HOME

Saturday, September 13, 2014

ပြင်သစ်တွင် ဂျူးးဆန့်ကျင်ရေး တိုက်ခိုက်မှုများ နှစ်ဆတိုးလာ....!

ပြင်သစ်တွင် ဂျူးးဆန့်ကျင်ရေး တိုက်ခိုက်မှုများ နှစ်ဆတိုးလာ
          Written by 
    ပြင်သစ်တွင် ယခုနှစ်၏ ပထမ ခုနစ်လအတွင်းတွင် ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှုများသည် နှစ်ဆ တိုးလာ ခဲ့ကြောင်း ပြင်သစ်နိုင် ငံရှိ အဓိက ဂျူးးလူမျိုးများအဖွဲ့က ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၁၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
    France and Jews
    ဂျူးးဆန့်ကျင်ရေး တိုက်ခိုက်မှုများ သို့မဟုတ် ခြိမ်းခြောက်မှု  များသည် ယခုနှစ် ဇူလိုင်လကုန်တွင် စုစုပေါင်း ၅၂၉ ကြိမ်အထိ ရှိခဲ့ ရာ လွန်ခဲ့သော နှစ်က ၂၇၆ ကြိမ်သာ ရှိခဲ့နှင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါး တိုးလာခြင်း ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ဂျူးးအဖွဲ့ အစည်း များ ကောင်စီက ပြည်ထဲရေးဝန်ကြီး ဌာန၏ ကိန်းဂဏန်းများကို ကိုးကား၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။
    တိုက်ခိုက်မှုများတွင် တစ်ဦးချင်း အပေါ် တိုက်ခိုက်မှု၊  မီးရှို့မှုနှင့် လက်သရမ်းဖျက်ဆီးမှုတို့ ပါဝင်သည်။
    ထိုကဲ့သို့သော ဂျူးးဆန့်ကျင်ရေး အပြုအမူများသည် နေ့စဉ်နှင့်အမျှ ဖြစ်နေသော ဂျူးးလူမျိုများအား ဖိနှိပ်မှုများကို တစ်နေ့တစ်ခြား ပိုပြီး ဆိုးရွား လာစေပြီး ၎င်းတို့၏ အနာဂတ်အတွက်လည်း အရိပ်မဲကြီး ထိုးကျနေသလို ရှိနေကြောင်း  ပြင်သစ်နိုင်ငံ ဂျူးးအဖွဲ့ အစည်းများ ကောင်စီ်၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။ ပို၍ ဆိုးသည်ကား ဂျူးးများကို အကြမ်းဖက်သော ပုံစံသစ် များပေါ် လာခြင်း ဖြစ်ကြောင်းလည်း ထိုကြေညာချက် တွင် ဖော်ပြထားသည်။
    လွန်ခဲ့သော သီတင်းပတ်ကလည်း ပြင်သစ် ဂျူးအေဂျင်စီရုံးက ယခုနှစ်အတွင်း ဂျူးးလူမျိုးများ ပြင်သစ်မှ အစ္စရေးသို့ ထွက်ခွာ သွားသည့်အရေအတွက်သည် တခြားနိုင်ငံမှ အစ္စရေးသို့ သွားကြသည့် အရေအတွက် ထက်များလာကြောင်းလည်း ယင်းအဖွဲ့ က ပြောသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဂျူးးဆန့်ကျင်ရေး အခြေအနေကြောင့်ပင် ဖြစ်သည်ဟု ဆိုသည်။
    ပြင်သစ်တွင် ဂျူးးလူမျိုး ၅၀၀၀၀၀မှ ၆၀၀၀၀၀ အထိ နေထိုင်လျက်ရှိရာ ကမ္ဘာတွင် အစ္စရေးနှင့် အမေရိကန်တို့ပြီးလျှင် တတိယ အများဆုံး ဂျူးးလူမျိုးများနေထိုင်ရာ နိုင်ငံဖြစ်သည်။

    No comments:

    Post a Comment