HOME

Tuesday, July 29, 2014

Hamas အပေါ် စစ်ဆင်မှု ကြာရှည်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် သတိပေး ....!

Hamas အပေါ် စစ်ဆင်မှု ကြာရှည်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် သတိပေး

 

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu

by ဗွီအိုအေ (မြန်မာဌာန)

စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသအခြေအနေဟာ အတော်ကြီးကို စိုးရိမ်စရာကောင်းနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်သလို ဒီအခြေအနေတွေအပေါ် အစ္စရေးနဲ့ ဟားမတ်စစ်သွေးကြွတွေကို အပြစ်တင်လိုက်ပါတယ်။ နှစ်ဖက်အကြား ချက်ခြင်းဆိုသလို အပစ်အခတ် ရပ်စဲကြဖို့ကိုလည်း အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ကုလသမဂ္ဂအကြီးအကဲ က တောင်းဆိုလိုက်ပါတယ်။

Sunday, July 27, 2014

အစ္စရေး-ပါလက်စတိုင်း ယာယီအပစ်ရပ်မှု အောင်မြင် ...!

အစ္စရေး-ပါလက်စတိုင်း ယာယီအပစ်ရပ်မှု အောင်မြင် 


ဂါဇာအရေး တွေ့ဆုံနေကြတဲ့ အမေရိကန်၊ ကာတာ၊ တူရကီ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးများ။ (ဂျူလိုင် ၂၆၊ ၂၀၁၄)

ဗွီအိုအေ (မြန်မာဌာန)
ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအခြေခံနဲ့ ၁၂ နာရီကြာ အပစ်အခတ်ရပ်စဲထားတာကို တိုးချဲ့ဖို့ နိုင်ငံ ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အစ္စရေးလ်စစ်ဘက်နဲ့ ဟာမားစ် စစ်သွေးကြွအဖွဲ့တို့ကို တောင်းဆိုနေပါတယ်။

ဂါဇာ ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းနှင့် အဖြေရှာရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်..!

ဂါဇာ ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းနှင့် အဖြေရှာရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်



ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခု အစ္စရေးဘက်က တယ်အာဗက်မြို့မှာ ရှိတဲ့ ရာဘင်ရင်ပြင်မှာ ဇူလိုင်လ ၂၆ ရက်နေ့ညက ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးလိုလားသူ ၃ ထောင်ဝန်းကျင် စုရုံးခဲ့ကြပါတယ်။



Gaza



ဆန္ဒပြပွဲနဲ့ တချိန်တည်းနီးပါးမှာပဲ စစ်သွေးကြွတွေက ဂါဇာဘက်ကနေ အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည်တွေကို နောက်တကျော့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်၊ ဇူလိုင်လ ၂၆ ရက်နေ့မနက် ၈ နာရီကစလို့ ၁၂ နာရီကြာ အပစ်ရပ်စဲရေး အချိန်ပြည့်သွားပြီးနောက် ၂ နာရီအတွင်းမှာပဲ အစ္စလာမ္မစ်ဟားမက်အုပ်စုက ပစ်ခတ်တာဖြစ်ပါတယ်။

Friday, July 25, 2014

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက် ...!

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက် 


အစ္စရေးသမ္မတ Shimon ရာထူးက နှုတ်ထွက် (ဇူလိုင် ၂၄၊ ၂၀၁၄)။

by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။

Thursday, July 24, 2014

အမေရိကန်နဲ့ ဥရောပလေကြောင်းတွေ အစ္စရေးလ်ကို ပျံသန်းမှုရပ် ..!

အမေရိကန်နဲ့ ဥရောပလေကြောင်းတွေ အစ္စရေးလ်ကို ပျံသန်းမှုရပ် 




by ဗွီအိုအေ (မြန်မာပိုင်း)

အခုသီတင်းပတ် အစောပိုင်းတုန်းက အစ္စရေးလ်နိုင်ငံရဲ့ အဓိကလေဆိပ်အနီး ဂါဇာဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ ကျခဲ့တဲ့အတွက် အစ္စရေးလ်ကို ပျံသန်းကြမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က လေယာဉ်ခရီးစဉ်တွေ ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ပယ်ဖျက်လိုက်ကြပါတယ်။

Wednesday, July 23, 2014

ဂါဇာအပစ်ရပ်ရေး John Kerry စေ့စပ် ...!

