HOME

Monday, September 24, 2012

အိုဘားမားရဲ့ ဘဝဇာတ်ကြောင်း.....!

အိုဘားမားရဲ့ တိုက်ပွဲတစ်ရာ
လွန်ခဲ့တဲ့ လေးနှစ်က စိတ် ဓာတ်တက်ကြွနေတဲ့ Barack Ohama က သူအိမ်ဖြူတော်ရောက် ရင် အမေရိကန်နိုင်ငံကို ပြောင်းလဲ ပစ်မယ်လို့ ကမ္ဘာဂြိုဟ်တစ်ခုလုံး ကြားလောက်အောင် ကြွေးကြော်ခဲ့ တယ်။ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ် ဘလီကန်ပါတီအကြား သဘောထား ကွဲလွဲနေမှုကို အဆုံးသတ်ပြီး ရီပတ်ဘလီကန်ပါတီနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ သူက ဆို ခဲ့တယ်။ အလုပ် လက်မဲ့တွေအတွက် အလုပ်အကိုင်တွေဖော်ဆောင်ဖန်ဆင်းပေးမယ်။ ကမ္ဘာဂြိုဟ်ကို ကမ္ဘာကြီး ပူနွေးလာမှုဖြစ်စဉ်မှ ကာကွယ်ပေး မယ်။ ကုန်ကုန် ပြောရင် ကမ္ဘာတစ်လွှားမှာ အမေရိ ကန်တွေ ပြန်လည်မော်ြ<ွကား လက် မထောင်နိုင်အောင် ဆောင်ကြဉ်း ပေး မယ် လို့ အိုဘားမားက ဆိုခဲ့တယ်။ခု အိုဘားမားက သမ္မတကြီး ဖြစ်လို့ အိမ်ဖြူတော်ရောက်တာ လေးနှစ်တင်း တင်းတောင် ပြည့် တော့ မယ်။ အမေရိကန်နိုင်ငံက ဘာမှလဲ ပြောင်းလဲသွားတာ မရှိ ဘူး။ သူ့ရဲ့ ဘာလုပ်မယ် ညာလုပ် မယ်ဆိုတဲ့ ကတိကဝတ်တွေက လည်း ဟုတ်တိပတ်တိ ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာဘူး။ ဒီကနေ့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ လူဦးရေဟာ လွန်ခဲ့ တဲ့ လေးနှစ်ကထက် သုံးသန်း လောက် ပိုများတယ်။ အမျိုးသားြေ<ွကးမြီ National Debt ကလည်း လွန်ခဲ့တဲ့ လေးနှစ် ကထက် အမေရိ ကန်ဒေါ်လာ ငါးထရီလီယံလောက် ပိုပြီးကြီးထွားလာတယ်။

ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီ ကန် နှစ်ပါတီ သင့်မြတ်ဖို့ လက်တွဲ ကြဖို့ နေနေသာသာ အခြေအနေ က ပိုတောင်ဆိုးရွား လာတယ်။ အို ဘားမားရဲ့ အမှန်တကယ် အောင် မြင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့ ကျန်း မာရေးစောင့်ရှောက်မှု အစီအစဉ် Obamacare ဟာ နှစ်ပါတီအကြား ငြိုးမာန်ဖွဲ့စရာ ကိစ္စရပ်တစ်ခု ဖြစ် လာခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင် တွေအနေနဲ့ အိုဘားမားအပေါ် ဝေခွဲမရ ဖြစ်နေကြတယ်။ အိုဘားမားဟာ အရင်းရှင်စနစ်အပေါ် တကယ်ယုံမှယုံကြည်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဘာ ကြောင့် လဲဆိုတော့ သူ့ရဲ့လုပ်ရပ် တချို့ကို လက်ဝဲဆန်တယ်လို့ မြင်ကြတယ်။
