုဆန္ဒပြပွဲများ လုပ်ဆောင် ခဲ့သည်။
မဲရုံအရာရှိများ၏ ပြောကြား ချက်များကို ကိုးကား၍ ဖော်ပြ သည့် တရားဝင်မဟုတ်သေးသော ရလဒ်များတွင် အစ္စလာမ်မစ်များ မျှော်လင့်ထားသော အပြတ်အ သတ် အနိုင်ရခြင်း မဟုတ်ပေ။ မဲပေးသူပေါင်း ၅၆ ဒသမ ၅ ရာခိုင်နှုန်းက အခြေခံ ဥပဒေအားေ ထာက်ခံအတည်ပြုပေးခဲ့ ကြောင်း မစ္စတာမော်စီ၏ Freedom and Justice ပါတီ၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြပြီး ယင်း မှာ အီဂျစ်မီဒီယာသတင်းများကေ ဖ်ာပြသည့် ကိန်းဂဏန်းများအ တိုင်းပင် ဖြစ်သည်။ အဓိက အတိုက်အခံအုပ်စု ဖြစ်သော NationaL Salvation Front ကမူ မဲဆန္ဒရှင် သုံးပုံနှစ်ပုံ က အခြေခံဥပဒေအား ပယ်ချခဲ့ သည်ဟု ကြေညာခဲ့သည်။
သို့ သော် အတိုက်အခံညွှန့်ပေါင်းမှ အဓိက အုပ်စုတစ်ခုဖြစ်သော Popular Current အဖွဲ့ကမူ ၅၆ ရာခိုင်နှုန်းသော မဲပေးသူများက အခြေခံဥပဒေအား အတည်ပြုခဲ့ သည်ဟု ၄င်းတို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားခဲ့သည်။ ယခုဆန္ဒခံ ယူပွဲအား တရား သူကြီးများက သပိတ်မှောက်ခဲ့ပြီး နောက် မဲပေးမှုအား ကြီးကြပ်ရန် တရားရေးအရာရှိများ မလုံ လောက်၍ မဲပေးမှုအား နှစ်ကျော့ ခွဲ ကျင်းပရခြင်းဖြစ်ပြီး ရွေး ကောက်ပွဲမတိုင်မီ နှစ်ရက်အတွင်း မှာလည်း ကိုင်ရိုနှင့် အလယ်ဇန်း ဒြီးယားမြို့များ၌ အခြေခံဥပဒေ အား ထောက်ခံသူများနှင့် ဆန့် ကျင်သူများအကြား ရုန်းရင်းဆန် ခတ် အကြမ်းဖက်မှုများ ဖြစ်ပေါ် ခဲ့သည်။

No comments:

Post a Comment