ဂါဇာအပစ်ရပ်ရေး John Kerry စေ့စပ် 





by ဗွီအိုအေ (မြန်မာပိုင်း)

လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီးပြီဖြစ်တဲ့ အစ္စရေးလ်နဲ့ Hamas တို့အကြား ပဋိပက္ခ အဆုံးသတ်ရေးဆီ ဦးတည်တဲ့ တိုးတက်မှုတချို့ကို အပစ်ရပ် သဘောတူညီချက် တခုရအောင် လုပ်ဆောင်နေကြတဲ့ တာဝန်ရှိသူတွေက ရထားကြပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။

ဂါဇာတိုက်ခိုက်မှုကြောင့် အမေရိကန်လေယာဉ်တွေ Tel Aviv ကို ပျံသန်းခွင့်ပိတ် ...!


ဂါဇာတိုက်ခိုက်မှုကြောင့် အမေရိကန်လေယာဉ်တွေ Tel Aviv ကို ပျံသန်းခွင့်ပိတ် 







by ဗွီအိုအေ (မြန်မာပိုင်း)

Tel Aviv မြို့က အစ္စရေးလ်နိုင်ငံတကာလေဆိပ်ကို ပျံသန်းမယ့် အမေရိကန်လေကြောင်းလိုင်းတွေကို အဲဒီကို မသွားဖို့ အမေရိကန် လေကြောင်းထိန်းသိမ်းရေးဌာနက ၂၄ နာရီကြာ တားမြစ်လိုက်ပါတယ်။ ဂါဇာမှာရှိတဲ့ Hamas စစ်သွေးကြွတွေ ပစ်လိုက်တဲ့ ဒုံးကျည်တစင်း အဲဒီလေဆိပ်နားကို ကျပြီးတဲ့နောက် အဲဒီလို တားမြစ်လိုက်တာပါ။

Tuesday, July 22, 2014

အစ္စရေးနဲ့ Hamas အပစ်ရပ်ဖို့ ကုလနဲ့ အမေရိကန်ကြိုးပမ်း ..!

အစ္စရေးနဲ့ Hamas အပစ်ရပ်ဖို့ ကုလနဲ့ အမေရိကန်ကြိုးပမ်း 





by ဗွီအိုအေ (မြန်မာဌာန)

စစ်ဘေးဒဏ်သင့်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား စစ်ပွဲတွေအဆုံးသတ်ဖို့ အရင်က အီဂျစ်ဘက်က အကြံပြုခဲ့တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ကိုင်ရိုမြို့ကို ရောက်ရှိနေပါတယ်။

Monday, July 21, 2014

အစ္စရေးတပ် မြေပြင်နှင့် ဝေဟင်တပ်တို့ ဂါဇာကမ်းမြောင်ဒေသထိုးစစ် အရှိန်မြှင့်...!

အစ္စရေးတပ် မြေပြင်နှင့် ဝေဟင်တပ်တို့ ဂါဇာကမ်းမြောင်ဒေသထိုးစစ် အရှိန်မြှင့်..

Gaza


အစ္စရေးတပ် မြေပြင်နဲ့ ဝေဟင်တပ်တွေဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ
ဂါဇာကမ်းမြောင်ဒေသမှာ ထိုးစစ်တွေကို ဆက်ပြီး အရှိန်မြှင့်နေပါတယ်။
ဂါဇာနဲ့ အစ္စရေးနယ်စပ်မှာ သံချပ်ကာ ကားတွေကို ချီတက်နေတာ တွေ့ရသလို ရဟတ်ယာဉ်တွေပေါ်ကနေ ဒုံးကျည်တွေ ပစ်ခတ်တာတွေလည်း တွေ့ရပါတယ်။

Friday, July 18, 2014

ဂါဇာကို အစ္စရေး မြေပြင် ထိုးစစ် စတင်...!

ဂါဇာကို အစ္စရေး မြေပြင် ထိုးစစ် စတင်


အစ္စရေး စစ်သားတွေ အစ္စရေး-ဂါဇာကို ချီတက်လာစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ်ဘက်က ဂါဇာ ကမ်းမြောင်ဒေသကို မြေပြင်ကနေ ထိုးစစ်တွေ စတင်ဆင်နွဲလိုက်ပါပြီ။ အစ္စရေးလ် နဲ့ ဟမားစ်စစ်သွေးကြွတွေကြား ၁၀ ရက်ကြာ အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းတွေဘက်က ဒုံးကျည်နဲ့ ပစ်ခတ်နေတာတွေကို တားဆီးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ လုပ်ဆောင်လိုက်တာပါ။

Thursday, July 17, 2014

ဂါဇာမှာ ယာယီ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးလ် သဘောတူ ...!