အိုဘားမားရဲ့ ကမ္ဘာကြီးပူနွေး လာမှုကို လျှော့ချရေး အစီအမံက လည်း အခုတော့ အငွေ့ပြန်သွားခဲ့ ပါပြီ။ အီရန်နိုင်ငံကလည်း အရင်ကအတိုင်း အန္တရာယ်ရှိနေဆဲပါပဲ။ အစ္စလာမ်မစ်ကမ္ဘာက အမေရိ ကန်နိုင်ငံအပေါ် အမြင်ကလည်း အိုဘားမားအရင် သမ္မတဖြစ် ခဲ့တဲ့ ဂျော့ဒဗလျူဘုရှ်လက်ထက်ကနဲ့ ဘာမှမခြား။ ဘာမှပြောင်းလဲမသွား ဘူး။ ရုရှားနဲ့ တရုတ်တို့ကလည်း အမေရိကန်နိုင်ငံ အပေါ် မျက်စောင်းထိုးနေကြဆဲပါပဲ။ အိုဘား မားက ဂွမ်တာနာမို အကျဉ်းစခန်း ကို ပိတ်သိမ်းပစ်မယ်လို့ ပြောခဲ့ပေ မယ့် ဒီကနေ့ အထိ အဲဒီအကျဉ်း စခန်းက အရင်ကအတိုင်းမပြောင်း မလဲ ရှိနေဆဲ။
ဒီလိုပြောရပေမယ့် အိုဘား မားဘက်မှ ခုခံကာကွယ်ပြောစရာတွေတော့ရှိတယ်။ တကယ်လို့သူသာ ရဲရဲတင်း တင်း ပြတ်ပြတ်သား သား မလုပ်ခဲ့ရင် အမေရိကန်နိုင်ငံ ရဲ့ စီးပွားရေးအခြေအနေက အခု ထက်တောင် ပိုပြီးဆိုးရွားသွားနိုင် တယ်။ အိုဘားမား သမ္မတဖြစ်လာ တော့ သူဟာ ပြိုပျက်လာနေတဲ့ စီး ပွားရေးအဆောက်အအုံနဲ့ စစ်ကြီး နှစ်ခုကို အမွေ ဆက်ခံခဲ့ရတယ်။
သူ့ရဲ့ စီးပွားရေး နိုးထရှင်သန် ရေး အစီအမံအပြင် ကားကုမ္ပဏီ ကြီးနှစ်ခုကို ကယ်တင်ခဲ့မှုတို့က ၁၉၃ဝ နှစ်များအတွင်းက ကမ္ဘာ့ စီးပွားပျက်ကပ်ကြီးမျိုး ဒုတိယအကြိမ် ဖြစ်မလာရအောင် ဟန့်တားကာကွယ်နိုင်ခဲ့တယ်။ ဒီအတွက် အိုဘားမား ကို ကျေးဇူး တောင် တင်သင့်တယ်။ ပြီးတော့ သူ့ရဲ့ ကောင်းမွန်တဲ့ စီမံကိန်းတွေ ကို ရီပတ်ဘလီကန် အမတ်တွေက အောက်လွှတ်တော်မှာ ကဖျက်ယ ဖျက် လုပ်ခဲ့ကြလို့သာ မအောင် မမြင် ဖြစ်ခဲ့ရတာပါ။
နိုင်ငံခြားရေးနဲ့ ပတ်သက်ရင် လည်း အိုဘားမားဟာ နိုင်ငံခြား မူ ဝါဒတွေကို ချင့်ချင့်ချိန်ချိန်နဲ့ လုပ် ဆောင်ခဲ့တယ်။ သူပေးထားတဲ့ ကတိအတိုင်း အမေရိကန်တပ်များ ကို အီရတ်မှ ရုပ်သိမ်းခဲ့တယ်။ အာ ဖဂန်နစ္စတန်စစ်ပွဲကိုလည်း ၂ဝ၁၄ မှာ အပြီး သတ်ဖို့ စီစဉ်ဆောင်ရွက်နေပါပြီ။ အာဖဂန်စစ်ပွဲ ဆင်နွှဲရခြင်းရဲ့အဓိကအကြောင်းအချက် တစ်ခုခုဖြစ်တဲ့ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင် ကိုလည်း ပါကစ္စတန်နိုင်ငံထဲ စွန့် စွန့်စားစား ဝင်ရောက်ပြီး အမိန့် ပေးခဲ့တဲ့ ဘာရက်အိုဘားမားကို တကယ်တော့ ချီးကျူးထိုက်တယ်။
