HOME

Thursday, September 13, 2012

အီရန်ဝါရင့်စစ်သည် ၁၅၀,ဆီးရီးယားကို ကူညီထောက်ပံ့...!

ဆီးရီးယား အစိုးရသို့ ဝါရင့်စစ်သည် ၁၅၀ အီရန်မှ ကူညီစေလွှတ်
ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံရှိ လက်ရှိ အစိုးရသမ္မတ အဆက်အား တော်လှန် တိုက်ခိုက်နေသူများကို အစိုးရတပ်မှ ပိုမို တိုက်ခိုက် ချေမှုန်းနိုင်ရန် အတွက် အီရန်ဝါရင့် တော်လှန်ရေးစစ်သည် ၁၅၀ ကို ဆီးရီးယားနိုင်ငံသို့ အီရန်အစိုးရမှ ကူညီထောက်ပံ့သည့် အနေဖြင့် စေလွှတ်ခဲ့ကြောင်း အနောက်တိုင်း စုံစမ်းရေး ဌာနများမှ တာဝန်ရှိသူများက ဆိုသည်။
အီရန်နိုင်ငံသည် ဒေသတွင်း မဟာမိတ်နိုင်ငံဖြစ်သော စစ်မက်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံသို့ စစ်ရေးလက်နက် ပစ္စည်းများ တန်နှင့်ချီ၍ ပို့ဆောင် ထောက်ပံ့ခဲ့ပြီး ၎င်းတို့ထဲတွင် သေနတ်များ၊ ဒုံးကျည်များနှင့် ဗုံးဆန်များ ပါဝင်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု အချို့နှင့် ရင်ဆိုင်နေရသော အီရန်သမ္မတ အာမက်ဒီနီဂျက်မှ ဆီးရီးယားသမ္မတ အဆက်အပေါ် စစ်ရေးအရ ကူညီမှုသည် ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး သမားများကို အားပေး ထောက်ခံနေသည့် အနောက်နိုင်ငံများမှ အီရန်နိုင်ငံအပေါ်သို့ အမြင်စောင်းစရာ ဖြစ်စေခဲ့သည်ဟု သတင်းအချို့မှ ဆိုသည်။

No comments:

Post a Comment