HOME

Thursday, September 25, 2014

ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား..!

ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးရဲတွေ အယ်လ်အက်ဆာဗလီခြံဝင်းထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက မေ့ဆေးဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ ဘုရားဖူးတွေက ခဲတွေ၊ မီးပန်းတွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။


Palestinians clash


ရိုက်တာစ်သတင်းဌာနက တင်ဆက်တဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ အစ္စရေး နယ်ခြားစောင့်ရဲက ဗလီခြံဝင်းထဲ ဝင်လာပြီး မီးခိုးဗုံး၊ ဖောက်ခွဲသံတွေနဲ့ မီးပန်းပစ်သံတွေကို ကြားရပါတယ်။ ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။
ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရကတော့ ခြံဝင်းထဲမှာ ဥပဒေစိုးမိုး အာဏာတည်အောင် ဒီလို ပစ်ခတ်ရတာလို့ ပြောပါတယ်။
ပါလက်စတိုင်းဒေသခံမီဒီယာကတော့ အစ္စရေးက အသက် ၅၀ အောက် ယောက်ျားနဲ့ မိန်းမတွေ ဗလီခြံဝင်းထဲ မဝင်ဖို့ တားမြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီမြို့ဟာ မွတ်စလင်တွေရဲ့ အထွဋ်အမြတ်ဆုံးဒေသ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့နှောင်းပိုင်းက စတဲ့ ဟီးဘရူးနှစ်သစ်ကူး မတိုင်မီ ဒါဇင်နဲ့ချီတဲ့ ဂျူးဘုရားဖူးတွေက ဗလီခြံဝင်းထဲ ဝင်လာခဲ့အပြီး ရုန်းရင်းဆန်ခတ်မှု စတယ်လို့ ပြောပါတယ်။ ပါလက်စတိုင်း ဆေးအဖွဲ့တွေကတော့ အသေးစား ဒဏ်ရာရသူ ၁၅ ယောက်လောက်ရှိတယ်လို့ ပြောပါတယ်။
မွတ်စလင်တွေကတော့ ဒီ မွန်မြတ်တဲ့ဗလီဝတ်ကျောင်းတော်နေရာဟာ ကောင်းကင်တမန် ဂါဘရီယယ်လ်က တမန်တော်မိုဟာမက်သခင်ကို ကောင်းကင်ဘုံတခွင် ပြသနိုင်ရန်အတွက် ခေါ်ဆောင်လာခဲ့သော မြေနေရာ ဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးကြီးဆုံး နေရာတခုပါ။
ဂျူးလူမျိုးများအတွက်တော့ မောင့်တ်ဘုရားကျောင်းလို့ ခေါ်ပြီး ဂျူးဘာသာအရ ကြည်ညို လေးစားပါတယ်။
အစ္စရေးဟာ အရှေ့ဂျေရုဆလင်ကို ဂါဇာ၊ အနောက်ဘက်ကမ်းပါးတို့နဲ့အတူ ၁၉၆၇ ခုနှစ်က ၆ ရက်ကြာ အာရပ်အစ္စရေးစစ်ပွဲအတွင်း သိမ်းပိုက်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာတော့ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် ကြေညာ ခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာမိသားစုတွေကတော့ အသိအမှတ်မပြုခဲ့ပါဘူး။ ဂျေရုဆလင်ရဲ့ လူဦးရေး ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၈ သိန်းကတော့ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။

No comments:

Post a Comment