ဒါပေမယ့် ဒီလို အရေးကိစ္စ တွေက အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခံ ရရေးအတွက် ကြိုးပမ်း တဲ့နေရာမှာ သိပ်ပြီးအရေးမပါဘူး။ အမေရိကန် ပြည်သူတွေက နိုင်ငံခြားရေးမူဝါဒ တွေကိုကြည့်ပြီး မဲပေးကြမှာမဟုတ် ဘူး။ အမေရိ ကန်ပြည်သူတွေက ဆန္ဒမဲပေးဖို့အတွက် သမ္မတရဲ့ ပြည်တွင်းစီးပွားရေး လုပ်ဆောင် ချက်တွေအပေါ် ဝေဖန်သုံးသပ်ပြီး မဲပေးကြ မှာ။ ပြည်တွင်းစီးပွားရေး ထဲမှာ အဓိကကတော့ အလုပ် အကိုင် ရရှိရေးဖြစ်တယ်။ အလုပ် အကိုင် ရရှိရေးအတွက် အိုဘားမား က ဘာလုပ်ပေးနိုင်မလဲ။ ဒါကိုပဲ အဓိက ထားကြမှာဖြစ်တယ်။ဒီကနေ့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ရှစ်ရာခိုင်နှုန်းဝန်း ကျင်ရှိတယ်။ မဲဆန္ဒရှင် ၆ဝ ရာခိုင် နှုန်းက သူတို့ရဲ့ နိုင်ငံဟာ လမ်းမှား ပေါ် လျှောက်လှမ်းလျက် ရှိတယ် လို့ ယုံကြည်ကြတယ်။ လူထု သဘောထား စစ်တမ်းတွေက အို ဘားမားကို သဘောကျသူ ၅ဝ ရာ ခိုင်နှုန်းအောက် ရောက်နေကြောင်း ဖော်ပြတယ်။ မဲဆန္ဒရှင် သုံးပုံနှစ်ပုံ က စီးပွားရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ ကိုင်တွယ်ပုံကို အထင်မကြီးကြ ဘူး။ ပြုပြင်ပြောင်းလဲရေးသမားကြီး အိုဘားမားက အခုတော့ အစစ အရာရာ သတိထား လုပ်ကိုင်နေရ တဲ့ ပုဂ္ဂိလ်တစ်ဦးအဖြစ် ပြောင်းလဲ သွားတယ်။ သမ္မရာထူးရဲ့ ဖိအား ပေးမှုကြောင့် အိုဘားမားဟာဆံပင် တွေဖြူဖွေးလာပြီး အိုမင်းသွား တယ်။
အိုဘားမားရဲ့ ဘဝဇာတ်ကြောင်း
အိုဘားမားကို ၁၉၆၁ ခုနှစ် က Honolulu မှာ မွေးဖွားခဲ့တယ်။ အဖေက ကင်ညာသား။ အမေက အမေရိကန်သူ။ သူ့ရဲ့နာမည် အပြည့်အစုံက Barack Hussein Obarma ဖြစ်နေတဲ့အတွက် သူ့ကို အချို့က မွတ်စလင်လို့ ထင်ကြ တယ်။ Columbia University (၁၉၈၃) နဲ့ Harvard Law School (၁၉၉၁) တို့မှာ တက် ရောက် ပညာသင်ကြားခဲ့တယ်။ သူ ဟာ ချီကာဂိုမြို့ရဲ့ ဆင်းရဲသားရပ် ကွက်မှာ ရပ်ရွာစည်းရုံးရေးအလုပ် တွေ လုပ်ဆောင်ခဲ့တယ်။ Univeristy of Chicago မှာ ဖွဲ့စည်းပုံ ဆိုင်ရာ ဥပဒေဘာသာရပ်ကို ဟော ပြောပို့ချခဲ့တယ်။
အိုဘားမားဟာ ၁၉၉၆ ခုနှစ် ကစပြီး နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာတယ်။ ဒီမိုကရက်တစ် ပါတီရဲ့ အဖွဲ့ဝင်အဖြစ် အဲဒီနှစ်မှာ အီလီနွိုက်ဆီးနိတ်မှာ ပါဝင်လာခဲ့ တယ်။ ၂ဝဝ၄ ခုနှစ်မှာ အမေရိ ကန်ပြည်ထောင်စု အထက်လွှတ် တော် senate အမတ် ဖြစ်လာ တယ်။ ၂ဝဝ၈ ခုနှစ်မှာ ဒီမိုကရက် တစ်ပါတီ သမ္မတလောင်း ဖြစ်လာ ခဲ့တယ်။ သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ
သမ္မတလောင်း ဂျွန်မက်ကိန်းကို အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အာဖရိ ကန်-အမေရိကန် သမ္မတ ဖြစ်လာ တယ်။
၂ဝဝ၈ ရွေးကောက်ပွဲတုန်းက လူထုဆန္ဒမဲ popular vote ၅၃ ရာခိုင်နှုန်းနီးနီး ရရှိခဲ့တဲ့အပြင် ကိုယ်စားလှယ်မဲ electoral vote ၃၆၅ မဲတောင် ရရှိခဲ့တယ်။ (အမေ ရိကန် ပြည်ထောင်စုမှာ Electoral College လို့ ခေါ်ကြတဲ့ ကိုယ်စားလှယ်မဲ စုစုပေါင်း ၅၃၈ မဲ ရှိတယ်။ ပြည်နယ်တစ်ခုဟာ လွှတ်တော်မှာကိုယ်စားလှယ်ရှိသလောက် ကိုယ်စားလှယ်မဲ ရရှိကြတယ်။ သမ္မတနဲ့ဒုတိယ သမ္မတရွေးချယ် တင်မြှောက်နိုင်ဖို့အတွက် ယှဉ်ပြိုင်သူများအနေနဲ့ electoral college အများစု ၂၇ဝ ရရှိဖို့လို တယ်။ ဒါမှ သမ္မတ၊ ဒု-သမ္မတ ဖြစ်နိုင်တယ်)၂ဝဝ၈ ရွေးကောက်ပွဲမှာ အို ဘားမားက အပြတ်အသတ် အနိုင် ရရှိခဲ့ရတဲ့အကြောင်းရင်းက လူငယ် အများ အပြား ထောက်ခံမဲ ပေးခဲ့ ကြတဲ့အတွက် ဖြစ်တယ်။ ဒီမိုက ရက်တစ် လိုလားတဲ့ ပြည်နယ်တွေ အပြင် ရီပတ်ဘလီကန် အမာခံ ပြည်နယ်တွေ့ပါ အိုဘားမားကို ထောက်ခံမဲပေးခဲ့ကြတယ်။
အိုဘားမားဟာ စာအုပ်နှစ် အုပ် ရေးသားဖူးပါတယ်။ တစ်အုပ် က သူ့ရဲ့ဘဝမှတ်တမ်းအကြောင်း ဖြစ်တဲ့ Dreams from My Father (၁၉၉၅)စာအုပ်နဲ့ နောက်တစ်အုပ် က အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးအမြင် ကို ဖော်ပြတဲ့ The Audacity of Hope (၂ဝဝ၆) စာအုပ် ဖြစ်ပါ တယ်။ သူ့ရဲ့ ဇနီးက Michelle ဖြစ်ပြီး Mialia Ann နဲ့ Natasha လို့ ခေါ်တဲ့ သမီးငယ်နှစ်ယောက် ရှိတယ်။
စီးပွားရေးအကျနဲ့အိုဘားမားအတက်
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှာ သမ္မာကျမ်းစာအုပ်အပေါ် သူ့ရဲ့ ဘယ်လက်တင်ပြီး ဘာရက်အိုဘား မားက ကျမ်းသစ္စာ ကျိန်ဆိုနေချိန် မှာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး အဆောက်အအုံက တစ်စစီ တစ်ဖဲ့စီ ပြိုကျနေပါပြီ။ အမေ ရိကန်ဘဏ်စနစ်က ပြိုလဲ လာပြီ။ ကားကုမ္ပဏီကြီး နှစ်ခုက ဒေဝါလီ ခံရတော့မယ်။ အိုးအိမ်ဈေးကွက် ကလည်း ထိုးကျလာတယ်။ ကုန် စည်ထုတ်လုပ်မှုက ကျဆင်းသွား တယ်။ အလုပ်ပြုတ်သွားကြသူတွေ ကလည်း အမြောက်အမြား။
ဒီတော့ သမ္မတရဲ့ ဆုံးဖြတ် ချက်တွေက အမေရိကန်စီးပွားရေး ပြန်လည်နာလန်ထူလာဖို့ အတွက် သိပ်ပြီး အရေးပါလာတယ်။
