HOME

Saturday, September 20, 2014

အီရန်နှင့် အင်အားကြီး ၆ နိုင်ငံ နျူးကလီးယား ကိစ္စ ဆွေးနွေး...!

အီရန်နှင့် အင်အားကြီး ၆ နိုင်ငံ နျူးကလီးယား ကိစ္စ ဆွေးနွေး

Leaders gather at the United Nations Palais in Geneva

အီရန်နဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်တို့ ပါဝင်တဲ့ ခြောက်နိုင်ငံတို့ နျူးကလီးယား ကိစ္စ ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြန်လည် စတင်လိုက်ပါတယ်။
အီးယူ နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း အက်စတွန်က ဆွေးနွေးပွဲမှာ ၆ နိုင်ငံကိုယ်စား ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။
ဆွေးနွေးပွဲတွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့် စက်တင်ဘာလ ၂၆ ရက်အထိ ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ အီရန်ဟာ နျူးကလီးယား လက်နက်အတွက် သုတေသန လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပေမယ့် အီရန်က ပယ်ချထားပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မကြာခင်ကပဲ ချမှတ်ထားတာလည်း ရှိပါတယ်။

1 comment:

  1. Casino Poker Games - Play online at TopCasinoTacos
    Play free casino 아시아 게이밍 games 3 3 토토 on our site. Enjoy a variety 탱글 다희 성인 방송 of Slots, Blackjack, Roulette 스보벳 and w88 login Video Poker.

    ReplyDelete