ဂါဇာမှာ ယာယီ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးလ် သဘောတူ 




by ဗွီအိုအေ (မြန်မာပိုင်း)

ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကြာသပတေးနေ့မှာ ခေတ္တရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်ကို အစ္စရေးလ်နိုင်ငံက သဘောတူလိုက်ပါတယ်။

Wednesday, July 16, 2014

ဂါဇာမှာ အစ္စရေးလ် ပိုပြင်းထန်စွာ ထိုးစစ်ဆင်မည် ...!

ဂါဇာမှာ အစ္စရေးလ် ပိုပြင်းထန်စွာ ထိုးစစ်ဆင်မည် 




by ဗွီအိုအေ (မြန်မာပိုင်း)

ဂါဇာဒေသအပေါ် အစ္စရေးလ်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ဟားမတ်စ် စစ်သွေးကြွတွေက ပယ်ချခဲ့ပြီး အစ္စရေးလ်ဘက်ကို ရော့ကက်ဒုံးကျည်တွေနဲ့ ဆက်လက် ပစ်ခတ်နေချိန်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ဂါဇာတွင် ဟားမားစ်ခေါင်းဆောင်များ၏ နေအိမ်များကို အစ္စရေးတို့ ပစ်မှတ်ထား တိုက်ခိုက်..!


ဂါဇာတွင် ဟားမားစ်ခေါင်းဆောင်များ၏ နေအိမ်များကို အစ္စရေးတို့ ပစ်မှတ်ထား တိုက်ခိုက်

Written by  အေအက်ဖ်ပီ


ဟားမားစ် ထိပ်တန်း ခေါင်းဆောင်တစ်ဦး၏ နေအိမ်ကို ဇူလိုင်လ ၁၆ရက် အစောပိုင်းက အစ္စရေး စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြရာ ဂါဇာရှိ စစ်သွေးကြွများကို ဆန့်ကျင်တိုက်ခိုက်မှု ကိုးရက်ထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး၊ တိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်သွားမည့် လက္ခဏာလည်း မရှိသေးပေ။

16jl1


အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ မအောင်မမြင် ဖြစ်သွားခဲ့ရပြီးနောက် အစ္စရေးသည် အင်္ဂါနေ့ (ဇူလိုင် ၁၅ရက်)တွင် ပါလက်စတိုင်းဒေသအား လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ စုစုပေါင်း လူ ၁၉၇ ဦး သေဆုံးခဲ့ရသည်။

Monday, July 14, 2014

ဂါဇာဒေသ မြေပြင်စစ်ဆင်ရေး အစ္စရေးစတင် ...!

ဂါဇာဒေသ မြေပြင်စစ်ဆင်ရေး အစ္စရေးစတင် 




by ဗွီအိုအေ (မြန်မာဌာန)

အရှေ့အလယ်ပိုင်းက ဂါဇာကမ်းမြှောင်ဒေသမှာ အရင်တပတ်ကစပြီး Hamas စစ်သွေးကြွတွေကို အစ္စရေးတို့ တိုက်ခိုက်နေတာမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာပဲ အစ္စရေးကမြေပြင်စစ်ဆင်ရေးကို စတင်လိုက်ပြီဖြစ်ပါတယ်။

ပါလက်စတိုင်းအရပ်သား သေဆုံးမှု ဟာမာ့စ်ကြောင့်ဟု အစ္စရေးဝန်ကြီးချုပ်ပြော ..!

ပါလက်စတိုင်းအရပ်သား သေဆုံးမှု ဟာမာ့စ်ကြောင့်ဟု အစ္စရေးဝန်ကြီးချုပ်ပြော 


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

by ဗွီအိုအေ (မြန်မာဌာန)

ဂါဇာကမ်းမြောင်ဒေသက တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေသေဆုံးနေတာဟာ ဟားမတ်စ် စစ်သွေးကြွတွေကြောင့်လို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟု က အပြစ်ဖို့လိုက်ပါတယ်။
သူက စစ်သွေးကြွတွေဟာ ဖေါက်ခွဲပစ္စည်းတွေကို ဆေးရုံတွေရဲ့အောက်မှာ ဖွက်ထားကြသလို ဂါဇာမှာနေထိုင်တဲ့ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးချခဲ့ကြတယ်လို့ ပြောပါတယ်။

Sunday, July 13, 2014

အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ဖို့ လုံခြုံရေးကောင်စီ တောင်းဆို..

အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ဖို့ လုံခြုံရေးကောင်စီ တောင်းဆို


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတစ်ဦးရဲ့ ဈာပနမြင်ကွင်း။ (ဂျူလိုင် ၁၂၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာဌာန)

အစ္စရေး ပါလက်စတိုင်း ပဋိပက္ခအဆုံးသတ်ကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ ဂါဇာဒေသမှာ အစ္စရေးတို့ ၅ ရက်မြောက် အဖြစ် စနေနေ့က လေကြောင်းတိုက်ခိုက်မှုလုပ်နေချိန်မှာပဲ လုံခြုံရေးကောင်စီက ခုလိုတောင်းဆိုခဲ့တာပါ၊
စနေနေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာ အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် လုပ်ကြဖို့၊ ပြန်လည်တည်ငြိမ်အောင်လုပ်ကြဖို့နဲ့ ၂၀၁၂ ခုနှစ်က အီဂျစ်က ကြားဝင် ညှိထားပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို ၂ ဖက်လုံးပြန်လိုက်နာကြဖို့ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက တောင်းဆိုထားပါတယ်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ရက်ပိုင်းအတွင်း မြေပြင်တပ်တွေ စေလွှတ်ရန်ရှိ..!

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ရက်ပိုင်းအတွင်း မြေပြင်တပ်တွေ စေလွှတ်ရန်ရှိ


ဒီရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသကို မြေပြင်တပ်တွေ ၀င်ရောက်ဖို့ အသင့်ဖြစ်အောင် တပ်တွေကို အမိန့်ပေးထားတယ်လို့ အစ္စရေး ကာကွယ်ရေး ၀န်ကြီး မိုရှီ ရာလွန်က ပြောပါတယ်။

အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)
အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ – ရိုက်တာ)


ဒီလို မြေပြင် ထိုးစစ်တွေ ဖြစ်လာရင် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ သုံးပတ်ကြာ အစ္စရေးနဲ့ ဟာမက် စစ်ပွဲအပြီး ပထမဆုံး ဖြစ်လာမှာပါ။ ၃ ပတ်ကြာ စစ်ပွဲမှာ ပါလက်စတိုင်း ၁၄၀၀ သေဆုံးခဲ့ပြီး အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

Saturday, July 12, 2014

အစ္စရေး၏ လေကြောင်းထိုးစစ် အရှိန်မြှင့်တင်လာမှုနှင့်အတူ ဂါဇာတွင် အသေအပျောက် များပြားလာ ...!

အစ္စရေး၏ လေကြောင်းထိုးစစ် အရှိန်မြှင့်တင်လာမှုနှင့်အတူ ဂါဇာတွင် အသေအပျောက် များပြားလာ





အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု အစီအစဉ်များကို အရှိန်မြှင့်တင်လာခြင်းနှင့်အတူ ဂါဇာတွင် အသေအပျောက် ပမာဏ တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရှိရသည်။

Palestinian UN resolution urges ceasefire, but keeps mum on rockets | The Times of Israel

Palestinian UN resolution urges ceasefire, but keeps mum on rockets | The Times of Israel

Egypt shuts border with Gaza, thwarts bid to smuggle rockets into Sinai | The Times of Israel

Egypt shuts border with Gaza, thwarts bid to smuggle rockets into Sinai | The Times of Israel

Thursday, July 10, 2014

အရှေ့အလယ်ပိုင်းစစ်ကြီး ထပ်ဖြစ်မှာ ကုလစိုးရိမ် ...!

အရှေ့အလယ်ပိုင်းစစ်ကြီး ထပ်ဖြစ်မှာ ကုလစိုးရိမ် 




by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အရှိန်မြင့်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုနှစ် အရှေ့အလယ်ပိုင်းဒေသအတွင်း ရင်ဆိုင်ရတဲ့ အတိမ်းအစောင်းမခံတဲ့ စမ်းသပ်ချက်တွေထဲက တခုဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ဒီဒေသမှာ နောက်ထပ် စစ်မက်ကြီးတခု ထပ်မံဖြစ်ပွားတာမျိုး လက်မခံနိုင်တော့ဘူးလို့ မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Wednesday, July 9, 2014

ဂါဇာအပေါ် မြေပြင်တိုက်ပွဲဆင်ဖို့ အစ္စရေးလ်ပြင်ဆင် ..!

