HOME

Thursday, September 25, 2014

ဂါဇာဒေသ ပြန်လည်တည်ထောင်ရေး ကန်ဒေါ်လာ ၃ ဘီလျံကျော် လိုအပ် ....!

ဂါဇာဒေသ ပြန်လည်တည်ထောင်ရေး ကန်ဒေါ်လာ ၃ ဘီလျံကျော် လိုအပ်          

 Written by  Mizzima News 

အစ္စရေးနှင့် ဖြစ်ပွားသည့် ရက် ၅၀ စစ်ပွဲကြောင့် ဂါဇာဒေသပြန်လည် တည်ဆောက်ရန် အရေးပေါ်အကူအညီ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိုအပ်ကြောင်း ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီဟမ်ဒယ်လာ့ရှ်က ထုတ်ဖော်ပြောကြားလိုက်သည်ဟု စက်တင်ဘာလာ ၂၄ ရက်က အေအက်ဖ် ပီ
သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

gaza-destruction-cease-fire

ဆော်ဒီအာရေဗျ နိုင်ငံက ဒေါ်လာသန်း ၅၀၀ ထည့်ဝင်ဝင်မည်ဟု ကတိက၀တ် ပြုထားပြီး အခြားနိုင်ငံများကလည်း ပါဝင်မည်လာမည်ဟု ဆို ထားသည်။ ကုလသမဂ္ဂ နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် နော်ဝေ ဦးဆောင်သည့် အလှူရှင်များနှင့် ဆွေးနွေးပွဲအပြီးတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
အနောက်ဘက်ကမ်းမှ အစ္စရေးတပ်များ သုံးနှစ်အတွင်း ရုပ်သိမ်းရေးအဆိုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပါလက်စတိုင်းသမ္မတ မာမွတ် အဘားစ်က တင်ပြရန် စိုင်းပြင်းနေစဉ် ကုလသမဂ္ဂ  အထွေထွေ ညီလာခံတွင် ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီဟမ်ဒယ်လာ့ရှ်က အကူအညီ များ တောင်းခံလိုက်ခြင်း ဖြစ်သည်။
 ပြီးခဲ့သည့် ဂါဇာစစ်ပွဲများက ပါလက်စတိုင်းသမ္မတ မာမွတ် အဘားစ်၏ သြဇာကို ဆုတ်ယုတ်သွား စေခဲ့ပြီး   ပါလက်စတိုင်း နိုင်ငံ တည်ထောင်ရေး အဘားစ်၏ ကြိုးပမ်းမှုများလည်း မအောင်မြင်သေးသဖြင့် ပြည်တွင်းတွင်လည်း အဘားစ်မှာ လူကြိုက်နည်းလာနေသည်။

No comments:

Post a Comment