HOME

Thursday, September 4, 2014

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခု ဖွဲ့စည်း...!

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခု ဖွဲ့စည်း

အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက မွတ်စလင်တွေအတွက် အယ်လ်ကိုင်ဒါရဲ့ အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဒီအဖွဲ့ခွဲဟာ မတရားမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ မွတ်စလင်တွေကို ကယ်တင်မယ်လို့လည်း သူက ပြောပါတယ်။
အယ်လ်ကေဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟရီ
အယ်လ်ကေဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟရီ
ဒီတပ်ဖွဲ့သစ်ဟာ ဒေသတွင်းက မွတ်စလင်လူဦးရေကို ခွဲခြားထားတဲ့ နယ်စပ်မျဉ်း အတုတွေကို ချေမှုန်းကြလိမ့်မယ်လို့လည်း ပြောပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေထဲမှာ လှုပ်ရှားနေတဲ့ အယ်လ်ကိုင်ဒါတွေရဲ့ ရှင်သန်ကျန်ရစ်ဆဲ ခေါင်းဆောင်တွေ ပုန်းအောင်းနေတယ်လို့ အထင်ခံနေရတာပါ။
ဇာဝါဟရီကတော့ အဲဒီအုပ်စုဟာ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ တိုက်ပွဲ ဝင်မယ်လို့ ပြောပါတယ်။
ဒီလိုပေါင်းစည်းမှုက ဒီကနေ့ အခြေမကျသေးပေမယ့် အိန္ဒိယတိုက်ငယ်က မူဂျာဟစ်တွေ စုစည်းပြီး ၂ နှစ်ကျော် အားထုတ်မှုရဲ့ အသီးအပွင့် ဖြစ်လာမယ်လို့ သူက ဆက်ပြောပါတယ်။
ဒီရုပ်သံကို အယ်လ်ကိုင်ဒါတွေရဲ့ မီဒီယာလက်ရုံး အဲ့စ် စာဟဘ် မီဒီယာဖောင်ဒေးရှင်းက ထုတ်လုပ်ပြီး ဂျီဟတ်ဆင်နွှဲသူတွေရဲ့ အင်တာနက်ဖိုရမ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီခဲ့တာပါ။
ဆော်ဒီနိုင်ငံသား အိုစမာဘင်လာဒင် တည်ထောင်ခဲ့တဲ့ အယ်လ်ကိုင်ဒါအဖွဲ့ဟာ မွတ်စလင်မြေတွေ စုပေါင်းပြီး တဦးတည်းသော ဘာသာရေးခေါင်းဆောင် အုပ်ချုပ်တဲ့ ခါလီဖတ်နိုင်ငံတော်ကို ထူထောင်ဖို့ ဂျီဟတ်စစ်ပွဲကို တကိုယ်တော် ကြေညာထားတာပါ။
အကြမ်းဖက်မှု တိုက်ဖျက်ရေးပညာရှင်တွေကတော့ အယ်လ်ကိုင်ဒါအဖွဲ့က သက်ကြီးခေါင်းဆောင်တွေဟာ အဖွဲ့ဝင်သစ်စုဆောင်းရေးအတွက် အစ္စလာမ်မစ်ပြည်ထောင်စု အဖွဲ့လို့ ခေါ်တဲ့ အိုင်အက်စ်စစ်သွေးကြွတွေနဲ့ အပြိုင်ရုန်းကန်နေရပုံပေါ်တယ်လို့ သုံးသပ်ပါတယ်။
အီရတ်နဲ့ ဆီးရီးယားက နယ်မြေတချို့ကို သိမ်းပိုက်ထားတဲ့ အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဘေကာရ် အယ်လ် ဘတ်ခါဒဲ့ဒီကတော့ သူကိုယ်သူ ဘာသာရေးဆရာ အုပ်ချုပ်တဲ့ တိုင်းပြည်ခေါင်းဆောင် ခါလီဖတ်အဖြစ် ကြေညာပြီး ကမ္ဘာ့တလွှားက မွတ်စလင်အားလုံး သစ္စာခံကြဖို့ တောင်းဆိုထားပါတယ်။

No comments:

Post a Comment