ဂါဇာအပေါ် မြေပြင်တိုက်ပွဲဆင်ဖို့ အစ္စရေးလ်ပြင်ဆင် 




by ဗွီအိုအေ (မြန်မာပိုင်း)

ဂါဇာကမ်းမြှောင်ဒေသအပေါ် အစ္စရေးလ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ဒါဇင်နဲ့ချီ အင်္ဂါနေ့က လုပ်ခဲ့ပါတယ်။ အစ္စရေးလ်တို့ဘက်ကို ပါလက်စတိုင်းဘက်က ရော့ကက် ဒုံးလက်နက်တွေနဲ့ ပစ်ခတ်နေတာကို တားဆီးနိုင်ဖို့ မြေပြင်တိုက်ခိုက်မှုတွေလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွတွေအပေါ် ရက်ပိုင်းအတွင်း ပြီးသွားမှာမျိုးမဟုတ်တဲ့ စစ်ဆင်ရေးလုပ်ဖို့ အစ္စရေးလ်က ပြင်ဆင်နေတယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Moshe Ya'alon က ပြောကြားခဲ့ပါတယ်။ တာဝန်ချထားတဲ့ အရန်တပ်ဖွဲ့ဝင် ၁၅၀၀ အပြင် အရန်တပ်ဖွဲ့ဝင်ပေါင်း ၄ သောင်းကို ခေါ်ယူတာဝန်ပေးဖို့ အစ္စရေးလ်လုံခြုံရေးရာ Cabinet က ခွင့်ပြုထားပါတယ်။

ဂါဇာလာသောRocket ကိုပစ်ခြနိုင်သောIsraeli၏ဒုံးခွင်းဒုံး(Iron Dome)

Tuesday, July 8, 2014

ဆီးရီးယား ဓာတုလက်နက်တွေ အမေရိကန် စတင်ဖျက်ဆီး...!

ဆီးရီးယား ဓာတုလက်နက်တွေ အမေရိကန် စတင်ဖျက်ဆီး


ဆီးရီးယားနိုင်ငံအတွင်းက ဖျက်ဆီးဖို့ သဘောတူထားတဲ့ ဓာတုလက်နက်တွေကို ဒုတိယအကြိမ် သယ်ဆောင်လာတဲ့ နော်ဝေသင်္ဘော။

by ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ကုန်သေတ္တာတင် သင်္ဘောတစင်းပေါ်မှာ တင်ဆောင်လာတဲ့ ဆီးရီးယားနိုင်ငံက ဓါတုလက်နက်တွေကို မက်ဒစ်တာရေးနီးယမ်း ပင်လယ်ပြင်အတွင်းမှာ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေက စတင်ပြီး ဖျက်ဆီးနေပါပြီ။

ပါလက်စတိုင်း ဆယ်ကျော်သက် သတ်ဖြတ်မှု ဂျူး သုံးဦး ဖြောင့်ချက်ပေး ...!

ပါလက်စတိုင်း ဆယ်ကျော်သက် သတ်ဖြတ်မှု ဂျူး သုံးဦး ဖြောင့်ချက်ပေး 


၁၉၄၆ မှ ၂၀၀၇ ခုနှစ်အထိ အစ္စရေး၊ ပါလက်စတိုင်း မြေပုံ။

by ဗွီအိုအေ (မြန်မာဌာန)

ပါလက်စတိုင်းဆယ်ကျော်သက် လူငယ်တယောက်ကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ရာမှာ ပါဝင်တယ်လို့ မသင်္ကာသူ ဂျူးလူမျိုး ၆ ယောက်ထဲက ၃ ယောက်ဟာ ရာဇ၀တ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြပြီး သူတို့ ကျူးလွန်ခဲ့ပုံအဆင့်ဆင့်ကို တာဝန်ရှိသူတွေရှေ့မှာ ပြန်လုပ်ပြခဲ့ကြတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့ကပြောပါတယ်။

Monday, July 7, 2014

ပါလက်စတိုင်းလူငယ်သတ်ဖြတ်မှု ပါဝင်သူ ၆ ဦး အစ္စရေးဖမ်းဆီး ...!

