HOME

Friday, September 12, 2014

ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလတပ်ဖွဲ့ဝင် ၄၅ ဦး ပြန်လည် လွတ်မြောက်လာ...!


ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလတပ်ဖွဲ့ဝင် ၄၅ ဦး ပြန်လည် လွတ်မြောက်လာ


           Written by  အောင်ခင်
    သြဂုတ်လကုန်ပိုင်းက ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂ ပိုင်းခြားနယ်မြေ စောင့်ကြည့်ရေးတပ်ဖွဲ့ (UNDOF) မှ ဖီဂျီနိုင်ငံသား ၄၅ ဦးသည် စက်တင်ဘာ ၁၁ ရက်က ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ သည် ကောင်းမွန်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထား သည်။
Goland heights released
UNDOF တပ်ဖွဲ့သည် အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြားမှ  ၁၉၇၄ ခုနှစ်က သဘောတူထားသည့် ဂိုလန်ကုန်းမြင့်ဒေသ အပစ်အခတ်မပြုလုပ်ရေး နယ်မြေကို စောင့်ကြည့်ရသည့် ကုလသမဂ္ဂငြိမ်းချမ်း ရေး တပ်ဖွဲ့ဖြစ်သည်။
အဆိုပါ တပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က “ ဒေသစံတော်ချိန် နေ့လည် ၂နာရီ ၃၀ မိနစ်မှာ ဖမ်းဆီးခံထားရတဲ့ ဖီဂျီနိုင်ငံသား တပ်ဖွဲ့ဝင် ၄၅ ဦးစလုံးကို UNDOF ရဲ့ စခန်းအမှတ် ၈၀ မှာ ပြန်လည် လက်ခံရရှိခဲ့ပါတယ်။ သူတို့အားလုံး ကျန်းမာရေးကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ တပ်ဖွဲ့ဝင်များကို သြဂုတ် ၂၈ ရက်တွင် အယ်လ်ကိုင်ဒါတို့နှင့် ဆက်စပ်နေသည့် အယ်လ်နျူဆာ သူပုန်များက ဂိုလန်ကုန်းမြင့်ဒေသသို့ ၀င်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၀ ရက်က အယ်လ်နျူဆာအဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဖီဂျီတပ်ဖွဲ့ဝင် များကို လွှတ်ပေးမည်ဖြစ်ကြောင်း သို့သော် စားနပ်ရိက္ခာ အကူအညီများပြန်ပေးရန်၊ ၎င်းတို့ဘက်မှ ဖမ်းဆီးထားသူတစ်ဦးကို လွှတ်ပေးရန်နှင့် ၎င်းတို့အဖွဲ့အား ကုလသမဂ္ဂ၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ထုတ်ပယ်ပေး ရန် တောင်းဆိုခဲ့သည်။
Ref:AFP

No comments:

Post a Comment