HOME

Saturday, December 8, 2012

ကုလအဖွဲ့ဝင် မဟုတ်ပေမယ့် လေ့လာသူ နိုင်ငံ ဖြစ်သွားတဲ့ ပါလက်စတိုင်း ...!

ကုလအဖွဲ့ဝင် မဟုတ်ပေမယ့် လေ့လာသူ နိုင်ငံ ဖြစ်သွားတဲ့ ပါလက်စတိုင်း
ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်သည် ကုလသမဂ္ဂမှ ပါလက်စ တိုင်းနိုင်ငံ
အား အဖွဲ့ဝင်မဟုတ်သည့် လေ့လာသူအဆင့် နိုင်ငံအနေဖြင့် လက်ခံမှု ကိုရရှိကာ ပါလက်စတိုင်း နိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ ပြီဖြစ် ကြောင်း စောင့် ကြည့်လေ့လာသူများက ပြောကြားခဲ့သည်။

ရာမာလာခ်ျမြို့ရှိ အစိုး ရရုံးချုပ်အပြင်ဘက် ရင်ပြင်သို့ ရောက် ရှိလာခဲ့ကြသည့် ပါလက်စတိုင်းပြည်သူ ငါး ထောင်ခန့်အား မိမိတို့ သမိုင်းဝင် အောင်ပွဲ တစ်ခုရရှိခဲ့ကြောင်း သမ္မတ အဘတ်စ်က ပြောကြားသွားခဲ့သည်။ သမ္မတအဘတ်စ်သည် ကုလသမဂ္ဂ မှ ပါလက်စတိုင်းနိုင်ငံအား အဖွဲ့ဝင်မဟုတ် သည့် လေ့လာသူနိုင်ငံအဖြစ် လက်ခံခဲ့ သဖြင့် နယူးယော့မြို့မှ ပြန်လည်ရောက် ရှိလာပြီးနောက် သမ္မတရုံးအပြင်ဘက် တွင် ရောက်ရှိလာသည့် ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလ သမဂ္ဂ အထွေထွေညီလာခံတွင် ပါလက် စတိုင်းနိုင်ငံအား လေ့လာသူနိုင်ငံအဖြစ် ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၉မဲနှင့် ကြားနေမဲ ၄၁ မဲတို့ဖြင့် မဲပေးခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂလေ့လာသူ နိုင်ငံဖြစ်လာအောင် သူ၏ ကြိုးစားမှု သည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖာတက်ခ်ျ လှုပ်ရှားမှုနှင့် ဟားမက်စ်တို့ ကြား ရန်ငြိုးများကို အဆုံးသတ်သွားရန် ပထမအဆင့်ကြိုးပမ်းမှုပင်ဖြစ်ကြောင်း သမ္မတအဘတ်စ်ကပြောကြားခဲ့သည်။ သမ္မတအဘတ်စ်၏ ကုလသမဂ္ဂ လေ့လာသူနိုင်ငံဖြစ်လာအောင် ကြိုးပမ်း မှုအား ဟာမက်စ်အဖွဲ့မှ ထောက်ခံကာ ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံး ဖြတ်ချက်အား နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် အောင်ပွဲခံမှုလုပ်ရန် ဖာတက်ခ်ျအဖွဲ့ နှင့်အတူ တညီတညွတ်တည်းထောက်ခံ ခဲ့သည်။

No comments:

Post a Comment