ပါလက်စတိုင်းလူငယ်သတ်ဖြတ်မှု ပါဝင်သူ ၆ ဦး အစ္စရေးဖမ်းဆီး 

အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပျက်စီးသွားတဲ့ အိမ်ကို လှည့်လည်ကြည့်ရှုနေတဲ့ ပါလက်စတိုင်းသားတစ်ဦး။ (ဂျူလိုင် ၆၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာဌာန)

ပါလက်စတိုင်းဆယ်ကျော်သက် လူငယ်တယောက်ကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ရာမှာ ပါဝင်တယ်လို့ မသင်္ကာသူ ဂျူးလူမျိုး ၆ ယောက်ကို အစ္စရေး ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။

Sunday, July 6, 2014

ပါလက်စတိုင်း ဆယ်ကျော်သက် လက်စားခြေ သတ်ဖြတ်ခံရသလား...!

ပါလက်စတိုင်း ဆယ်ကျော်သက် လက်စားခြေ သတ်ဖြတ်ခံရသလား

မီးရှို့သတ်ဖြတ်ခံခဲ့ရသူ Mohammed Abu Khudair ရဲ့ ဓာတ်ပုံကို ပြနေတဲ့ မိခင်။ (ဂျူလိုင် ၂၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာဌာန)

လက်စားခြေသတ်ဖြတ်ခံရတယ်လို့ ယူဆရတဲ့ အာရပ် ဆယ်ကျော်သက်ဟာ ရင်ခွဲစစ်ဆေးမှုတွေအရ မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ပါလက်စတိုင်းရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။

အီဂျစ် မွတ်ဆလင် ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် ထောင်ဒဏ်တသက် ...!

အီဂျစ် မွတ်ဆလင် ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် ထောင်ဒဏ်တသက် 

ထောင်ဒဏ်တသက် ချမှတ်ခံရသူ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် Mohamed Badie

by ဗွီအိုအေ (မြန်မာဌာန)

အီဂျစ်-မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင် မိုဟာမတ် ဘာဒေး နဲ့ အစ္စလာမ်ဝါဒီ ၂၆ ယောက်ကို အီဂျစ် တရားရုံးတခုက ဒီကနေ့ပဲ ထောင်တသက် ချမှတ်လိုက်ပါတယ်။

ပါလက်စတိုင်း ဆယ်ကျော်သက်၏ ဈာပနအပြီး ...!

ပါလက်စတိုင်း ဆယ်ကျော်သက်၏ ဈာပနအပြီး အစ္စရေးရဲများ နှင့် ပါလက်စတိုင်းများအကြား ဖြစ်ခဲ့သော ပဋိပက္ခများ အခြားမြို့များသို့ပါ ပျံ့နှံ့

Written by  အေပီ



အစ္စရေး ရဲများနှင့် ပါလက်စတိုင်း ဆန္ဒပြသူများအကြား ဖြစ်ပွားသော ပဋိပက္ခမှာ ဂျေရုစလင်မှ နေ၍ အစ္စရေးမြောက်ပိုင်းရှိ အာရပ်မြို့များထံသို့ စနေနေ့က ပျံ့နှံ့သွားခဲ့သည်။ အစ္စရေး အစွန်းရောက်များက အာရပ်များအား ပြန်လည်လက်စားချေသည့် အနေဖြင့် သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်းများက ဆိုကြသော အာရပ်ဆယ်ကျော်သက်တစ်ဦး၏ ဈာပနနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများ ဖြစ်သည်။


6jlpla

ပဋိပက္ခမှာ သောကြာနေ့တွင် အရှေ့ဂျေရုစလင်၌ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၁၆ နှစ် အရွယ် မိုဟာမက်အဘူခါဒီယာ (Mohammed Abu Khdeir) ၏ ရုပ်အလောင်းအား မြေမြှပ်သင်္ဂြိုဟ်ရန် အတွက် ပါလက်စတိုင်း ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီးနောက် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Thursday, July 3, 2014

တရားဥပဒေ စိုးမိုးရေး လိုက်နာဖို့ အစ္စရေးလ် ၀န်ကြီးချုပ် ပန်ကြား ...!

တရားဥပဒေ စိုးမိုးရေး လိုက်နာဖို့ အစ္စရေးလ် ၀န်ကြီးချုပ် ပန်ကြား 


အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest

by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ်နိုင်ငံမှာ ပါလက်စတိုင်း ဆယ်ကျော်သက်အရွယ် လူငယ် ၁ ဦး သတ်ဖြတ်ခံခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ သေဆုံးသူ လူငယ်ရဲ့ ရုပ်အလောင်းကို ဂျေရုဆလင်မြို့ပြင်မှာ တွေ့ရှိခဲ့တာပါ။