ပြီးတော့ ဒီလိုအချိန်မှာ အမေ ရိကန်စီးပွားရေးကို ကြိုက်သလိုထု ဆစ်ပုံဖော်နိုင်တဲ့ အခွင့်အလမ်း ရ လာနိုင်သေးတယ်။ သူ့အကြံပေး ပုဂ္ဂိုလ်တစ်ဦး ထောက်ပြသလို ပြဿနာကိုအချည်းနှီးမဖြစ်စေသင့် ဘူး။ ဒါက အခွင့်ကောင်း အခါ ကောင်း။
ဒီတော့ အိုဘားမားဟာ ဒီလို အခွင့်အခါကောင်းကို လက်လွတ် ဆုံးရှုံးခဲ့ရတာလား။ လေးနှစ်ကာလ နောက်ပိုင်းမှာ မဲဆန္ဒရှင်တွေ က တော့ ဒီလိုပဲထင်မြင်ယူဆခဲ့ကြ တယ်။ သူ့ရဲ့ စီးပွားရေးစီမံကိန်း ခန့်ခွဲမှုဟာ အနိမ့်ဆုံး rock-bottom ဆိုက်ရောက် သွားခဲ့တယ် လို့ မြင်ကြတယ်။ ဒါဟာ ပြန်လည်ရွေးချယ် ခံရဖို့အတွက် ကြိုးပမ်းနေတဲ့ အိုဘားမားအဖို့ ကျော်လွှားရမယ့် အဓိကအခက် အခဲကြီး တစ်ခုပါပဲ။
ဒါပေမယ့် တကယ်တော့ ပြဿနာနဲ့ စီးပွားရေးကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေကိုကြည့် ရင် အိုဘားမားကို အထင်ကြီး လောက်ပါတယ်။ တစ်ခုပဲပြောစရာ ရှိတယ်။ အိုဘားမားအနေနဲ့ စီးပွား ရေးကို ပြန်လည်ထုဆစ်ပုံဖော်ဖို့ ကြိုးပမ်းချက် ကတော့ လုံးဝအောင် မြင်မှု မရှိခဲ့ဘူး။ အမေရိကန် ပြည် သူ့ဘဏ္ဍာရေးအခြေအနေကလည်း သေမလား၊ ရှင်မလားဆိုတဲ့ အနေ အထားမှာ သောင်တင်နေတုန်းပဲ။
၂ဝဝ၈ခုနှစ် နိုဝင်ဘာလ ရွေး ကောက်ပွဲလုပ်ဖို့ ရက်သတ္တခုနှစ် ပတ်အလိုမှာ ဧရာမရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီး Lehrnan Brothers ပြို လဲသွားခဲ့တယ်။ အမေရိကန်နိုင်ငံ ရဲ့ 'မဟာစီးပွားရေးကျဆင်းမှုကြီး The Great Recession ဟာ အဲဒီ ကစတင်ခဲ့တယ်။ အဲဒီနောက်ပိုင်း AIG ကိုကယ်တင်ခဲ့ရတယ်။ Bank of Ametica နဲ့ Citigrop ဘဏ် ကြီးတွေကိုလည်း ကယ်တင်ရတော့ မယ့် အနေအထား။ ၂ဝဝ၈ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီဟာ ကိုးရာခိုင် နှုန်းလောက် ကျုံ့သွားခဲ့ တယ်။နှစ်ပေါင်း ၅ဝကာလအတွင်း အဆိုးရွား ဆုံးပဲလို့ ထောက်ပြခဲ့ကြတယ်။
အိုဘားမား သမ္မတဖြစ်လာ တော့ ဘုရှ်လက်ထက်က ဘဏ္ဍာ ရေးပြဿနာကို တုံ့ပြန်ရာမှာ ထဲထဲ ဝင်ဝင်လုပ်ကိုင်ဖူးတဲ့ Tim Geit-hner ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ပြီး အခြားသောစီးပွားရေး ကျွမ်းကျင်သူတွေရဲ့ အကြံÓဏ် တောင်းခံ ကာ ပြဿနာ ကို ရင်ဆိုင် ဖြေရှင်းခဲ့တယ်။ Geithner က ဘဏ်တွေလက်ထဲ အရင်းအနှီး ဘယ်လောက်ရှိသလဲ သိရအောင် လို့ ဘဏ်တွေရဲ့ ခံနိုင်အားကို စမ်း သပ်ခဲ့တယ်။ အရင်းအနှီးမတောင့် တင်းတဲ့ဘဏ်တွေကို Troubled Asset Relief Program (TARP) က ငွေထုတ်ချေးတယ်။
ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ယုံ ကြည်မှုရရှိလာပြီး တစ်စတစ်စ အ ခြေအနေကောင်းလာခဲ့တယ်။ ဘဏ်တွေမှာလည်း အရင်း အနှီး တွေဖြည့်တင်းနိုင်ခဲ့ပြီး အခုဆိုရင် TARP ဆီက ချေးယူခဲ့တဲ့ ငွေအား လုံးကို အပြီးအပြတ်ပေးဆပ်နိုင်ခဲ့ ကြပြီးဖြစ်တယ်။ အစိုးရ ကတောင် အမြတ်ရလိုက်သေးတယ်။
အိုဘားမားဟာ ကားထုတ် လုပ်တဲ့ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ General Motors (GM) နဲ့ Chrysler ကျတော့ နည်းလမ်းတစ် မျိုးနဲ့ ဖြေရှင်းခဲ့ရတယ်။ သာမန် အားဖြင့်ဆိုရင် ဒီကုမ္ပဏီနှစ်ခုဟာ ဒေဝါလီခံရပြီး ဖျက်သိမ်းခံရမယ့် အနေအထားမှာရှိတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေကို အစိုးရက ငွေကြေး စိုက်ထုတ်ကယ်တင်တာကို မလုပ် သင့်ဘူးလို့ အများအားဖြင့်မြင်ကြ တယ်။
ဒါပေမယ့် အိုဘားမားက ဒီ ကားကုမ္ပဏီနှစ်ခုမှာ အလုပ်လုပ်နေ ကြတဲ့ အလုပ်သမားတွေများပြား တယ်။ ပြီးတော့ ဒီကုမ္ပဏီတွေ ကို အစိတ်အပိုင်းတွေ ပေးသွင်းနေကြတဲ့ အခြားကုမ္ပဏီသေးသေးကလေး တွေနဲ့ ¤င်းတို့ရဲ့အလုပ်သမားတွေ လည်း အများအပြား ရှိတဲ့အတွက် အကူအညီပေးဖို့ 'မိုက်မိုက်ကန်း ကန်း' ဆုံးဖြတ်ခဲ့တယ်။ ကနဦးမှာ တော့ ဒီကုမ္ပဏီနှစ်ခုကို ဒေဝါလီခံ ခိုင်းတယ်။ ပြီးတော့မှ အစိုးရက ငွေကြေးအကူအညီထုတ်ပေးတယ်။ လအနည်းငယ်အတွင်းမှာ ကုမ္ပဏီ နှစ်ခုစလုံး အခြေအနေပြန်ကောင်း သွားခဲ့ကြပြီး အခုအခါ အမြတ်အ စွန်းတွေတောင် ရလာကြပြီလို့ ဆို တယ်။
အိုဘားမားအနေနဲ့ ထိထိ ရောက်ရောက် အကူအညီမပေးနိုင် ခဲ့တဲ့နေရာတစ်ခုကတော့ အိမ်ရာ ဈေးကွက် house market ဖြစ် တယ်။ အကျိုးရှိရှိနဲ့ အမေရိကန် ဒေါ်လာ၇သန်းနဲ့ ၉သန်းအကြား ထောက်ပံ့ကူညီဖို့ လျာထားခဲ့ပေ မယ့် လက်တွေ့မှာ ဧပြီလအထိ စာ ရင်းအရ ၂.၃သန်းလောက်ပဲ ကူ ညီဖြစ်ခဲ့တယ်။လျာထားသလောက် အကူအညီပေးတယ်ဆိုဦးတော့ ဒါက ဆင့်ပါးစပ်နှမ်းပက် သလောက် ပဲရှိမယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၉ ခုနှစ် အစောပိုင်းကာလ ဘဏ်တွေဆီမှာ အိုးအိမ်ပေါင်နှံ ထားမှု စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်း ငွေကြေးအားဖြင့် အမေရိကန်ဒေါ် လာ ဘီလီယံ ၉ဝဝနီးနီးဟာ ပြန် မဆပ်နိုင်ကြတဲ့ ဘဏ်ြေ<ွကးတွေ ဖြစ်တယ်။
