HOME

Thursday, September 4, 2014

ဆော်ဒီအစိုးရက အကြမ်းဖက်တိုက်ခိုက် ကြံစည်မှု သံသယဖြင့် လူ ၈၈ ဦးကို ဖမ်းဆီး..!

ဆော်ဒီအစိုးရက အကြမ်းဖက်တိုက်ခိုက် ကြံစည်မှု သံသယဖြင့် လူ ၈၈ ဦးကို ဖမ်းဆီး
ဆော်ဒီအာရေဗျအစိုးရက သူနိုင်ငံသား တဝက်ကျော်ပါတဲ့ လူ ၈၈ ယောက်ကို ပြည်တွင်းနဲ့ ပြည်ပ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြံစည်လုပ်ဆောင်မှု သံသယနဲ့ ဖမ်းလိုက်တယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
တချို့သံသယရှိသူ တွေကတော့ ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေ သိမ်းပိုက်ထားတဲ့ အစ္စလာမ်မစ်ပြည်ထောင်စုအုပ်စု၊ ဆီးရီးယားနိုင်ငံက နတ်စ်ရာတပ်ဦး၊ ယီမင်နိုင်ငံက အယ်လ်ကေဒါဂိုဏ်းခွဲတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ တာကီက ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။

ဆော်ဒီနိုင်ငံသား အယောက် ၂၅၀၀ လောက်ဟာ ဆီးရီးယား၊ အီရတ်၊ ယီမင်နဲ့ အာဖဂန်နစ္စတန်တို့က စစ်သွေးကြွလှုပ်ရှားမှုတွေထဲမှာ ပါဝင်နေတယ်လို့ ယုံကြောင်းလဲ ပြောပါတယ်။
ဖေဖော်ဝါရီလက ဆော်ဒီဘုရင်အဗ္ဗဒူလာက နိုင်ငံခြားမှာ သွားရောက်တိုက်ခိုက်သူတွေကို ထောင်ဒဏ် နှစ်ရှည်ချဖို့ အမိန့်ချအပြီး ဆီးရီးယားနဲ့ အီရတ်က ပြန်လာတဲ့ ဆော်ဒီအယောက် ၃၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီးပါပြီ။
ဆော်ဒီဘုရင်အဗ္ဗဒူလာကတော့ အကြမ်းဖက်ဝါဒဟာ အရှေ့အလယ်ပိုင်းဒေသက အမြန် ကိုင်တွယ်ဖြေရှင်းမှု မလုပ်ရင် အမေရိကန်နဲ့ ဥရောပကို အမြန်ပြန့်သွားလိမ့်မယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က သတိပေးခဲ့ပါတယ်။

1 comment:

  1. Harrah's Cherokee Casino Resort - DrmCD
    Harrah's Cherokee is home to more than 대구광역 출장샵 4,000 square feet of casino 청주 출장마사지 gaming 이천 출장마사지 space, including more than 4,000 충주 출장샵 slot machines, over 50 구리 출장안마 table games,

    ReplyDelete