ကျောင်းသုံးဘောဂဗေဒစာ အုပ်က တကယ်လို့ စီးပွားရေးမတိုး တက်ဘဲဖြစ်နေတာကို သမားရိုးကျ ငွေကြေးမူဝါဒ- monetary policy နဲ့ ကုစားလို့မရရင် အခွန်ဘဏ္ဍာမူ ဝါဒ fiscal policy နဲ့ ဆွဲတင်ပါလို့ ဖော်ညွှန်းတယ်။ အခုလည်း အမေ ရိကန်နိုင်ငံမှာ ၁၉၃ဝ နှစ်များက စပြီး ပထမဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးရမယ့် ကိန်း ဆိုက်လာတယ်။ ဒါကြောင့် သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းနဲ့ ပြဿနာ ဖြေရှင်းကြရတော့တယ်။
အမေရိကန်ဗဟိုဘဏ်- Federal Reserve က ကာလတိုအ တိုးနှုန်းကို ၂ဝဝ၈ ဒီဇင်ဘာလမှာ သုညသို့ လျှော့ချခဲ့ပြီး၊ အသစ်စက် စက် ပုံနှိပ်ထားတဲ့ အမေရိကန်ဒေါ် လာငွေစက္ကူတွေနဲ့ အစိုးရထုတ် ရောင်းထားတဲ့ ငွေတိုက်စာချုပ်တွေ bonds ကို ပြန်လည်ဝယ်ယူခဲ့ တယ်။ ဆိုလိုတာက ဘွန်းစာချုပ် တွေကိုပြန်သိမ်းပြီး ငွေတွေကို ဈေး ကွက်ထဲ ပုံအော်ထည့်သွားလိုက် တယ်။ ဒါကို စီးပွားရေးနိုးထရှင် သန်လာအောင်လုပ်တဲ့ စီမံချက် stimulus လို့ခေါ်တယ်။ ကွန်ဆာဗေးတစ်တွေက ဒီစီမံ ချက်အောင် မြင်မှုမရှိဘူးလို့ ပြောခဲ့ပေမယ့် San Francisco Federal Reserve မှ Daniel Wilson က အဲဒီစီမံ ချက်ကြောင့် အလုပ်အကိုင် ၃.၄ သန်းကို ကယ်တင်နိုင်ခဲ့ကြောင်း ထောက်ပြခဲ့တယ်။
ဒီတော့ နိုးထရှင်သန်ရေးအစီ အမံက အောင်မြင်တယ်ဆိုရင် ဘာကြောင့် အမေရိကန်နိုင်ငံ တိုး တက်မလာသလဲ လို့ မေးခွန်းထုတ် စရာဖြစ်လာတယ်။ တကယ်တော့ နိုးထရှင်သန်ရေးအစီအမံရဲ့ ကျေးဇူးကြောင့် စီးပွားရေးကျဆင်းမှုဟာ ၂ဝဝ၉ခုနှစ် အလယ်လောက်မှာ ရပ်တန့်သွားခဲ့တယ်။ ဒါပေမယ့် စီး ပွားရေးတိုးတက်မှုက ဒီနှစ်တွေအ တွင်းမှာ ပျမ်းမျှအားဖြင့် ၂.၂ရာ ခိုင်နှုန်း ပဲရှိတယ်။ အားပျော့လွန်းတယ်။ အချို့ကတော့ စီးပွားရေးကျဆင်းမှုမှ ပြန်လည်နိုးထလာတဲ့အခါမှာ စီးပွားရေးနှေးကွေး တတ်ကြောင်း ထောက်ပြကြတယ်။ Goldman Sachs ကတော့ ပြည် နယ်တွေမှာ ခြိုးခြံချွေတာရေး အစီ အစဉ်တွေလုပ်နေကြလို့ အထနှေး တာပါလို့ ဖော်ညွှန်းတယ်။
အိုဘားမားရဲ့တိုက်ပွဲတစ်ရာ
အိုဘားမားဟာ မျှော်မှန်းချက် ကြီးမားတယ်။ သူ့ကိုယ်သူ လက် တွေ့အကျိုးမျှော်ဝါဒီ- pragmatist တစ်ဦးလို့ ခံယူတယ်။ သူက အမေ ရိကန်စီးပွားရေးကျဆင်းတာကို တိုက်ပွဲတစ်ရာဆင်နွှဲပြီး ဆွဲတင်ဖြစ် ရုံနဲ့ မကျေနပ် မရောင့်ရဲနိုင်ဘူး။





မင်းရွှေမောင်

No comments:

Post a Comment